8/19/2016

♪ Oppo F1s အတွက် အထွေထွေ ထုတ်ကုန် အမေးအဖြေ Part I ♫

oppo f1s

I. ကင်မရာနဲ့ ဓာတ်ပုံပညာ
1. ကျွန်တော်တို့သိကြတဲ့အတိုင်း F1s ရဲ့ အရှေ့ဘက်ကင်မရာက 16 megapixels ဖြစ်ပြီးတော့ ကျောဘက်ကင်မရာက 13 megapixels ဖြစ်ပါတယ်။ ဘာကြောင့် သူတို့ရဲ့ megapixels အရေအတွက်က ပြောင်းပြန်ဖြစ်နေရတာလဲ။

အဖြေ : ကင်မရာတစ်ခုရဲ့ အရည်အသွေးကို megapixels အရေအတွက်နဲ့ မဆုံးဖြတ်သင့်ပါဘူး။ ကျွန်တော်တို့က သုံးစွဲသူတွေရဲ့ ကြည်လင်ပြတ်သားတဲ့ selfie တောင်းဆိုမှုတွေနဲ့ ကိုက်ညီအောင် ထောက်ပံ့ပေးဖို့ အာရုံစိုက်ခဲ့တာပါ။ F1s ရဲ့ အရှေ့ဘက်ကင်မရာမှာ 16 megapixels သာမကပါဘူး၊ OPPO ရဲ့ ဆင့်ကဲတိုးတက်ပြောင်းလဲနေတဲ့ စနစ်တွေပါဝင်ပါတယ်။ ဒီတိုးတက်မှုတွေက F1s ရဲ့ အရှေ့ဘက်ကင်မရာကို F1 နဲ့ နှိုင်းယှဉ်ရာမှာ အတော့်ကို ထင်ရှားသိသာစေပါတယ်။ နောက်ပြီး ဒါဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူစစ်တမ်းကနေ လက်ခံရရှိတဲ့ တုံ့ပြန်ချက်တွေကို အခြေခံပြီး ဆောင်ရွက်ထားတဲ့ အတွေ့အကြုံတစ်ရပ်ဖြစ်ပါတယ်။

2. F1 Plus မှာ pixel rearrangement နည်းပညာကို အသုံးပြုထားတယ်လို့ သိရပါတယ်။ ဒါကို F1s မှာ ဆက်သုံးထားသလား။ Pixel rearrangement နည်းပညာရဲ့ အသေးစိတ်ဖော်ပြချက်ကို ပြောပြနိုင်မလား။ F1s ရဲ့ ကင်မရာက F1 Plus နဲ့ အတူတူပဲလား။

အဖြေ : ဟုတ်ပါတယ်။ ဒီနည်းပညာကို F1s မှာ ဆက်သုံးထားပါတယ်။ ကျွန်တော်တို့ရဲ့ နည်းပညာကို
လျှို့ဝှက်ထားလိုတဲ့ သဘောသဘာဝအရ အနီးစပ်ဆုံးပဲရှင်းပြပေးနိုင်ပါတယ်။ ကျွန်တော်တို့က အလင်းပမာဏ သိသိသာသာ တိုးမြှင့်စေနိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကြီးမားတဲ့ pixel တွေကြောင့် ပိုမိုကောင်းမွန်တဲ့ sensitivity, dynamic range အပြင် ကောင်းမွန်တဲ့ အရောင်ထုတ်လုပ်မှုနဲ့ digital noise လျှော့ချမှုစတဲ့ အကျိုးကျေးဇူးတွေရရှိပါတယ်။ အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်။

3. လက်ရှိ 13 megapixels က ကျောဘက်ကင်မရာရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သလား။ R7 စီးရီးတွေနဲ့ နှိုင်းယှဉ်ရင် F1 စီးရီးတွေရဲ့ ကျောဘက်ကင်မရာက ပိုမကောင်းသလိုပဲ။ ဒါကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ။ F စီးရီးတွေက ဓာတ်ပုံရိုက်ကူးမှုအပေါ်မှာ အာရုံစိုက်လာတဲ့နောက် OPPO အနေနဲ့ အသစ်ထွက်မယ့် ထုတ်ကုန်မှာ dual-lens ဒီဇိုင်းလို နည်းပညာသစ်အချို့ကို အသုံးပြုဖို့ရှိသလား။

