Sony Xperia XA စမတ်ဖုန်းမှာ စိတ်ဝင်စားစရာ အကောင်းဆုံးအချက် ၅
ချက်ရှိနေပြီး Sony ပရိသတ်တွေအတွက် သတင်းကောင်းတွေ သယ်ဆောင်လာတာတွေ့ရပါတယ်။
Xperia XA ရဲ့ Screen ဟာဆိုရင် အခြား mid-range
စမတ်ဖုန်းတွေနဲ့ယှဉ်လိုက်ရင် ပိုပြီးအနုပညာမြောက်တာက ပထမဆုံးအချက်ပါ။ ၅
လက်မအရွယ်ရှိတဲ့ မျက်နှာပြင်ကို အနည်းငယ် ခုံးထားပေးတဲ့ အတွက်ကြောင့်
ဘေးဘောင်တွေမရှိသလို ဖြစ်နေပါလိမ့်မယ်။
720p HD ရုပ်ထွက်အရည်အသွေးနဲ့ Bravia Screen နည်းပညာတို့ကြောင့် Display အရောင်တွေဟာ စိုပြေတောက်ပနေတာက ဒုတိယဖြစ်ပါတယ်။ တတိယအချက်ကတော့ XA ရဲ့ ကင်မရာပိုင်းဖြစ်ပါတယ်။ 1/3" Sony Exmor lens သုံးထားတဲ့ ပင်မ 13MP ကင်မရာမှာ Hybrid Auto-Focus နဲ့ Object Tracking Feature ပါဝင်ပြီး Sony ရဲ့ Alpha hybrid ကင်မရာနည်းပညာကို အခြေခံထားပါတယ်။
နံပါတ်လေးအချက်ဟာ အရင်ထွက်ရှိခဲ့တဲ့ Xperia တွေနဲ့မတူတာက XA မှာ အလွန်နူးညံ့တဲ့ပလတ်စတစ် touch သုံးထားတာကြောင့် ပွန်းရာခြစ်ရာဒဏ်တွေကို အပြီးအပိုင် နှုတ်ဆက်လို့ ရပါတယ်။ Sony Xperia XA ရဲ့တန်ဖိုးကို သင့်တင့်တဲ့ဈေးနှုန်းဖြစ်အောင် သတ်မှတ်ပေးထားတာဟာနောက်ဆုံး စိတ်ဝင်စားစရာကောင်းတဲ့အချက်ဖြစ်ပြီး Xperia XA ကို ဈေးနှုန်းပိုင်းမှာ ယှဉ်ပြိုင်မှုကင်းတဲ့ Super mid-range စတ်ဖုန်းလို့တောင် တင်စားခဲ့ကြပါတယ်။
" Design & Build "
Sony Xperia XA ကို ကိုင်သုံးရတာ ပိုမိုသက်သောင့်သက်သာရှိပြီး ပါးလွှာတဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။ XA ဖုန်းဟာ ပါးလွှာတယ်ဆိုပေမယ့်လည်း သတ္တုဘေးဘောင်နဲ့ ကျောဘက်ကို ပလတ်စတစ်နဲ့ ဖွဲ့စည်းထားပါ တယ်။ ဖုန်းအလေးချိန်လည်း ညီမျှအောင်ဖန်တီးထားပြီး 137g သာလေးပါတယ်။ Xperia XA မှာ Fingerprint sensor ပါဝင်လာတာမတွေ့ရဘဲ sensor အစား ပါဝါခလုတ်ကိုထည့်သွင်းထားပါတယ်။ မျက်နှာပြင်ကို ကိုယ်ထည်အတွင်းသို့ အနည်းငယ်ကွေးထားတဲ့ ဒီဇိုင်းကြောင့် Display မြင်ကွင်း ပိုမိုကြီးမားလာပါ တယ်။
Sony Xperia XA ဟာ အလွန်ကြီးမားတဲ့ဖုန်းတစ်လုံးမဟုတ်ဘဲ Screen အပေါ်ပိုင်းနဲ့ အောက်ပိုင်း တို့မှာ နေရာလွတ်တွေချန်ပေးထားပါတယ်။ Memory ထပ်တိုးမြှင့်သုံးစွဲနိုင်အောင် Slot တွေထည့်သွင်း ထားပြီး ကျောဘက် ကင်မရာဟာ ဖုန်းရဲ့ ညာဘက်ဘေးထောင့်မှာဖြစ်ပါတယ်။ Xperia XA ဟာ 7.9mm အထူသာရှိပြီး ရှည်မျောမျောပုံသဏ္ဌာန်ဒီဇိုင်းနဲ့ ထွက်ရှိလာပါတယ်။ ပါဝါ၊ အသံခလုတ်တို့ဟာ ညာဘက်ဘေးမှာထားရှိပေးထားပြီး အသံခလုတ်၊ အောက်ခြေမှာ အရောင် ၄ မျိုးရှိပြီး အဖြူ၊ အနက်၊ Lime Gold, Rose Gold တို့ ဖြစ်ပါတယ်။
" Display "
၅ လက်မအရွယ်အစားဟာ Xperia XA Display ဖြစ်ပြီး IPS LCD အမျိုးအစားကိုအသုံးပြုထားပါတယ်။ 720×1280 pixels HD ရုပ်ထွက်အရည်အသွေးကိုရရှိနိုင်ပြီး 294ppi ကတော့ Pixel သိပ်သည်းဆပမာဏဖြစ်ပါတယ်။ မျက်နှာပြင်အကြမ်းဒဏ်ခံနိုင်ရည်အတွက် Scratch-resistant glass နဲ့ ဖုံးအုပ်ထားပါတယ်။
" Operating System and Camera "
Android OS 6.0.1 (Marshmallow) run ထားပါတယ်။ Xperia XA မှာ တပ်ဆင်ထားတဲ့ ကျောဘက် ကင်မရာဟာ 13MP ဖြစ်ပြီး Phase detection autofocus နဲ့ LED Flash မီးတို့ကိုသုံးစွဲနိုင်ပါတယ်။ Full HD 1080p ဗီဒီယိုကို 30fps နဲ့ရိုက်ကူးနိုင်ပြီး ရှေ့ဘက် 8MP ကင်မရာအသုံးပြုကာ Full HD ဗီဒီယိုတွေရိုက်လို့ ရပါတယ်။ ရှေ့ကင်မရာနဲ့ HDR ဖန်တီးနိုင်ပြီး Autofocusပါဝင်ကာ ¼" sensor ဖြစ်ပါတယ်။
" Performance "
Sony Xperia XA အတွက် စွမ်းဆောင်ရည်ပိုင်း မြန်ဆန်ချောမွေ့နေဖို့ Mediatek MT6755 Helio P10 chip နဲ့ 2.0GHz မြန်နှုန်းရှိ Octa-core processor က ဆောင်ရွက်ပေးပါတယ်။ 2GB RAM, ဂရပ်ဖစ် Mali-T860MP2 တို့ ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါရှိပြီး microSD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါတယ်။ Li-ion 2300mAh ဘက်ထရီကို ဖြုတ်/တပ်လို့မရနိုင်ဘဲ 3G ကွန်ရက်မှာ ၁၀ နာရီကြာ စကားပြောနိုင်ပါတယ်။
Specification
Display : 5.0 inches, IPS LCD capacitive touchscreen
Memory : 16 GB, 2 GB RAM, microSD, upto 256GB
Camera : 13 Megapixel, phase detection autofocus, LED flash
OS : Android OS, v6.0.1 (Marshmallow)
Phone : 01-224502 (CTM)
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal

www.pyaephyo.com