8/20/2016

♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ " ♫


မေး - ကျွန်တော့် OPPO Joy 3 က System Update လုပ်ခိုင်းလို့ Download ဆွဲလိုက်ပါတယ်။ ဒါပေမဲ့ Install လုပ်တဲ့အချိန်မှာ Install Fail ပြပါတယ်။ ဘယ်လိုလုပ်ရမလဲခင်ဗျာ။
ဖြေ - ဒါကတော့ OPPO မှ မဟုတ်ပါဘူး။ Android ဖုန်းတိုင်းမှာဖြစ်နိုင်တဲ့ Error ပါ။ အကြောင်းရင်းကတော့ Official အနေနဲ့ပေးတဲ့ Firmware (OTA) Updates တွေဟာ Install လုပ်စဉ်မှာ ဖုန်းတွင်းမှာ Root Access ရှိမရှိ အရင်စစ်ဆေးပါတယ်။ Root Access ရှိနေခဲ့ရင်ပဲဖြစ်ဖြစ်၊ System Error ရှိနေခဲ့ရင်ပဲဖြစ်ဖြစ် OTA Update လုပ်တဲ့အခါ Install Fail ပဲဖြစ်မှာပါ။ ဒါကြောင့် ဖုန်းကို OTA နဲ့မတင်ပဲ အခြားနည်းတွေနဲ့ System Update လုပ်တာက ပိုပြီးအဆင်ပြေမှာပါခင်ဗျာ။

 မေး - ကျွန်တော့် Samsung A7 က အရမ်းပူနေတယ်။ ဘက်ထရီကလည်း အရမ်းအားကုန်တယ်။ ဘယ်လို လုပ်ရမလဲ။
ဖြေ - Samsung ဖုန်းတွေမှာ သုံးတာအရမ်းကြာလာရင်ဖြစ်ဖြစ်၊ Application တွေ Install လုပ်တာများရင်ပဲ ဖြစ်ဖြစ် အရမ်းပူပြီး ဘက်ထရီစားတဲ့ Error မျိုးဖြစ်တတ်ပါတယ်။ Service အတွက် Hardware ကို လိုက်ရင်လည်း PCB တစ်ခုလုံးပူနေတာကလွဲပြီး တိတိကျကျ Error ပြစရာမရှိပါဘူး။ အကောင်းဆုံးကတော့ ဖုန်းကို Frimware Restore ပြန်လုပ်ပြီး Factory Reset ချပေးလိုက်ပါ။

 မေး - Samsung Grand II လေးပါဝါပွင့်တယ်။ Lock Screen ရောက်ရင်တစ်ချက်ပဲဆွဲလို့ရပြီး ထပ်ဆွဲရင် မရတော့ဘူး။ ဘယ်လိုကြောင့်လဲဗျာ။
ဖြေ - အရင်ဦးဆုံး Reset ချကြည့်ပါ။ များသောအားဖြင့် Samsung တွေမှာ အဲ့ဒီ Error က Software ကြောင့်ဖြစ်တာပါ။ မှန်လဲရတာနည်းပါတယ်။ မရရင်တော့ Software ရေးကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

 မေး - ဖုန်းကအားကုန်တာမြန်တယ်။ အားသွင်းလည်းမြန်တယ်။ ပြီးတော့ ဖုန်းက Logo လည်လိုက်၊ Shut Down ပြန်ကျလိုက်နဲ့ သူ့အလိုလိုဖြစ်နေတယ်ဗျ။
ဖြေ - ဟုတ်ကဲ့ပါ။ အဲ့တာကို Sleep Mode ဖြစ်တယ်လို့ခေါ်ပါတယ်ဗျ။ အစ်ကို့ဖုန်းရေ၀င်ခဲ့ဘူးလို့ဖြစ်ပါလိမ့်မယ်။ အတွင်း Circuit ပေါ်က Wi-Fi IC ရေ၀င်ပြီး Shock ကျသွားလို့ပါ။ ရေ၀င်ထားတယ်ဆိုရင် ဆက်မသုံးသင့်ပဲ အမြန် Service ဆိုင်ပြရင် ပိုကောင်းပါမယ်။