အဖြေ : ကျောဘက်ကင်မရာနဲ့ပတ်သက်ပြီးဆိုရရင် ယနေ့ခေတ်မှာ 13 megapixels ဟာ အလယ်အလတ်နဲ့ စွမ်းဆောင်ရည်မြင့် ထုတ်ကုန်တွေရဲ့ စံသတ်မှတ်ချက်ဖြစ်ပါတယ်။ ဒါပေမဲ့ R7 နဲ့နှိုင်းယှဉ်ရင် ကျွန်တော်တို့က F1s ရဲ့ ပုံရိပ်ဖမ်းယူမှုအတွေ့အကြုံကို ပိုကောင်းအောင် ပြုလုပ်ထားပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အသစ်စက်စက် ColorOS3.0 နဲ့အတူ ပုံရိပ်ဖမ်းယူမှုစနစ်များနဲ့ ကင်မရာလုပ်ဆောင်ချက်တွေကို သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် အကောင်းဆုံးလုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေထံ ပိုကောင်းတဲ့ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ထောက်ပံ့ပေးနိုင်ဖို့အတွက် နည်းပညာသစ်တွေ ဖွံ့ဖြိုးတိုးတက်စေရန်နဲ့ လက်ရှိနည်းပညာတွေ ပိုကောင်းလာစေရန်အတွက် ဆက်လက်လုပ်ဆောင်သွားပါ့မယ်။
  1. Beautify 4.0 ကို အရှေ့အာရှက မျိုးနွယ်စုတွေပဲ အသုံးပြုနိုင်တာလား။ ဒီလုပ်ဆောင်ချက်ကို ပိုကောင်းအောင် ဆောင်ရွက်တဲ့အခါမှာ အခြားဈေးကွက်တွေက တောင်းဆိုမှုတွေကို OPPO က ထည့်သွင်းစဉ်းစားခဲ့သလား။ ဥပမာအချို့ပေးနိုင်မလား။
    အဖြေ : ၂၀၁၄ ခုနှစ်ကစပြီး OPPO က နိုင်ငံတကာဈေးကွက်ချဲ့ထွင်မှုကို အားသွန်ခွန်စိုက် စတင်လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ထုတ်ကုန်နဲ့ ပုံရိပ်ဖမ်းယူမှုအဖွဲ့တွေဟာ အရှေ့တောင်အာရှ၊ တောင်အာရှနဲ့ အခြားဈေးကွက်တွေက သုံးစွဲသူတွေရဲ့ တောင်းဆိုမှုများကို တက်ကြွစွာ လေ့လာခဲ့ကြပါတယ်။ သုံးစွဲသူ သန်းပေါင်းများစွာရဲ့ စစ်တမ်းကို အခြေခံပြီးတော့ ကျွန်တော်တို့က သဘာဝကျပြီး လှပတဲ့ဓာတ်ပုံတွေကို အနုစိတ်ကျတဲ့ လုပ်ဆောင်ချက်တွေ၊ အတွင်းစိတ်ကိုပေါ်လွင်စေတဲ့ မျက်လုံးတွေနဲ့ရိုက်ကူးနိုင်မယ့် Beautify 4.0 ကို အဆင့်မြှင့်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ အိန္ဒိယနိုင်ငံမှာရှိတဲ့ အလှအပဆိုင်ရာနှစ်သက်သဘောကျမှုတွေနဲ့ပတ်သက်ပြီးလည်း စစ်တမ်းတွေကောက်ယူခဲ့ပါတယ်။ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် selfie လုပ်ဆောင်ချက်တွေကိုလည်း များမကြာမီ အနာဂတ်မှာ ဖြန့်ချိပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။
