Google ရဲ့ တရားဝင်ဒေတာထုတ်ပြန်ချက်အရ ယခုအခါ Android Marshmallow
စနစ်ကို အသုံးပြုနေသူပေါင်း ၁၅.၂ ရာခိုင်နှုန်းအထိ
ရောက်ရှိလာပြီဖြစ်ကြောင်း သိရှိရပါတယ်။ အရင်လက အသုံးပြုသူ ၁၃.၃ ရာခိုင်နှုန်းသာရှိခဲ့ပေမယ့်၊ တစ်လအတွင်းမှာပဲ
Android 6.0 ကို အသုံးပြုသူအရေအတွက်ဟာ တရှိန်ထိုးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် Marshmallow ဟာ Lollipop နောက်မှာပဲရှိနေသေးပြီး၊ သက်တမ်းနှစ်နှစ်ကျော်နေပြီဖြစ်တဲ့ Android 5.0 Lollipop စနစ်ကို အသုံးပြုလျက်ရှိတဲ့စက်အလုံးရေပေါင်းဟာ လက်ရှိမှာတင် ၃၅.၅ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။ ယခုဒေတာအချက်အလက်တွေကို တစ်ပတ်အချိန်အကန့်အသတ် အတွင်းမှာ ကောက်ယူခဲ့တာဖြစ်ပြီး၊ Android KitKat ကို လက်ရှိအသုံးပြုသူလျက်ရှိသူက ၂၉.၂ ရာခိုင်နှုန်းနဲ့ Jelly Bean ကို အသုံးပြုသူက ၁၆.၇ ရာခိုင်နှုန်းရှိနေပါတယ်။
Android 4.0x Ice Cream Sandwich ကို အသုံးပြုသူကလည်း ၁.၆ ရာခိုင်နှုန်းရှိဆဲဖြစ်ပြီး၊ အစောဆုံး Android 2 ဗားရှင်းတွေဖြစ်တဲ့ Gingerbread နဲ့ Fryo တို့ကို အသုံးပြုသူနေတွေကလည်း ၁.၇ ရာခိုင်နှုန်းနဲ့ ၀.၁ ရာခိုင်နှုန်းတို့ အသီးသီးရှိနေပါတယ်။
Google ဟာ နောက်ထပ် OS စနစ်အသစ်တစ်ခုဖြစ်တဲ့ Android 7.0 Nougat ကို ယခုလအတွင်း Nexus ဖုန်းတွေထံ ထုတ်ပေးသွားဖို့ရှိပြီး၊ Nougat တပါတည်းပါဝင်တဲ့ဖုန်းတစ်ချို့လည်း မကြာမီထွက်ရှိလာဖို့ ရှိနေပါတယ်။ Android N စနစ်မှာ Doze on the Go ၊ Data Saver ၊ Split-screen mode စတဲ့ လုပ်ဆောင်ချက်အသစ်တွေ အများအပြားပါဝင်လာဖို့ရှိကြောင်း သိရှိထားရပါတယ်။

www.pyaephyo.com