10/02/2016

♪ Candy Crush မှာ Level 10 အောင်ပြီးတဲ့သူတိုင်း Level 2000 ကိုခုန်ပြီးဆော့လို့ရနိုင်မည် ♫


Pokemon Go, Clash Of Clan, Clash Royale ဂိမ်းတွေကို ဆော့ပြီး ယခင်က ဆော့ခဲ့ဖူးတဲ့ ဂိမ်းတစ်မျိုးကို မှတ်မိပါသေးရဲ့လား။ ဟုတ်ပါတယ် Candy Crush Saga ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအနေနဲ့ ယခုအခါ အဓိကမှတ်တိုင် တစ်ရပ်အနေနဲ့ ကစားတဲ့အကြိမ်အရေအတွက် တစ်ထရီလီယံပြည့်မြောက် ခဲ့ကြောင်း ပြောကြားခဲ့ပြီး Candy Crush ရဲ့ မိခင်ကုမ္ပဏီ King ဟာ အမှတ်တရ ပြုလုပ်မှုတစ်ခုအနေနဲ့ အဆင့် (Level) 2000 ကို တန်းဆော့နိုင်မယ့် အစီအစဉ် တစ်ခုကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက ဂိမ်းအနေနဲ့ အထင်ကြီးလောက်စရာ ရရှိမှုအဖြစ် ပလက်ဖောင်းအားလုံးကနေ ဂိမ်းဆော့တဲ့ အကြိမ်အရေအတွက် ၁ထရီလီယံအထိကို ရရှိခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

ဒီအပတ်ထဲမှာ Candy Crush Sega ရဲ့ Level 2000 ပါဝင်တဲ့ Update ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသူတွေအနေနဲ့ အစီအစဉ်အတိုင်း Level 1999 အထိ ပြီးစရာမလိုပါဘူး။ ဒါကြောင့် ကစားသမားတွေဟာ Level 10 ကိုပြီးတာနဲ့ Level 2000 ကို ခုန်ပြီးဆော့နိုင်မှာ ဖြစ်တယ်လို့ King ကအတည်ပြုခဲ့ပါတယ်။

candy-crush-saga2

ဂိမ်းကို Android, iOS နဲ့ Windows ပစ္စည်းတွေမှာ စတင်ရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါကတော့ Candy Crush နဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
  • ယခုရောက်ရှိခဲ့တဲ့ တစ်ထရီလီယံရောက်တဲ့ 1,000,000,000,000 အကြိမ်ရေဟာ ကစားသမားတစ်ဦးအနေနဲ့ ပျမ်းမျှ အကြိမ်ရေ ၁၄၀ ကြိမ်ခန့် ကစားခဲ့ကြတာ ဖြစ်ပါတယ်။
  • Candy Crush Saga ဟာ တနင်္ဂနွေနေ့မှာ အကစားကြဆုံး ပေါ်ပျူလာအဖြစ်ဆုံး ဖြစ်ပါတယ်။
  • Candy Crush Saga ဂိမ်းကို ကစားသမားတွေအနေနဲ့ နေ့စဉ် မိုဘိုင်းဖုန်းပေါ်မှာ ဆွဲပြီး (Swipe) လုပ်တဲ့ အရှည်ဟာ ကမ္ဘာ့အရှည်လျားဆုံး တာဝါကြီးဖြစ်တဲ့ မီတာ ၈၀၀ ကျော်မြင့်တဲ့ Burj Khalifa တာဝါထက် အဆ ၁၄၀,၀၀၀ ပိုမိုရှည်လျားပါတယ်။
  • ဒါကြောင့် ဂိမ်းကို နှစ်စဉ် ဆွဲပြီး Swipe လုပ်တဲ့ အရှည်ကတော့ ကီလိုမီတာပေါင်း ၄၂,၁၉၇,၅၀၀ ကျော်ရှည်ပြီး ဒီအကွာအဝေးဟာ ကမ္ဘာနဲ့ လကို ၅၄ကြိမ်အသွားအပြန် လုပ်လို့ရပါတယ်။
  • ဂိမ်းကို လစဉ်လစဉ်တိုင်းမှာ ကစားတဲ့အကြိမ်ရေ ၁၈ဘီလျံရှိပြီး လူအရောက်အပေါက်နည်းပါးတဲ့ အန္တာတိကတိုက်အပါအဝင် ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီးခုနှစ်တိုက်လုံးကနေ ကစားနေကြတာဖြစ်ပါတယ်။
  • စတင်ကြေငြာခဲ့ချိန်ကစတင်ပြီး ယခုအထိ ချိုချဉ်အလုံးပေါင်း ၃၀၁.၇ထရီလီယံ ခွဲဖျက်ခဲ့ပြီး ဖြစ်ကာ ကာလာဗုံးပေါင်း ၁.၄ထရီလီယံကို Candy Crush Saga ထဲမှာ အသုံးပြုခဲ့ကြပြီး ဖြစ်ပါတယ်။


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com