10/12/2016

♪ တယ်လီနောက ဈေးနှုန်းအသက်သာဆုံး 4G စမတ်ဖုန်းကို မိတ်ဆက် ♫


တယ်လီနောမြန်မာလိမီတက် က T500 4G အမည် နဲ့ စမတ်ဖုန်း အမျိုးအစားသစ်တစ်မျိုးကို ဒီကနေ့မှာ မိတ်ဆက် မိတ်ဆက်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ T500 4G ဟန်းဆက်ကို တယ်လီနောရဲ့ ကိုယ်ပိုင် အရောင်းဆိုင်များ နဲ့ လက်လီဆိုင်များမှာ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပြီး တယ်လီနောအနေနဲ့ T100M၊ T200M၊ T300M၊ T400M နဲ့ T600M ဟန်းဆက်များကိုလည်း အောင်မြင်စွာ မိတ်ဆက်ထားပြီးဖြစ်တယ်လို့ သိရပါတယ် ။

T500 4G ဟန်းဆက်ဟာ မြန်မာနိုင်ငံရဲ့ ဈေးနှုန်းအသက်သာဆုံး 4G ဟန်းဆက်တွေထဲက  တစ်ခုအပါအဝင်ဖြစ်ပြီး သုံးစွဲ သူတွေအတွက် အာမခံ (၁၈) လ ပါဝင်ပါတယ် ။ ဒါ့အပြင် ဝယ်ယူသူတွေအတွက် တစ်လအတွင်း အင်တာနက် ဒေတာ 1GB အခမဲ့ သုံးစွဲခွင့်ကို ၆ လကြာ ရရှိမှာလည်းဖြစ်ပါတယ် ။

T500 4G ဟန်းဆက်ကို ခေတ်ဆန်ပြီး တဲ့ဒီဇိုင်းနဲ့ ပြုလုပ်ထားကာ 2.5D arc glass screen ကိုအသုံးပြုထားပါတယ် ။ 8 Mp နောက်ကင်မရာ နဲ့ 5 Mp ရှေ့ကင်မရာ ကိုအသုံးပြုထားပြီး လူကြိုက်များတဲ့ Champagne Gold နဲ့ Stylish Gray အရောင်နှစ်မျိုး ရရှိနိုင်ပါတယ် ။ မျက်နှာပြင် (၅)လက်မ ၊ 1 GB RAM နဲ့ 8 GB Storage ပါဝင်ပြီး 2700 mAh Li-Polymer အမျိုးအစားကို အသုံးပြုထားပါတယ် ။ ဈေးနှုန်းအနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် အပါအဝင် (၁၁၀,၀၀၀) ကျပ် သာကျ သင့်မှာဖြစ်တယ်လို့ သိရပါတယ် ။

မျက်နှာပြင်မှာ ၅ လက်မကျယ်ပြီး 1 GB RAM ပါရှိသည်။ ဖုန်းတွင်းမှတ်ဥာဏ်ပမာဏ 8 GB အထိ သိမ်းဆည်းနိုင်ပြီး ဘက်ထရီအနေနှင့် မြင့်မားစွာ စွမ်းဆောင်နိုင်သော 2700 mAh Li-Polymer အမျိုးအစားကို အသုံးပြုထားသည်။ အဆိုပါ T500 4G အမျိုးအစား စမတ်ဖုန်း၏ဈေးနှုန်းမှာ ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် ၁၁၀,၀၀၀ ကျပ်သာကျသင့်မည်ဖြစ်သည်။

table-top_a4

“မြန်မာပြည်က ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအကြားမှာ စမတ်ဖုန်းအသုံးပြုမှုနှုန်း မြင့်မားလာသလို မိုဘိုင်းဒေတာ လိုအပ်ချက်မြင့်မားလာတာကိုလည်း ကျွန်တော်တို့က တွေ့မြင်နေရပါတယ်။ လက်ရှိ 2G နဲ့ 3G ဝန်ဆောင်မှုတွေသာမကပဲ 4G ဝန်ဆောင်မှုတွေကိုပါ အသုံးပြုလို့ရတာကြောင့် ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို အပြည့်အဝ ပျော်ရွှင် စိတ်ချမ်းသာအောင် အကူအညီပေးနိုင်မယ့် ဒီ 4G စမတ်ဖုန်းလေးကို မိတ်ဆက်ပေးချင်ပါတယ်။

တန်ဖိုးနည်းပေမယ့် အရည်အသွေးမြင့်မားတဲ့ T500 4G က ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေကို အင်တာနက်ကနေတဆင့် အကျိုးကျေးဇူးတွေ သက်သောင်သက်သာနဲ့ ရရှိခံစားနိုင်မယ့် အတွေ့အကြုံတွေကို ရရှိစေပါလိ့မ်မယ်။” လို့ တယ်လီနောမြန်မာမှ Chief Marketing Officer ဖြစ်သူ Joslin E Myrthong က ပြောကြားခဲ့ပါတယ် ။


Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com