 မေး - ကျွန်တော့်ဖုန်းက SD ကတ်ထည့်ရင် မရဘူးဗျ။ မထည့်ဘဲ သုံးရင်ရတယ်။ ဘယ်လိုလုပ်ရမလဲဗျာ။
ဖြေ - အစ်ကိုရေ ထည့်တဲ့ SD ကတ်ပျက်နေတာလဲဖြစ်နိုင်တယ်။ SD ကတ်ထဲမှာထည့်ထားတဲ့ Software ကြောင့်လည်း ဖြစ်နိုင်တယ်ဗျ။ အဲလိုလဲလို့မှမရရင်တော့ SD ကတ်စစ်ဖို့အတွက် နီးစပ်ရာ Service ဆိုင်ကို ပြသင့်ပါတယ်ဗျာ။

 မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Message ကို အ၀င်ပဲရပြီး အထွက်မရဘူးဖြစ်နေပါတယ်။ သူငယ်ချင်းတွေ ပြောတာက Message Setting ပြန်ချိန်ရမယ်ပြောပါတယ်။ အစ်ကိုသိရင်ပြောပြပေးပါလား။
ဖြေ - Message အ၀င်ရပြီး အထွက်မရဘူးဆိုတာက Message Setting ချိန်ရမယ်ဆိုတာမဟုတ်ပါဘူး။ Message Setting ချိန်မယ်ဆိုရင်တော့ အရင်ဆုံး Message ထဲဝင်ပြီး Setting ကိုသွားပါ။ ပြီးနောက် Text Message ထဲကိုဝင်ပြီး SMS Service Center ကိုနှိပ်လိုက်ပါ။ အဲ့မှာ Code Number ရိုက်စရာလေးတွေ ပါလိမ့်မယ်။ +9595930003 ကိုရိုက်ထည့်ပြီး Save လုပ်လိုက်ပါ။ အဲ့ကုဒ်နဲ့မှအဆင်မပြေရင် +9595930014 ကိုပြောင်းရိုက်ကြည့်ပါ။ အဆင်ပြေသွားမှာပါ။ Message Setting ကိုသွားဖို့အတွက် Message ကိုဖွင့်ပြီး Menu Key ကိုနှိပ်လိုက်ရင် Setting ဆိုပေါ်လာပါလိမ့်မယ်ခင်ဗျာ။ အဲ့လိုမှမဟုတ်ရင်လည်း Keypad Phone ထဲမှာ ကတ်ထည့်ပြီး ချိန်းလို့လဲရပါတယ်။

 မေး - ကျွန်တော်ကိုင်တာက iPhone 5S ကိုင်ပါတယ်။ လက်ဗွေစနစ်ကိုလည်း အသုံးပြုထားပါတယ်။ ပြီးနောက် ကျွန်တော့်သူငယ်ချင်းကိုငှားလိုက်ပြီးနောက် Password ကျနေပါတယ်။ လက်ဗွေစနစ်ကလည်း အလုပ်မလုပ်တော့ပါဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ။
ဖြေ - iPhone တွေမှာဆိုရင်တော့ Password ပဲဖြစ်ဖြစ်၊ လက်ဗွေစနစ်သုံးတာပဲဖြစ်ဖြစ် အခုလို Error မျိုး ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြန်လုပ်လို့ရပါတယ်။ Update Firmware ကိုပြန်တင်လိုက်ရင်ရနိုင်ပါတယ်။ ဖုန်းထဲမှာရှိတဲ့ Data တွေကတော့ အကုန်လုံးပျက်သွားမှာပါ။ Firmware ပြန်တင်ပြီးတော့မှ Apps တွေ၊ Game တွေလည်း ပြန်ထည့်ပြီး အသုံးပြုနိုင်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com