8/02/2016

♪ ကျပ် ၅၀,၀၀၀ တန် အူရီဒူးဖုန်းနံပါတ်အလှနဲ့ အူရီဒူး G9 ဖုန်းကို ကျပ်၂၀,၀၀၀ ၀ယ်ယူ ♫

G9 ooredoo

Social Media Application များကို အသုံးပြုနိုင်ပြီး ကြည်လင်ပြတ်သားသည့်အသံဖြင့် ဖုန်းခေါ်ဆိုနိုင်မည့် Ooredoo G9 ၀ယ်ယူများအနေဖြင့် အထူးလက်ဆောင်များရယူနိုင်မည်

အူရီဒူးမြန်မာအနေဖြင့် ဈေးနှုန်းသက်သာသော Ooredoo G9 လက်ကိုင်ဖုန်းတစ်မျိုးကို မြန်မာနိုင်ငံရှိ မိုဘိုင်းဖုန်းအသုံးပြုလိုသူများအတွက် ထပ်မံမိတ်ဆက်လိုက်ပါသည်။ အူရီဒူးအသုံးပြုသူများအနေဖြင့် ယခုအခါ ဖုန်းနံပါတ်အလှများကို ဈေးနှုန်းအထူးသက်သာပြီး အဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်မည့် G9 ဟန်းဆက်နှင့်အတူ အသုံးပြုကာ ဖုန်းခေါ်ဆိုရာတွင် အသံကြည်လင်ပြတ်သားပြီး မြန်ဆန်သော အင်တာနက်ကို ရရှိအသုံးပြုနိုင် မည် ဖြစ်ပါသည်။ အဆိုပါ လက်ကိုင်ဖုန်းကို ၀ယ်ယူအသုံးပြုသူများအနေဖြင့် ကျပ် ၅၀,၀၀၀ တန် အူရီဒူးမြန်မာ၏ နံပါတ်အလှကို မေတ္တာလက်ဆောင်ရရှိမှာဖြစ်ပါသည်။

ဝယ်ယူသူများအနေဖြင့် ကြေးအဆင့်သတ်မှတ်ထားသည့် အူရီဒူးမြန်မာ၏ ဖုန်းနံပါတ်အလှများထဲမှ မိမိနှစ်သက်ရာ ရွေးချယ်ပြီး အခမဲ့ ရယူနိုင်မှာဖြစ်ပါသည်။ အူရီဒူးG9 ဖုန်းသည် Facebook စသည့် social media application များကို အသုံးပြုနိုင်သည့် အားသာချက်များရှိပါသည်။ အဆိုပါ အူရီဒူးG9 ဖုန်းကို ၀ယ်ယူပါက ကြိုတင်ထည့်သွင်းပေးထားသည့် Facebook Application ပါရှိသဖြင့် အူရီးဒူး၏ Facebook Plus Package ကို ရယူပြီး အူရီဒူးဖုန်းအချင်းချင်း အခမဲ့ဖုန်းပြောခွင့်ပါရရှိမည်ဖြစ်သည့်အပြင် Facebook အသုံးပြုခသည် ၁မီဂါဗိုက်ကို ၃ကျပ်သာ ကျသင့်တော့မည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အူရီဒူး G9 လက်ကိုင်ဖုန်းကို ကျပ်၂၀,၀၀၀ ဖြင့်ဝယ်ယူပြီး အခမဲ့ပေးထားသော မေတ္တာလက်ဆောင်များကို ရယူနိုင်မည် ဖြစ်ပါသည်။

အဆိုပါဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်သည့် လက်ကိုင်ဖုန်းသည်  3G နှင့် 2G ကွန်ရက် ၂မျိုးစလုံးကို အသုံးပြုနိုင်ပါသည်။ ၄င်းသည် ခလုပ်ဖုန်းအမျိုးအစားဖြစ်ပြီး မျက်နှာပြင်အကျယ် ၂.၄လက်မ ပါရှိပါ သည်။ ပေါ့ပါးပြီး အရွယ်အစားသေးငယ်သည့်အတွက် မိုဘိုင်းဖုန်းအသုံးများသူများအတွက် အထူးသင့်လျော် မည်ဖြစ်ပါသည်။ အဆိုပါ လက်ကိုင်ဖုန်းကို အသုံးပြုခြင်းဖြင့် အူရီးဒူးမြန်မာ၏ မြန်ဆန်သော 3G ကွန်ရက်နှင့် ကြည်လင်ပြတ်သားသောအသံ တို့ကိုရရှိနိုင်မည်ဖြစ်သည်။

အဆိုပါ လက်ကိုင်ဖုန်းအမျိုးအစားတွင် ဆင်းကတ်၂ကတ် အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ၀.၃ MP စွမ်းဆောင်ရည်ရှိသည့် ကင်မရာနှင့် ၁၀၀၀ mAh ဘတ်ထရီပါရှိပါသည်။
မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် မိမိနှစ်သက်သည့် ဈေးနှုန်းနှင့် ကိုက်ညီသည့် လက်ကိုင်ဖုန်းအမျိုး အစားများကို ၀ယ်ယူအသုံးပြုနိုင်ရန် အူရီဒူးအမှတ်တံဆိပ် လက်ကိုင်ဖုန်းမျိုးစုံကို အူရီဒူးမြန်မာမှ ဖြန့်ဖြူးရောင်း ချပေးလျက်ရှိပါသည်။ အူရီဒူးမြန်မာ မိုဘိုင်းဝန်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် ကုန်ကျသည့်ငွေနှင့်အတူ တန်ဖိုးညီမျှသည့် ပစ္စည်းနှင့် ၀န်ဆောင်မှုများကို ပြန်လည်ရရှိနိုင်စေရန်အတွက် အူရီဒူးမြန်မာအနေဖြင့် အကောင်း ဆုံးဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်ရုံသာမက လက်ကိုင်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ပူပေါင်းပြီး ဈေးနှုန်းသင့်တင့်မျှတကာ အရည်အသွေးကောင်းသည့် မိုဘိုင်းဖုန်းများကို ဈေးကွက်အတွင်း ရရှိအောင် ဆောင်ရွက်လျက်ရှိပါသည် ။ အူရီဒူးမြန်မာမှ သုံးစွဲသူများ၏ လိုအပ်ချက်ကို ပြည့်မီစေရန်အတွက် ဆန်းသစ်သော ပစ္စည်းများ နှင့် ကောင်းမွန်သော ၀န်ဆောင်မှုများကို စဉ်ဆက်မပြတ် ၀န်ဆောင်ပေးလျက် ရှိပါသည်။

OoredooG9 လက်ကိုင်ဖုန်း ကို သြဂုတ်လ ၁ရက်တွင် ၂၀,၀၀၀ ကျပ် ဖြင့် ဈေးကွက်အတွင်း ရရှိနိုင် မည်ဖြစ်သည်။ အူရီဒူးမြန်မာမှ ကမ်းလှမ်းထားသည့် ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို သိရှိလိုပါက www.ooredoo.com.mm တွင်လည်းကောင်း၊ အူရီဒူးမြန်မာ၏ တရားဝင် Facebook တွင် လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com