ဆွစ်ဇာလန်နိုင်ငံ၊ ဘေဆယ်လ်မြို့က ပိုကီမွန်ရဲ့ ပီကာချူးပုံစံဝတ်ထားတဲ့
အဖွဲ့တစ်ဖွဲ့ဟာ Pokemon Go ကစားတဲ့သူတွေကို ပြန်လည်လက်စားချေတဲ့
အစီအစဉ်တစ်ခုပြုလုပ်နေပါတယ်။ အဲ့ဒါကတော့ အဲ့ဒီအဖွဲ့အနေနဲ့ ဘေဆယ်မြို့ထဲမှာ
ရှိနေတဲ့ Pokemon Go ကစားတဲ့သူတွေကို ပြန်လည် လက်စားချေတဲ့
အစီအစဉ်ပဲဖြစ်ပါတယ်။
ဒီဗီဒီယိုကို YouTube ပေါ်မှာ တင်ခဲ့တာဖြစ်ပြီး ဗီဒီယိုထဲမှာ ဝတ်စုံဝတ်ထားတဲ့ အဖွဲ့ဟာ “Pokemon taking revenge” ဆိုတဲ့ခေါင်းစဉ်နဲ့ Pokemon Go ဂိမ်းကို စမတ်ဖုန်းနဲ့ ကစားတဲ့သူတွေကို လူအရွယ်အစားလောက်ရှိတဲ့ Pokeball တွေနဲ့ လိုက်လံပစ်ပေါက်ပြီး လူတွေကို ပြန်ဖမ်းတဲ့ ပုံစံပြုလုပ်ခဲ့ကြတာပါ။
အဲ့ဒီလိုပစ်ဖိုအတွက် အဖွဲ့အနေနဲ့ ဘောလုံးနဲ့ အရွယ်အစားတူညီတဲ့ လောက်လေးတစ်ခုကိုလည်း ယူဆောင်လာတာဖြစ်ပြီး ကြီးမားတဲ့ဘောလုံးတွေနဲ့ မမျှော်လင့်ထားတဲ့အချိန်၊ Pokemon Go ထဲမှာ အကောင်တွေဖမ်းဖို့ မဲနေတဲ့အချိန်မှာ အချိန်ကိုက် ပစ်ပေါက်ကြတာဖြစ်ပါတယ်။
ဒီလိုပစ်ပေါက်ကြလို့ ဒေါသထွက်တဲ့သူတွေရဲ့ ပုံစံတွေ၊ အပစ်ခံရမှာစိုးလို့ အသဲအသန်ပြေးနေကြတဲ့ လူတွေရဲ့ပုံစံတွေက အွန်လိုင်းပရိတ်သတ်ကို ပွဲကျစေခဲ့ပါတယ်။ ဒီဗီဒီယိုကို အွန်လိုင်းပေါ်မှာ တင်လိုက်တဲ့အခါ ကြည့်ရှုသူ သန်း၅၀ကျော်ခဲ့ပြီး YouTube မှာတော့ ကြည့်ရှုသူ ၂.၆သန်းကျော်ရှိခဲ့တာပါ။

www.pyaephyo.com