  2. အနောက်တိုင်းက သုံးစွဲသူတွေမှာ အလှအပအတွက် လိုအပ်ချက်အများကြီး မရှိပါဘူး။ ဒါကို ခင်ဗျား ဘယ်လိုမြင်ပါသလဲ။
    အဖြေ : OPPO က ပြီးခဲ့တဲ့နှစ် America’s Next Top Model (ANTM) ကို ထောက်ပံ့ပေးတုန်းက မော်ဒယ်တွေဟာ N3 ပေါ်က filter တွေနဲ့ ပတ်သက်ပြီး အရမ်းကို စိတ်အားထက်သန်ခဲ့ကြသလို ဓာတ်ပုံတွေလည်း အများကြီးရိုက်ခဲ့ကြပါတယ်။ လက်ရှိမှာ OPPO ဟာ ဥရောပမှာ အွန်လိုင်းရောင်းချမှုစနစ်ကိုပဲ လုပ်ဆောင်နေသေးပေမယ့် အဲ့ဒီက သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို သတိပြုမိပါတယ်။ ဈေးကွက်တိုင်းက သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ပစ်မှတ်ထားဆောင်ရွက်သွားမှာပါ။
  3. iPhone မှာ Retina Flash ပါတာကို ကျွန်တော်သိထားပြီး ဖြစ်ပါတယ်။ Samsung ကလည်း ဒီနှစ်မှာ Selfie Flash ကို မိတ်ဆက်ခဲ့ပါတယ်။ OPPO ကလည်း ဒီလမ်းကြောင်းအတိုင်းလိုက်ပြီး Screen Flash ကို အဆင့်မြှင့်တင်ပေးထားပါသလား။
    အဖြေ : ကျွန်တော်တို့ဟာ Beautifyလုပ်ဆောင်ချက်နဲ့ ကင်မရာလှည့်ခြင်းလိုမျိုး လုပ်ငန်းအခက်အခဲပြဿနာအချို့ကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ Screen Flash လည်း ပါဝင်ပါတယ်။ အလင်းနည်းတဲ့နေရာတွေမှာ selfie ရိုက်ကူးဖို့အတွက် screen ကို အသုံးပြုပြီး ထပ်ဆောင်းအလင်းထောက်ပံ့ပေးမယ့် လုပ်ဆောင်ချက်ကို R7 နဲ့အတူ ၂၀၁၅ ခုနှစ် မေလမှာ ဖြန့်ချိပေးခဲ့ပါတယ်။ ဒါဟာ စမတ်ဖုန်းလုပ်ငန်းမှာ ပထမဆုံးဖြစ်ပါတယ်။ ခုနက ကျွန်တော်ပြောခဲ့သလိုပဲ OPPO အနေနဲ့ ပိုကောင်းတဲ့ ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ထောက်ပံ့ပေးနိုင်ဖို့ အမြဲကြိုးပမ်းနေပါတယ်။ နည်းပညာသစ်တွေအပေါ်မှာလည်း လေ့လာမှုတွေပြုလုပ်နေသလို လက်ရှိနည်းပညာတစ်ခုချင်းစီကိုလည်း အဆင့်မြှင့်နိုင်အောင်ကြိုးပမ်းနေပါတယ်။
II. ဒီဇိုင်း၊ အသွင်အပြင်နှင့် အရည်အသွေး
1. F1s ရဲ့ အသွင်အပြင်ဟာ iPhone နဲ့ ဆင်တူပါတယ်။ ColorOS 3.0 ရဲ့UI ဒီဇိုင်းကလည်း အတူတူပါပဲ။ သုံးစွဲသူတွေရဲ့ သံသယကို ဘယ်လိုများဖြေရှင်းချင်ပါသလဲ။
