8/08/2016

♪ “HTC One A9” ♫


HTC မှ အရင်ထွက်ရှိခဲ့သောဒီဇိုင်းများဖြင့်မတူဘဲတစ်မူကွဲပြားသောဆန်းသစ် လှပသည့်ဒီဇိုင်းပုံစံဖြင့် အသစ်ထပ်မံထွက်ရှိလာတဲ့ HTC One A9ဖြစ်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးကိုအထူးကောင်းမွန်သော အရောင်(၃)ဆတင်ထားသည့် သတ္တုကိုအသုံးပြု၍ ပါးလွှာသောဒီဇိုင်းပုံစံဖြင့် ဖန်တီးတည်ဆောက်ပေးထား ပါတယ်။

ကင်မရာပိုင်း၏ထူးခြားကောင်းမွန်မှုကြောင့် Professional ကင်မရာ သမားတစ်ဦးကဲ့သို့ စိတ်တိုင်းကျရိုက်ကူးနိုင်ခြင်း၊ စပီကာပိုင်း၏ကောင်းမွန်မှု ကြောင့် ကြည်လင်ပြတ်သားသောအသံပိုင်းဆိုင်ရာကောင်းမွန်မှုတို့ကိုHTC One A9 စမတ်ဖုန်းတစ်လုံးရှိရုံဖြင့် စိတ်ကျေနပ်မှုအပြည့်အ၀ရရှိနိုင်မှာဖြစ်ပါ တယ်။ Screen Size 5.0” ရှိပြီးAMOLED capacitive Touch screen အမျိုး အစားကိုအသုံးပြုထားပေးပါတယ်။ Screen Re-solution အနေဖြင့် 1920×1080 အထိရှိတဲ့အတွက် ကြည်လင်ပြတ်သားသော ရုပ်ထွက် ကောင်းမွန်မှုကိုအပြည့်အ၀ရရှိနိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်ကိုအစင်းရာ၊ ခြစ်ရာများဖြစ်ပေါ်မှုမှကင်းဝေးအောင် Corning Gorilla Glass 3 ကိုအသုံးပြု ထားပေးပါတယ်။ Processor (1.5 GHz + 1.2 GHz) Octa Core ကို ထည့်သွင်း ပေးထားတဲ့အတွက် လုပ်ဆောင်ချက်တွေကို မြန်ဆန်ပေါ့ပါးစေ ပါတယ်။ Chipset အနေဖြင့် Qualcomm MSM8952 Snapdragon 617 အမျိုးအစားကိုအသုံးပြုထားပေးပါတယ်။ သိုလှောင်မှုပမာဏအနေဖြင့် 16GB ဖြစ်ပြီးMicro SD Card ကို256GB ထပ်တိုးအသုံးပြုနိုင်တာကြောင့် Data အချက်အလက် အများအပြားကိုသိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။ အချက်အလက် များကိုကူးပြောင်းရန် RAM 2GB ကိုထည့်သွင်းအသုံးပြုပေးထားပါတယ်။

ကင်မရာပိုင်း၏ ထူးခြားကောင်းမွန်မှုမှာတော့ အနောက်ကင်မရာ13MPကို အသုံးပြုပေးထားသည့်အပြင် Optical Image Stabilisation (OIS) ကိုပါ ထပ်မံ အသုံးပြုပေးထားတဲ့အတွက် ကား၊ ရထားတို့ဖြင့် အပျော်တမ်းခရီးသွား သောအခါများတွင်ဖြစ်စေ၊ ကစားကွင်းများတွင် အချင်းချင်းကစားနေရင်း ဖြစ်စေ အမှတ်တရပုံရိပ်များကိုရုတ်တရက် မြန်မြန်ရိုက်လိုက်သောအခါ များတွင် လက်တုန်၍ေ၀၀ါးသွားခြင်း၊ မှုန်ဝါးသွားခြင်းမရှိဘဲ ပုံရိပ်အမြင်အား တည်တည်ငြိမ်ငြိမ်နှင့် ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်မှာဖြစ်ပါ တယ်။ ထို့ပြင် ပုံမှန် စမတ်ဖုန်းများတွင်ပါဝင်သော JPEG file format ဖြင့် ရိုက်ကူးနိုင် ရုံသာမက Professional Camera များကဲ့သို့ Raw File format ဖြင့်ပါ ရိုက်ကူး နိုင်မှာဖြစ်ပါတယ်။ 


အရှေ့ကင်မရာ4MP နှင့် f/2.0, 27mm, 1/3" sensor size, 2µm pixel size, 1080p@ 30fps, HDR ကိုပေါင်းစပ်အသုံးပြုပေးထားတဲ့ အတွက် အလင်းအားနည်းသောနေရာများတွင်ပါ ရိုက်ကူးနိုင်မှာဖြစ်ပါ တယ်။ လုံခြုံရေးအတွက် Finger Print Sensor ကိုထည့်ပေးထားပါတယ်။ Android OS အနေဖြင့် နောက်ဆုံးထွက် 6.0 (Marshmallow) ကိုအသုံးပြုပေးထားပါတယ်။

ဘက်ထရီအနေဖြင့် 2150 mAhရှိသောNon-removable Li-Ion ကို တပ်ဆင်ပေးထားတဲ့အပြင် Qualcomm® Quick Charge ™ ၂.၀ အထောက် အပံ့ကိုပါ ထပ်မံထည့်သွင်းပေးထားတဲ့အတွက် ဂိမ်းဆော့ခြင်း၊ သီချင်း နားထောင်ခြင်း၊ ဗီဒီယိုကြည့်ခြင်းကိုအသုံးပြုပြီးနာရီပေါင်းများစွာအားသွင်းရမည့် အစားမိနစ်အနည်းငယ် အတွင်းတွင် ဓာတ်အား ပြန်လည်ဖြည့်သွင်းပြီး ဆက်သုံးနိုင်မှာဖြစ်ပါတယ်။

Internet Connection အနေဖြင့် 4G Network အထိအမြင့်ဆုံးစွမ်းဆောင်ရည်နှင့် အသုံးပြုနိုင်သည့်အပြင် အရောင်အနေဖြင့် Opal Silver, Topaz Gold အစရှိသောအရောင် ၂ မျိုးကိုရရှိနိုင်မှာဖြစ်ပါတယ်။

<Specification>

. 5.0" AMOLED Capacitive Touch Screen(1920x1080)
. Processor (1.5GHz + 1.2GHz) Octa Core
. RAM 2GB
. Storage 16GB included (Up to 256GB)
. Android 6.0.OS (Marshmallow)
. Rear Camera 13MP & 4MP front Camera
. Li-ion 2150 mAh Battery
. Phone - 0973171212

Mobile Guide Journal (Every Monday)
https://web.facebook.com/officialmobileguidejournal





<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com