လွန်ခဲ့တဲ့တစ်ပတ်တုန်းက LG ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့
V10 စမတ်ဖုန်းရဲ့ နောက်မော်ဒယ်အသစ်ကို ထုတ်သွားဖို့ ရှိတယ်လို့
အရိပ်အမြွက်ပြောကြားခဲ့တာကို မှတ်မိကြဦးမှာပါ။
ယနေ့မှာတော့ ကုမ္ပဏီဟာ အဆိုပါစမတ်ဖုန်းအကြောင်း အတည်ပြုကြေငြာလိုက်ပြီဖြစ်ကြောင်း၊ နာမည်ကို V20 လို့ ပေးထားကာ၊ စက်တင်ဘာလထဲ စတင်မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။
LG ရဲ့ V20 ဖုန်းမှာ Google ရဲ့ OS စနစ်အသစ်ဖြစ်တဲ့ Android 7.0 Nougat လည်း တပါတည်းပါဝင်လာမှာဖြစ်ပြီး၊ Nougat စနစ်နဲ့ ထွက်ရှိလာမယ့် ပထမဆုံးစမတ်ဖုန်းဖြစ်ပါတယ်။
LG ကုမ္ပဏီရဲ့ ယခုကြေငြာချက်ကြောင့်၊ မနေ့ကတင်ဆက်ထားတဲ့ Android 7.0 Nougat ယခုသြဂတ်စ်လထဲထွက်ရှိမယ်ဆိုတဲ့ သတင်းဟာ ပိုမိုသေချာသွားပါပြီ။
ယမန်နှစ်၊ အောက်တိုဘာလမှာ ထွက်ရှိထားတဲ့ V10 ဖုန်းမှာတုန်းက ရှေ့ကင်မရာနှစ်လုံး၊ ဒုတိယအရန်စခရင်တစ်ခု၊ အသံပိုင်းအတွက် Hi-Fi 32bit audio စတဲ့ ထူးခြားတဲ့စွမ်းဆောင်ရည်တွေပါဝင်ခဲ့တာကြောင့်၊ V20 ဖုန်းမှာလည်း အများနဲ့မတူတဲ့ထူးခြားချက်လေးတွေ ပါဝင်နိုင်ပါတယ်။

www.pyaephyo.com