အဖြေ : အရွယ်အစား ပုံစံအမျိုးမျိုးရှိခဲ့တဲ့ feature ဖုန်းခေတ်နဲ့မတူတာက စမတ်ဖုန်းခေတ်မှာ hardware ဒီဇိုင်း တူညီတာမျိုးတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ ခက်ခဲရှုပ်ထွေးတဲ့ အတွင်းအစိတ်အပိုင်းတွေနဲ့ သုံးစွဲသူဝယ်လိုအား မြင့်တက်လာမှုက စမတ်ဖုန်းဒီဇိုင်းတွေကို ပိုမိုကောင်းမွန်လာစေပါတယ်။ ဒါ့အပြင် ကောင်းမွန်တဲ့ အလေ့အထတွေကိုလည်း စမတ်ဖုန်းလုပ်ငန်းရဲ့ အရေးပါသူတွေက ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ လတ်တလော တီထွင်ဆန်းသစ်မှုနဲ့ ခြားနားချက်က အနုစိတ်လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး အလေးပေးအာရုံစိုက်မှုအပေါ်မှာ အရင်းခံထားတာဖြစ်ပါတယ်။ ဥပမာဆိုရရင် screen-to-body အချိုးအစားက ဘယ်လောက်ကြီးသလဲ၊ လက်ထဲမှာ ကြာရှည်ကိုင်တွယ်အသုံးပြုတဲ့အခါ ဘယ်လောက်သက်သောင့်သက်သာရှိသလဲ၊ လက်ဗွေဖတ်စနစ်က ဘယ်လောက်လျင်မြန်ပြီး အဆင်ပြေသလဲ စတာတွေက ကျွန်တော်တို့ အာရုံစိုက်လုပ်ဆောင်တဲ့အရာတွေ ဖြစ်ပါတယ်။ OPPO မှာ အဲ့ဒီလို အနုစိတ်တဲ့အရာတွေအတွက် ဒီဇိုင်းစံသတ်မှတ်ချက် ရာပေါင်းများစွာရှိပါတယ်။ ဥပမာအနေနဲ ဒီဇိုင်းဖွဲ့စည်းတည်ဆောက်မှုမှာတင် စည်းမျဉ်းစည်းကမ်း ၈၂၂ ချက် ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးသုံးစွဲမှု အတွေ့အကြုံကို သုံးစွဲသူများထံ ထောက်ပံ့ပေးနိုင်ဖို့အတွက် အသေးစိတ်ကျတဲ့အရာတိုင်းကို အာရုံစိုက်လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

ColorOS မှာဆိုရင် ကျွန်တော်တို့က လျင်မြန်တည်ငြိမ်ပြီး လွယ်ကူစွာအသုံးပြုနိုင်မယ့် စနစ်တစ်ခုကို တည်ဆောက်ဖို့အတွက် အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော် အလေးထားပြောကြားခဲ့သလိုပဲ စနစ်တစ်ခုလုံးဟာ ပေါ့ပါးပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေ လိုအပ်တဲ့အရာဖြစ်ပြီး အဲ့ဒီလိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် UI ကို ဒီဇိုင်းဆွဲခဲ့ပါတယ်။ သေးသွယ်ပါးလျတဲ့ စာလုံးတွေကနေ အရောင်ဖျော့တဲ့ ကာလာတွေအထိ ColorOS 3.0 ရဲ့အရာအားလုံးဟာ ပေါ့ပါးပြီး အလွယ်တကူအသုံးပြုနိုင်စေမယ့် ခံစားချက်မျိုးကို ပေးစွမ်းထောက်ပံ့ထားတာဖြစ်ပါတယ်။
2. F1s မိုဘိုင်းဖုန်းတွေကို အသုံးပြုတဲ့အခါ ကျောဘက်မှာ သတ္တုနဲ့တူတဲ့ တောက်ပတဲ့ မျဉ်းကြောင်းနှစ်ခုကို တွေ့ပါတယ်။ ဒါဟာ OPPO အနေနဲ့ သေးသွယ်တဲ့မျဉ်းကြောင်းအတွင်းမှာ အင်တာနာထည့်သွင်းနိုင်တဲ့ နည်းပညာပိုင်ဆိုင်နေပြီလို့ ဆိုလိုတာလား။ ဒါမှမဟုတ် F1s က သတ္တုဒီဇိုင်း မဟုတ်တာလား။ တကယ်လို့ အင်တာနာအတွက် မဟုတ်ဘူးဆိုရင် ဒီလိုင်းတွေကို ဘာရည်ရွယ်ချက်နဲ့ ထည့်သွင်းထာတာလဲ။

