8/02/2016

♪ " Xiaomi Mi 5 Pro " Price : 575,000/- ♫


Xiaomi ဟာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းရောင်းချမှုစာရင်းမှာ အကောင်းဆုံးနေရာကပါဝင်နေပြီး တစ်ကမ္ဘာလုံးမှာ နံပါတ် ၅ နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။ ကြီးမားတဲ့အောင်မြင်မှုတွေကြောင့် နာမည်ကြီးနေတဲ့ Xiaomi ဟာ Mi 5 Pro ကို flagship အသစ်တစ်လုံးအနေနဲ့ ထုတ်လုပ်ပေးခဲ့တာတင် မလုံလောက်သေးဘဲ နိုင်ငံတကာကပရိသတ်တွေဆီကိုပါ အရောက်ပေးပို့နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Android OS 6.0 (Marshmallow) ကို အခြေခံထားတဲ့ MIUI 7 ကို run ထားပါတယ်။ Xiaomi Mi 5 Pro ဟာ ၅.၁၅လက်မအရွယ်ရှိပြီး Fingerprint sensor ပါဝင်ပါတယ်။ သတ္တုဘေးဘောင်နဲ့ ကြွေထည်ကျောဘက်ဒီဇိုင်းတို့ကြောင့် 4GB RAM ဟာ အလွန်ခမ်းနားထည်ဝါပြီး မျက်စိကျစရာကောင်းပါတယ်။ 4GB RAM ထည့်သွင်းထားပြီး USB Type C ကို အသုံးပြုနိုင်ပါတယ်။ 4G, WiFi, NFC, Bluetooth စတဲ့ ချိတ်ဆက်မှုတွေပါဝင်ပြီး Infrared sensor ကို ထည့်ထားပါတယ်။ Xiaomi Mi 5 Pro မှာ ဆင်းကတ်နှစ်မျိုးထည့်သွင်းသုံးနိုင်ပြီး Dual SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပါတယ်။

* Design & Build *
Samsung ဒါမှမဟုတ် HTC လိုမျိုးနာမည်ကြီးဖုန်းတွေကို အရည်အသွေးမြင့်ကုန်ကြမ်းပစ္စည်းတွေနဲ့ တည်ဆောက်ထားတဲ့ပုံစံအတိုင်း Xiaomi ဟာ Mi 5 Pro ရဲ့ဒီဇိုင်းကို အကောင်းဆုံးဖန်တီးပြုလုပ်ပေးခဲ့ပါတယ်။ Samsung ရဲ့ flagship Galaxy S7 ဒီဇိုင်းအလား Mi 5 Pro ဟာ ထင်ရပါတယ်။ Xiaomi Mi 5 Pro ကို သတ္တုအိမ်နဲ့တည်ဆောက်ထားပြီး 3D glass နဲ့ ကျောဘက်ကိုဖုံးအုပ်ထားပါတယ်။

ဘေးဘောင်နှစ်ဖက်ကို ကျောဘက်သို့ကွေးညွတ်ထားတဲ့ဒီဇိုင်းဖြစ်ပြီး လက်ထဲမှာ အဆင်ပြေပြေကိုင်သုံးနိုင်သလို အလွန်ကြည့်ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ရှေ့ဘက်မှာ Home ခလုတ်ကို Samsung Style ပုံစံမျိုးထည့်သွင်းထားပြီး Home button မှာ fingerprint အသုံးပြုနိုင်တဲ့ feature ပါဝင်ပါတယ်။ Xiaomi Mi 5 Pro မှာ အဖြူ၊ အနက်၊ ရွှေရောင်သုံးမျိုးရှိပါတယ်။ (69.2×144.55×7.25)mm အရွယ်အစားရှိပြီး ကျောဘက်ကို ဖန်သားနဲ့တည်ဆောက်ထားပေမယ့် ၁၂၉ အလေးချိန်နဲ့ အတော်လေးကို ပေါ့ပါးနေပါတယ်။

Mi 5 Pro ကျောပြင်ကြွေထည်ပစ္စည်းလို ပြောင်လက်ချောမွေ့နေပြီး အစင်းရာခြစ်ရာဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ဒီဇိုင်းပြုလုပ်ထားပါတယ်။ Samsung Galaxy S7 နဲ့ Mi 5 Pro ဟာ တူညီနေပေမယ့် S7 ထက် Mi 5 Pro ဟာ ပိုမိုပေါ့ပါးပါတယ်။ ကင်မရာအခုံးကိုလည်း ကျောဘက်မှာမတွေ့ရဘဲ iPhone အတိုင်း ဘေးထောင့်နေရာမှာ တပ်ဆင်ထားပါတယ်။
* Display *
Mi 5 အတိုင်း ၅.၁၅ လက်မအရွယ် Display ပါဝင်တဲ့အချက်ဟာ Galaxy S7, LG G5 တို့နဲ့ကွဲပြားနေပြီး 1080×1920 pixels Full HD ရုပ်ထွက် အရည်အသွေးနဲ့ Pixel သိပ်သည်းဆ 427ppi ထိ ပါရှိပါတယ်။ Full HD Lamination Display ကြောင့် ရုပ်ထွက်ပိုင်းကို အပြတ်သားဆုံးနဲ့ အကောင်းဆုံးပံ့ပိုးပေးနိုင်ပါတယ်။ Mi 5 Pro မှာ Infrared Sensor ထည့်သွင်းထားပြီး IR blaster အသုံးပြုနိုင်ပါတယ်။

* Operating System and Camera *
MIUI 7 ကို Android OS 6.0 (Marshmallow) မှာ အခြေခံထားပါတယ်။ ဖုန်းရဲ့ပင်မကင်မရာအတွက် 16MP Sony ကင်မရာကိုအသုံးပြုထားပြီး dual-tone flash နဲ့ တွဲဖက်ထားပါတယ်။ ကျောဘက်ကင်မရာမှာ phase detection autofocus နဲ့ 4-axis OIS တို့ပါဝင်ပါတယ်။ 4K ဗီဒီယိုကိုရိုက်ကူးနိုင်ပြီး iPhone 6s Plus နဲ့ Samsung Galaxy S6 တို့နဲ့ယှဉ်နိုင်အောင် ဗီဒီယိုတွေအတွက် IOS နည်းပညာကိုသုံးနိုင်ပြီး ရှေ့ဘက်မှာ 4MP ကင်မရာကို 2 micron pixel အရွယ်အစားနဲ့ထည့်သွင်းထားပါတယ်။

* Performance *
Mi 5 Pro ရဲ့ စွမ်းဆောင်ရည်အားအတွက် အကောင်းဆုံး Qualcomm Snapdragon 820 ကိုထည့်သွင်းပေးထားပြီး Pro version မှာ 4GB RAM ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pro မှာ ဖုန်းတွင်းသိုလှောင်မှုပမာဏ 128GB ပါရှိပြီး misroSD ကတ် slot တော့ မပါဝင်ပါဘူး။ 2.15GHz မြန်နှုန်းရှိ Quick Charge 3.0 နည်းပညာကြောင့် အားသွင်းချိန်အလွန်မြန်ဆန်ပြီး 3000mAh ဘက်ထရီကိုသုံးစွဲထားပါတယ်။

Specification
Display : 5.15 inches, Full HD Lamination Display
Memory : 128 GB, 4 GB RAM
Camera : 16Megapixel, dual-tone flash, phase detection autofocus OS : Android OS, v6.0.1 (Marshmallow)
Phone : 01-224502 (CTM)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com