8/20/2016

♪ “Note7 အတွက် Android 7.0 ကို ၂ လကနေ ၃ လအတွင်း ဖြန့်ချိမည်” ♫


Samsung က လက်ရှိမှာ Android 6.0.1 Marshmallow ထည့်သွင်းထားတဲ့ Galaxy Note7 စမတ်ဖုန်းကို ရောင်းချပေးနေပါတယ်။ ဒါပေမယ့် လာမယ့် ၂ လကနေ ၃ လအတွင်းမှာ Android 7.0 ကိုအဆင့်မြှင့်ပေးမယ်လို့ Samsung Mobile ရဲ့ ဥက္ကဌ ဖြစ်သူKoh Dong-jin က အတည်ပြုပြောကြားပါတယ်။

Samsung Galaxy Note7 ပိုင်ရှင်များက အောက်တိုဘာလနဲ့ နိုဝင်ဘာလ လောက်မှာ Android 7.0 Nougat ကိုမြည်းစမ်းခွင့်ရရှိမှာ ဖြစ်ပါတယ်။

“Operating System အသစ်အတွက် Update ဖြစ်တဲ့ သတင်းအချက်အလက် များကိုပံ့ပိုးပေးဖို့ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် ဒီထက် ပိုပြီးအရေးကြီး တာကတည်ငြိမ်တဲ့ ဆော့ဝဲဖြစ်ဖို့ လိုတာပါ။ ဒါ့ကြောင့် စားသုံးသူများထံ မဖြန့်ချိခင်မှာ ကျွန်တော်တို့ စမ်းသပ် အသုံးပြုလေ့ရှိပါတယ်” လို့ Dong-jin က ပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com