အဖြေ : အထူးကောင်းမွန်တဲ့ ဒီဇိုင်းဆိုတာဟာ ကျွန်တော်တို့ ထုတ်ကုန်ရဲ့ feature တစ်ခုဖြစ်သလို ကျွန်တော်တို့ မရမကတောင်းဆိုထားတဲ့ စည်းကမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လတ်တလော တီထွင်ဆန်းသစ်မှုနဲ့ ခြားနားချက်က အနုစိတ်လုပ်ဆောင်မှုအပေါ် အာရုံစိုက်ခြင်းရဲ့ ရင်းမြစ်ဖြစ်ပါတယ်။ ဒီသတ္တုနဲ့တူတဲ့ လိုင်းတွေရဲ့ ဒီဇိုင်းက အနုစိတ်လုပ်ဆောင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါဟာ ဖုန်းကိုလက်ထဲမှာကိုင်ဆောင်ထားတဲ့အခါ ဖုန်းတစ်ခုလုံးကို အရောင်လက်နေစေအောင် ရည်ရွယ်ပြုလုပ်ထားတာဖြစ်ပါတယ်။
  1. အရင် OPPO ဖုန်းတွေမှာ လက်ဗွေဖတ်စနစ်ကို ကျောဘက်မှာ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ F1 Plus နဲ့ F1s မှာကျတော့ အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။ ဘာကြောင့်ပါလဲ။ Screen အရွယ်ကြီးမားတဲ့ ဖုန်းမှာ လက်ဗွေခလုတ်ကိုနှိပ်တဲ့အခါ ဖုန်းကို တည်ငြိမ်စွာကိုယ်တွယ်ဖို့ ခက်ခဲတယ်လို့ ထင်ပါသလား။ F1s ရဲ့ ရှေ့ဘက်လက်ဗွေ ဖတ်ခလုပ်က Samsung နဲ့ တခြားသောဖုန်းတွေရဲ့ လက်ဗွေဖက်ခလုပ်နဲ့သွားပြီးဆင်နေပါတယ်။ ဒီကိစ္စအပေါ် ဘယ်လိုမြင်ပါသလဲ။
    အဖြေ : ကျွန်တော်တို့ရဲ့ ဒီဇိုင်းဆုံးဖြတ်ချက်တွေအားလုံးအရ ကျယ်ပြန့်တဲ့ သုံးစွဲသူ လေ့လာတွေ့ရှိချက်နဲ့ စမ်းသပ်ချက်တွေအပေါ်မှာအခြေခံပြီး ကျွန်တော်တို့ရဲ့လက်ဗွေဖတ်ခလုပ်ထားရှိမယ့်နေရာနဲ့ခလုပ်ပုံစံတို့ ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဖုန်းကို စားပွဲပေါ် တင်ထားတဲ့အခါမျိုးမှာ ဖုန်းကို unlock လုပ်နိုင်ဖို့အတွက် F1s ရဲ့အရှေ့ဘက်မှာ လက်ဗွေစနစ်ကို ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခလုတ်ရဲ့ပုံသဏ္ဌာန်အတွက်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထည့်သွင်းစဉ်းစားမှုများစွာ လုပ်ခဲ့ရပါတယ်။ ပထမဆုံးအနေနဲ့ screen-to-body အချိုးကို မြင့်နိုင်သမျှမြင့်အောင် ထိန်းထားဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် iPhone မှာတွေ့ရသလိုမျိုး အ၀ိုင်းပုံစံခလုတ်အတွက် နေရာမရှိတော့ပါဘူး။ ဒုတိယအနေနဲ့ လက်ဗွေဖတ်စနစ်အတွက် ဧရိယာကို ကြီးနိုင်သမျှကြီးအောင် လုပ်ဖို့ဆန္ဒရှိတဲ့အတွက် အလျားရှည်ထောင့်မှန်ပုံသဏ္ဌာန်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီပုံသဏ္ဌာန်ကို