8/19/2016

♪ “Meizu က သတ္တုကိုယ်ထည် တပ်ဆင်ထားတဲ့ M3E ကိုကြေညာ” ♫


Meizu က စမတ်ဖုန်းအသစ်တစ်လုံးကိုမိတ်ဆက်လိုက်ပါတယ်။ M3E လို့ အမည်ပေးထားပြီး သတ္တုကိုယ်ထည်တပ်ဆင်ထားပါတယ်။ Meizu M3E ဟာဒီဇိုင်းနဲ့ Specifications အပိုင်းမှာMeizu m3 Note နဲ့ ဆင်တူပါတယ်။ Meizu M3E မှာ ၅.၅ လက်မ Full HD IPS Display တပ်ဆင်ထားပါတယ်။

MediaTek MT6755 Helio P10 SoCမောင်းနှင်မှာ ဖြစ်ပါတယ်။ 3GB LPDDR3 RAM နဲ့ 32GB Internal Storage ထည့်သွင်းထားပါတယ်။ microSD Card ဖြင့် Storage ကို မြှင့်တင်နိုင်ပါတယ်။ Home Button မှာလက်ဗွေရာစစ်ဆေးတဲ့ ကိရိယာထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ Sonyရဲ့ 13MP Camera တပ်ဆင်ထားပြီး Phase Detection Autofocus နည်းပညာပါရှိပါတယ်။

အရှေ့ဘက်မှာ 5MP Camera တပ်ဆင်ထားပါတယ်။ M3E ဟာ m3 Note ထက် ပိုမိုပါးလွှာပြီးအရွယ်အစားအပြည့်အစုံမှာ153.6 x 75.8 x 7.9mm ဖြစ်ပြီးအလေးချိန်မှာ ၁၇၂ ဂရမ် ဖြစ်ပါတယ်။ ဘက်ထရီအပိုင်းမှာတော့ M3E ဟာ m3 Note ထက် အားနည်းပြီး 3100mAh Battery ထည့်သွင်းထားပါ တယ်။ ဒါပေမယ့် လျင်မြန်စွာအားသွင်းနိုင်တဲ့ နည်းပညာပါရှိပြီး mCharger က မိနစ် ၃၀ အတွင်းမှာ ၅၀ ရာခိုင်နှုန်းအထိ အားသွင်းပေး နိုင်ပါတယ်။

 နောက်ထပ် ကွာခြားချက်တစ်ခုမှာ M3E ကိုအပြာရောင် ထုတ်လုပ်ပေးထား တာ ဖြစ်ပါတယ်။ အညို၊ ငွေ၊ ရွှေနဲ့ နှင်းဆီရွှေရောင်များရွေးချယ်နိုင်ပါတယ်။ တရုတ်နိုင်ငံမှာယွမ် ၁၂၉၉ ဖြင့် ရောင်းချပေး မှာဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာအားဖြင့် ၁၉၅ ဒေါ်လာ ၀န်းကျင် ကျသင့်မှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com