10/06/2016

♪ မိုဘိုင်းဆက်သွယ်ရေးကွန်ရက် နယ်စွန်နယ်ဖျားအားလုံးကိုပေးရန် စီစဉ်နေဟုဆို ♫


မိုဘိုင်းဆက်သွယ်ရေးကွန်ရက် နယ်စွန်နယ်ဖျားအားလုံးကိုပေးရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

နယ်စွန်နယ်ဖျားဒေသများအားလုံးကို ပေးနိုင်ရန် ယခုလောလောဆယ် Nation Wide Operator သည် Ooredoo,Telenor,MPT,4 Operator ဖြစ်လာမည့် အားလုံးကို တွန်းအားပေးနေကြောင်း၊ အော်ပရေတာ များသည်။

ဆင်းကတ်များများ ရောင်းနိုင်သည့် နေရာများကိုသာ ရောင်းချင်ကြသဖြင့် မိမိတို့က အမြဲတွန်းအားပေးကြောင်း၊ ယင်းတို့ မလုပ်နိုင်ပါက Universal Service Fund ပေးရမည်ဖြစ်ပြီး ၎င်းသည် ၂၀၁၈ ခုနှစ်မှ ရမည်ဖြစ်သောကြောင့် ၂၀၁၈ ခုနှစ်တွင် Total Revenue စုစုပေါင်း ဝင်ငွေ၏ နှစ်ရာခိုင်နှုန်း ရမည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကိုယ်တိုင်ဆောင်ရွက်၍ ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎.၁၀.၂၀၁၆. ရက်နေ့တွင်ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောက်အကျဆုံး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင် နယ်စွန်နယ်ဖျားဒေသအားလုံး ရရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်၊ ဒုံဟီးမြို့နယ်ခွဲတို့တွင် GSM 3G ဖုန်းလိုင်းများအား မည်သည့်အချိန်တွင် အပြီးတပ်ဆင်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ဖြေကြားခဲ့ရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com