Samsung ရဲ့ ၂၀၁၆ခုနှစ်အတွက် အဓိကစမတ်ဖုန်းဖြစ်တဲ့ Galaxy S7 နဲ့ Galaxy
S7 Edge စမတ်ဖုန်းတွေဟာ iPhone 6s နဲ့ 6s Plus ဖုန်းတွေရဲ့ရောင်းအားကို
ကျော်ဖြတ်အနိုင်ယူခဲ့တယ်လို့ သိရပါတယ်။
Kantar WorldPanel ရဲ့ သတင်းထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ Galaxy S7 နဲ့ S7 Edge တို့ရဲ့ သုံးလပတ် အမြတ်ဝင်ငွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဈေးကွက်ထဲမှာ ၃၇ရာခိုင်နှုန်းအထိရှိခဲ့ပြီး iPhone 6s နဲ့ 6s Plus တို့ရဲ့ ရောင်းရတဲ့ ဝင်ငွေ ၂၉ရာခိုင်နှုန်းကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။
အာရှကုမ္ပဏီတွေထဲမှာတော့ Samsung ဟာ Apple ကိုကျော်ဖြတ်ပြခဲ့တဲ့ ရှားရှားပါးပါးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ခဲ့ပြီး Samsung ရဲ့ Galaxy Note 5 ဖုန်းဟာ အမေရိကန်တွေရဲ့ အနှစ်သက်ဆုံးဖုန်းတစ်မျိုးဖြစ်တယ်လို့ သတင်းတွေထဲမှာ ဖော်ပြခဲ့တာပါ။
ကမ္ဘာပေါ်က တစ်ခြားနေရာတွေမှာလည်း Apple နဲ့ Samsung တို့ဟာ အဓိကယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အရောင်းရဆုံးဖုန်းတွေရဲ့ ထိပ်ဆုံးနေရာတွေမှာလည်း ကုမ္ပဏီနှစ်ခုဟာ အမြဲပါဝင်ခဲ့တာပါ။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာခဲ့တဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Huawei ဟာ လာမယ့် ၂၀၂၀ခုနှစ်မှာ Apple ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးမားဆုံးစမတ်ဖုန်းကုမ္ပဏီအဖြစ် ရပ်တည်နိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

www.pyaephyo.com