8/02/2016

♪ ဈေးနှုန်းချိုသာတဲ့ “Singtech Infinity L2” ♫


Gesture စနစ်များသည်လည်းနောက်ဆုံးဖုန်းများတွင် မပါမဖြစ်သော အရာ တစ်ခုပါ။ အခု L2 တွင်လည်း Gesture (ဖုန်း၏ App များကို ၀င်တဲ့အခါ ပိုမိုလွယ်ကူစေခြင်း) နည်းပညာ ပါဝင်အောင် ဆောင်ရွက်ပေး ထားပါတယ်။ ဖုန်းများကိုရွေးချယ်ဝယ်ယူသည့်အခါတွင် အချို့သောသူတွေက ထုတ်လုပ်ရာ နိုင်ငံကိုလေ့လာ စမ်းစစ်ကြပါတယ်။

Singtechဖုန်းကတော့ စင်္ကာပူအမှတ် တံဆိပ်ဖြစ်ပါတယ်။ L2 ဟာဆင်းကတ်(၂)ကတ်လည်း ထည့်သွင်းအသုံးပြု နိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် ဆင်းကတ်(၂)ကတ် ကိုင်ဆောင်သူများ၊ လုပ်ငန်းနှင့် ကိုယ်ရေးကိုယ်တာခွဲခြား၍ ဖုန်းအသုံးပြုသူ များအဆင်ပြေစေပါလိမ့်မယ်။ ဖုန်းမျက်နှာပြင်အတွက် IPS Display ကို အသုံးပြုပေးထားပါတယ်။

မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inches ရှိခြင်း ကြောင့် မြင်ကွင်းကျယ်သောဖုန်းဖြစ်ပါတယ်။ ဖုန်းကို ကြည့်ရှုအသုံးပြုသည့် အခါတွင် ပုံရိပ်ကောင်းများခံစားနိုင်စေဖို့အတွက်လည်း 720×1280 pixels ပမာဏနဲ့ထောက်ပံ့ပေးထားပါတယ်။ ဖုန်းရဲ့အရွယ်အစားပမာဏကတော့ 140×69×7.5 mm ဖြစ်ပါ တယ်။ ဘက်ပေါင်းစုံမှ ဓာတ်ပုံရိုက်ကူးနိုင်စေဖို့ အတွက်လည်းကင်မရာနှစ်မျိုးနှစ်စားထည့်သွင်းပေး ထားပါတယ်။

အဓိကကင်မရာသည် 13MP စွမ်းရည်ရှိပြီးရှေ့ကင်မရာငယ်ကတော့ 2MP စွမ်းရည်ပါ။ ပြုပြင်ပြောင်းလဲမှု မရှိဘဲနဲ့ ဓာတ်ပုံများကိုအလှဆုံးဖန်တီး ပေးနိုင် ပါတယ်။ မှတ်ဥာဏ်ပမာဏပိုင်းနှင့်ပတ်သက်၍လည်းRAM ကို1GB ထည့်သွင်း ပေးထားပြီး Internal Storage တွင် 8GBပါရှိအောင် ဆောင်ရွက်ပေးထားပါ တယ်။ USB, WiFi, Bluetooth စနစ်များကိုလည်းထောက်ပံ့ပေးထားပါတယ်။

အသုံးပြုနိုင်မယ့် Android Version ကတော့ Lollipop ပါ။ ပါရှိသော CPU ရဲ့စွမ်းရည်မှာ MTK 6735P Quad-core 1.3 GHz ဖြစ်ခြင်းကြောင့် ဖုန်းကို အသုံးပြုသည့်အခါတွင် လျင်မြန်သောတုံ့ပြန်မှု များကိုပေးစွမ်းပါလိမ့်မယ်။ ဘက်ထရီအမျိုးအစားကတော့ 2400 mAh ဖြစ်ပါတယ်။

<Specification>
Network - 2G, 3G, 4G
Screen - 5 inches
Memory - 8 GB
Bluetooth - Yes
CPU - Quad Core 1.3GHz
OS - Android OS,v5.1
Contact - 09-253380008
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com