ကျွန်တော်တို့က N3 မှာကတည်းက အသုံးပြုခဲ့တာပါ။ ဒါဟာ လူတွေရဲ့ လက်ချောင်းတွေနဲ့ အတော့်ကို အံဝင်ခွင်ကျဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ Sensor အတွက်လည်း အလွန်တိကျတဲ့ရလဒ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ တတိယအနေနဲ့ ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့ ပုံသဏ္ဌာန်က သုံးစွဲသူအများစု ကျေနပ်နှစ်သက်တဲ့အရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
  2. အရှေ့ဘက်မှာပါဝင်တဲ့ လက်ဗွေခလုတ်တွေက အလွယ်တကူ ကျိုးပဲ့လွယ်ပါတယ်။ အကြိမ်ပေါင်းများစွာ နှိပ်ပြီးတဲ့အခါမှာ ခလုတ်က အထဲကိုနစ်ဝင်သွားပြီး အပေါ်ကို ပြန်တက်မလာတော့ပါဘူး။ F1s မှာရော ဒီလိုပြဿနာတွေ ရှိပါသလား။
    အဖြေ : OPPO မှာ ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်ခုလုံးအတွက် တင်းကျပ်တဲ့ စီမံခန့်ခွဲမှုရှိပါတယ်။ ကုန်ကြမ်းဝယ်ယူတာကနေ အလုံးအရင်းထုတ်လုပ်သည်အထိ ထုတ်ကုန်ဟာ တင်းကျပ်တဲ့ စမ်းသပ်မှု အဆင့်၃၉၀ ကို ဖြတ်ကျော်နိုင်ဖို့လိုပါတယ်။ ဒါဟာ စမတ်ဖုန်းလုပ်ငန်း စံသတ်မှတ်ချက်တွေထက် ပိုမိုတင်းကျပ်ပါတယ်။ ဥပမာအနေနဲ့ F1s ရဲ့ လက်ဗွေခလုတ်ဟာ QE (quality engineering) စမ်းသပ်ခန်းအရ အကြိမ် တစ်သန်း နှိပ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်နေ့ကို အကြိမ် ၃၀ နှိပ်မယ်ဆိုရင် အကြိမ် တစ်သန်းပြည့်ဖို့အတွက် နှစ် ၁၀၀ အသုံးပြုရမှာဖြစ်ပါတယ်။ ထုတ်ကုန်က ဒီစမ်းသပ်မှုအားလုံးကို ဖြတ်ကျော်နိုင်တဲ့အခါမှာ အချောသတ်အမြောက်အများထုတ်လုပ်မှုကို စတင်ပါတယ်။
  3. ဘယ်ဘက်နဲ့ ညာဘက်မှာ capacitive ခလုတ်တွေ ဆက်သုံးထားတာကိုတွေ့ရတယ်။ ဒါပေမဲ့ သူတို့တွေကို သိသာသာ မပြသထားဘူး။ OPPO အနေနဲ့ capacitive ခလုတ်တွေကို ဖုံးကွယ်ချင်တာလား။ ဘာလို့ ဒီခလုတ်နှစ်ခုကို တိုက်ရိုက်မဖျက်ဘဲ ဆက်သုံးတာလဲ။
    အဖြေ : ကျွန်တော်တို့စဉ်းစားဆုံးဖြတ်နိုင်စေဖို့အခြေခံအဖြစ် ဈေးကွက်တိုင်းက ဒေသခံသုံးစွဲသူတွေရဲ့အလေ့အထိကိုရယူခဲ့ပြီး သုံးစွဲသူတွေအနေနဲ့ လုပ်ဆောင်ချက်တွေရဲ့ အပြောင်းအလဲသစ် အများအပြားကို လေ့လာရာမှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါကြောင့်သုံးစွဲသူတွေအနေနဲ့ သူတို့နှစ်သက်တဲ့ အလေ့အထတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရှေ့ခလုတ် သုံးခုကို ကျွန်တော်တို့ ဆက်သုံးခဲ့တာပါ။ နောက်ပြီး အရှေ့ဘက်မှာ ထည့်သွင်းခဲ့တဲ့ လက်ဗွေခလုတ်ကိုလည်း Home ခလုတ်အနေနဲ့ သုံးနိုင်ပါတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ ကျွန်တော်တို့ဟာ ပိုမိုလိုရင်းရောက်စေမယ့်ဒီဇိုင်းမျိုးကို သုံးစွဲသူတွေဆီ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။
  4. မကြာသေးမီက ထွက်ရှိထားတဲ့ OPPO ဖုန်းတွေမှာ အနက်ရောင်ကို ထည့်သွင်းထားခြင်းမရှိဘဲ ရွှေရောင်နဲ့ နှင်းဆီရွှေရောင် အပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ဘာကြောင့်ပါလဲ။ OPPO အနေနဲ့ ကျွန်တော်တို့ ဈေးကွက်မှာ မီးခိုးရောင်ဗားရှင်း ရောင်းမှာလား။ (အိန္ဒိယအပြင်) အနာဂတ်မှာ ရွေးချယ်စရာအရောင်တွေကို ထောက်ပံ့သွားဖို့ရှိပါသလား။
    အဖြေ : မော်ဒယ်အသစ်တွေကို ဒီဇိုင်းရေးဆွဲတဲ့အခါမှာ အများပြည်သူ မြင်တွေ့ရတဲ့ အရောင်တွေတင်မဟုတ်ဘဲ အရောင်အားလုံးနဲ့ ကြိုးပမ်းရေးဆွဲပါတယ်။ အရောင်တစ်ခုချင်းစီရဲ့ နမူနာတွေကိုလည်း ဂရုတစိုက် နှိုင်းယှဉ်ပါတယ်။ ဒါပေမဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ရွေးချယ်တဲ့ အရောင်တွေက သုံးစွဲသူတွေရဲ့ တောင်းဆိုမှုအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ သုံးစွဲသူစစ်တမ်း မြောက်များစွာကောက်ယူပြီး သုံးစွဲသူတောင်းဆိုတဲ့အပေါ်မှာ အခြေခံကာ သင့်လျော်တဲ့အရောင်တွေကို ရွေးချယ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေရဲ့ တုံ့ပြန်ချက်ကို ဆက်လက်နားထောင်ပြီး အနာဂတ်မှာ ရွေးချယ်စရာ အရောင်တွေကို ပိုမိုထောက်ပံ့သွားပါမယ်။
  5. F1s ကို စမ်းသပ်ပြီးတဲ့အခါမှာ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့အခါ သက်သောင့်သက်သာရှိတာကို တွေ့ရပါတယ်။ ဒီလိုအောင်မြင်မှုရအောင် ဘယ်လိုလုပ်ခဲ့ရပါသလဲ။
    အဖြေ : F1s မှာဆိုရင် ပထမဆုံးအနေနဲ့ ကျွန်တော်တို့က အရည်အသွေးကောင်းဆိုတာဟာ အသေးစိတ်ကျတဲ့ ဒီဇိုင်းက ဆင်းသက်လာတယ်ဆိုတဲ့ သဘောတရားအတိုင်း လုပ်ဆောင်ပါတယ်။ ဒါကြောင့် micro-arc frame နဲ့ ကြီးမားတဲ့ ၁၀ ဒီဂရီ လုံးဝန်းတဲ့ ထောင့်စွန်းတွေကို အသုံးပြုပါတယ်။ ဒီဇိုင်းဖွဲ့စည်းတည်ဆောက်မှုအတွက်မှာပင် စည်းမျဉ်းစည်းကမ်း ၈၂၂ ချက်ကို လိုက်နာရပါတယ်။ ဒုတိယအနေနဲ့ ကုန်ကြမ်းဝယ်ယူတာကအစ အလုံးအရင်းထုတ်လုပ်သည်အထိ တင်းကျပ်တဲ့ စမ်းသပ်မှုအဆင့် ၃၉၀ ကို ကျော်ဖြတ်ရပါတယ်။ ဥပမာအနေနဲ့ အကောင်းဆုံးကုန်ကြမ်း ရွေးချယ်မှု၊ low-pressure, low-speed sand coating craft အသုံးပြုမှု စတာတွေဖြစ်ပါတယ်။ ရလဒ်အနေနဲ့ F1s ကို လက်ထဲမှာ ဘယ်လိုပဲကိုင်ကိုင် သုံးစွဲသူရဲ့ လက်နဲ့အံဝင်ခွင်ကျ ဖြစ်နေစေပါတယ်။
  6. ဒီနှစ်မှာ OPPO ရဲ့ ထုတ်ကုန်အားလုံးက သတ္တုနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ OPPO အနေနဲ့ အခြားသတ္တုတွေကို အသုံးပြုဖို့ စဉ်းစားထားသလား။
    အဖြေ : OPPO အနေနဲ့ သတ္တု၊ ဖန်ထည်၊ ပလတ်စတစ် စတဲ့ အသုံးများတဲ့ သတ္တုတွေသာမက မိုဘိုင်းနည်းပညာလောကမှာ တွေ့ရခဲတဲ့ သစ်သား၊ ကြွေထည် စတာတွေအပါအဝင် သတ္တုအများအပြားကို ထည့်သွင်းစဉ်းစားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာမော်ဒယ်တစ်ခုအတွက် နောက်ဆုံးရွေးချယ်တဲ့ သတ္တုတွေဟာ သုံးစွဲသူတွေရဲ့ တောင်းဆိုမှုတွေနဲ့ ထုတ်ကုန်အနေအထားအပေါ်မှာ အခြေခံပြီး ဆုံးဖြတ်ပါတယ်။ ရွေးချယ်ထားတဲ့ သတ္တုတွေဟာ ပြင်းထန်တဲ့ အရည်အသွေးစမ်းသပ်မှုအဆင့် ၃၉၀ ကို ကျော်ဖြတ်နိုင်စွမ်းရှိရပါမယ်။
    လက်ရှိမှာ သတ္တုတွေက ဈေးကွက်မှာ အကျော်ကြားဆုံးဖြစ်ပါတယ်။ ဒါကြောင့် F နဲ့ R စီးရီးတွေမှာ သတ္တုကို အသုံးပြုထားတာဖြစ်ပါတယ်။
  7. OPPO မှာ curved screen ဒီဇိုင်း ရှိတယ်လို့ကြားတယ်။ OPPO အနေနဲ့ အဲ့ဒီ ဒီဇိုင်းကို နောက်ထုတ်ကုန်တွေမှာ အသုံးပြုမှာလား။ ဘယ်အချိန်မှာ မြင်တွေ့ရနိုင်မလဲ။
    အဖြေ : OPPO အနေနဲ့ တီထွင်ဆန်းသစ်မှုတွေမှာ အမြဲတမ်း အာရုံစိုက်နေတဲ့အတွက် ကျွန်တော် ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ တီထွင်ဆန်းသစ်မှုဆိုတာဟာ ရည်ရွယ်ချက်မဟုတ်ပါဘူး။ ကျွန်တော်တို့က သုံးစွဲသူတွေဆီကို ကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံထောက်ပံ့ပေးပြီး နည်းပညာရဲ့ အနုပညာလက်ရာကို ရရှိခံစားနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက ဒီထုတ်ကုန်ကို အသုံးပြုပြီး ကျေနပ်နှစ်သက်မှုရရှိစေမယ်၊ ဒီနည်းပညာတွေဟာ ရင့်ကျက်ပြည့်ဝမှုရှိစေမယ်လို့ ယူဆရတဲ့အချိန်ကျမှသာ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေမှာ ဒီနည်းပညာတွေကို အသုံးပြုသွားမှာပါ။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com