ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့်
ထိုင်းနိုင်ငံ University of the Thai Chamber of Commerce (UTCC) နှင့်
ပူးပေါင်း၍ ဖွင့်လှစ်သည့် Master of Business Administration (Global MBA)
(Batch-8) သင်တန်းကို အောက်တိုဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပုဂ္ဂလိက စီးပွားရေး အခန်းကဏ္ဍ လုပ်ငန်းခွင်မှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ စီးပွားရေး စီမံခန့်ခွဲမှုမဟာဘွဲ့ကို ပြည်တွင်း၌ပင် ဆက်လက်သင်ယူလိုသော ဘွဲ့ရစီးပွားရေး လုပ်ငန်းရှင်များနှင့် လူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်း တက်ရောက်လိုသူများအနေဖြင့် ဇူလိုင်လ ၂၈ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသို့ တက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် http://www.umfcci.com.mm/master-of-business-administration တွင် download ရယူနိုင်သလို အသင်းချုပ် HRD ဌာန၊ ဖုန်း-၀၁-၂၃၁၄၃၄၄~၄၉ (Ext: ၁၃၃၊ ၁၃၄) ၊ ၀၁-၂၃၁၇၄၇၉ သို့ ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်မည် ဖြစ်သည်။

www.pyaephyo.com