8/03/2016

♪ Nexus ဖုန်းသစ်တွင် ပါဝင်မည့် Launcher နှင့် Wallpaper များပေါက်ကြားလာ ♫

Android Police ရဲ့ ဖော်ပြချက်အရ နောက်လာမယ့် Nexus ဖုန်းအသစ်တွေဖြစ်တဲ့ Sailfish နဲ့ Marlin တို့အတွက် ပုံရိပ်တွေပေါက်ကြားလာတယ်လို့သိရပါတယ်။ ဒါဟာဆိုရင် ကောလာဟလ သတင်းတွေထဲမှာ Interface အနေနဲ့ ဦးဆုံးပေါက်ကြားလာခဲ့တာလည်း ဖြစ်ပါတယ်။

ပထမဆုံးကြီးမားတဲ့ အပြောင်းအလဲတစ်ရပ်အနေနဲ့ ကတော့ သင့်အနေနဲ့ Home Screen ကနေ App တွေထဲဝင်တဲ့ နေရာမှာ အရင်နဲ့မတူတော့ပဲ မျှားပုံစံလေးပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါဟာဆိုရင် မျှားကိုအပေါ်ဆွဲတင်လိုက်ရင် ဒါမှမဟုတ် ထောက်လိုက်ရင် App တွေရှိတဲ့ အထဲကို ဝင်ရောက်သွားမှာဖြစ်ပြီး တကယ်လို့ပြန်ထွက်မယ်ဆိုရင် မျှားကိုပြန်ဆွဲချပြီး ဒါမှမဟုတ် Back  ကီးကိုနှိပ်ပြီး ပြန်ထွက်နိုင်တယ်လို့ သိရပါတယ်။

 
အဲ့ဒီအပြင် Google ဟာ Calenda တွေအပါအဝင် Wiget တွေကို “G” ပုံသဏ္ဍန် Pull-Tab တစ်ခုနဲ့ ထည့်သွင်းလိုက်ပါတယ်။ ဒါပေမယ့်ဒီလိုပြုလုပ်လိုက်တာဟာ ပရိတ်သတ်တွေကို အကြိုက်တွေ့စေမှာ မဟုတ်ဘူးလို့တော့ သတင်းတွေက ရေးသားနေကြတာပါ။

 Nexus Launcher ဟာ Google Now Launcher နဲ့ တူညီပြီး Android အသုံးပြုသူတွေအနေနဲ့ Google Now Launcher ကို PlayStore ကနေ ဒေါင်းလုဒ်ဆွဲပြီး ရယူနိုင်ပါတယ်။ အဲ့ဒီအပြင် Google ရဲ့ Nexus ဖုန်းတွေမှာ အသုံးပြုမယ့် Wallpaper ရဲ့ ပုံရိပ်တွေလည်း ပေါက်ကြားလာခဲ့ရာမှာ အောက်ပါအယ်လ်ဘမ်မှာ ကြည့်ရှုနိုင်ပါတယ်။

 Credit to ==> Digital Times
<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 
www.pyaephyo.com