7/19/2016

♪ " OPPO A37 " Price » 229,000 Ks ♫


A-series တွေရဲ့အောက်မှာ OPPO A37 လို့ နာမည်ပေးထားတဲ့ Budget ဖုန်းအသစ်တစ်လုံးကို OPPO ဟာ ဂုဏ်ယူဝံ့ကြွားစွာ ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါ တယ်။ A37 ဟာ entry-level စမတ်ဖုန်းအမျိုးအစားတွေထဲမှာ ပါဝင်နေပြီး features ပိုင်းတွေကတော့ အတော်လေး အဆင့်မြင့်မြင့်တွေကိုသာ အသုံးပြုထားတာ တွေ့ရပါတယ်။ မကြာသေးခင်ကမှ ဈေးကွက်ထဲ အခြားနာမည်ကြီးဖုန်းတွေနဲ့အတူ ဝင်ရောက်လာတဲ့ OPPO A37 ဟာ မိုဘိုင်းဖုန်း user တွေကို ဆန်းသစ်မှုတွေနဲ့ စိတ်ကျေနပ်နှစ်သက်မှုတွေ ပြန်လည်ဝေမျှပေးစွမ်းနိုင်ဦးမှာ သေချာသလောက်ရှိပါတယ်။


OPPO စမတ်ဖုန်းတွေဟာ အရင်ကတည်းက အောင်မြင်နှင့်နေပြီးသား ဖြစ်တာကြောင့် အခုထွက်ရှိလာတဲ့ A37 ရဲ့ အရည်အသွေးက ဆက်လက်ယုံကြည်သုံးစွဲနိုင်ပါတယ်။ OPPO A37 မှာ အရေးကြီးဆုံးဟာ ကင်မရာပိုင်းဖြစ်ပြီး စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကလည်း A37 ရဲ့ ကင်မရာ System ဖြစ်ပါတယ်။ OPPO A37 ရဲ့ အရှေ့ဘက်နဲ့ ကျောဘက်ကင်မရာတို့ဟာ 5MP နဲ့ 8MP sensors တွေကို အသီးသီးအသုံးပြုထားပြီး ကင်မရာနှစ်ခုလုံးကို 1.4 μm နည်းပညာကို အခြေခံကာ ဖွဲ့စည်းထားပါတယ်။
ဒီနည်းပညာကြောင့် A37 ကင်မရာမှာ pixels ပမာဏ ပိုမိုများပြားလာနိုင်ပြီး အရောင်ထွက် ပိုတောက်ပစိုပြေလာသလို မကြည်လင်တဲ့ပုံရိပ်တွေကို လျော့နည်းအောင် ပြုလုပ်ပေးနိုင်ပါတယ်။

OPPO A37 ကင်မရာမှာ ထည့်သွင်းထားတဲ့ Sensors တွေဟာလည်း OmniBSI+ နည်းပညာနဲ့ ဖန်တီးထားတာဖြစ်ပြီး Low-light Performance တွေကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးနိုင်တဲ့ Sensors ဖြစ်ပါတယ်။ ရှေ့ဘက်ကင်မရာမှာ သုံးထားတဲ့ Software ကြောင့် ကင်မရာ App ကနေ Multiple Scene Mode, Filters, Shooting Modes စတဲ့ features တွေကို Support ပြုလုပ်နိုင်ပါတယ်။
Selfie အတွက် Beautify 4.0 ထည့်သွင်းထားပြီး ဒီ software မှာ အသားရောင်အလိုက် ပြောင်းလဲအသုံးပြုနိုင်တဲ့ modes နှစ်မျိုးပါဝင်ပါတယ်။ A37 ဟာ Selfie အတွက်တော့ အသင့်တော်ဆုံးဖုန်းတစ်လုံးဖြစ်ပြီး ကင်မရာစွမ်းဆောင်ရည်ဟာ အမြင့်ဆုံးတွေပါ။ ကင်မရာရဲ့ အရှေ့ဘက်ကနေ လက်ကိုလှုပ်ခါလိုက်ရင် timer နဲ့ အချိန်သတ်မှတ် ရိုက်ကူးလို့ရတဲ့ Palm Shutter Mode လည်း OPPO A37 မှာ ထည့်ထားပါတယ်။ Full HD 1080p ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။

LED flash ကို ကျောဘက်ကင်မရာအောက်နားမှာ တပ်ဆင်ထားပါတယ်။ A37 ဘေးဘောင်တွေဟာ မဂ္ဂနီဆီယမ်သတ္တုစပ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး တည်ဆောက်မှုအရည်အသွေး ပြည့်မီစေဖို့ A37 ရဲ့ ကိုယ်ထည်ကို သတ္တုသား အသုံးပြုထားပါတယ်။ 7.7mm အထူနဲ့ 136g အလေးချိန်ရှိပါတယ်။ Gold နဲ့ Rose Gold အရောင် အသစ်အဆန်းနှစ်မျိုးနဲ့ ရရှိနိုင်တဲ့ OPPO A37 ဟာ ဒီအချက်နဲ့တင် သာလွန်ကောင်းမွန်နေပြီး ထူးခြားတဲ့အရောင်အသွေးကြောင့် အခြားဖုန်းတွေနဲ့ယှဉ်လိုက်ရင် ထင်ရှားနေပါလိမ့်မယ်။

ညာဘက်ခြမ်းမှာ ပါဝါခလုတ်နဲ့ ဘယ်ဘက်မှာ Volume Key တို့ ပါဝင်ပါတယ်။ Display ဟာ ၅ လက်မဖြစ်ပြီး Corning Gorilla Glass 4 နဲ့ ကာကွယ်ဖုံးအုပ်ထားပါတယ်။ Hardware ပိုင်းအတွက် 2GB RAM နဲ့ 64-bit Qualcomm Snapdragon 410 Quad-core processor တို့ကို သုံးစွဲထားပြီး 1.2GHz မြန်နှုန်း ရှိပါတယ်။ အဆင့်မြင့်ဂိမ်းအကြီးစားတွေ ကစားဖို့ ဂရပ်ဖစ် Adreno 306 ထည့်သွင်းထားပြီး 720 x 1280 pixels HD resolution ရရှိအောင် ပံ့ပိုးပေးထားတဲ့ Screen နဲ့ ဂိမ်းကောင်းကောင်း ကစားလို့ပါတယ်။

A37 မှာ Android OS 5.1 (Lollipop) ကို အခြေခံထားတဲ့ Color OS 3.0 ရဲ့ ကောင်းမွန်မှုကို တွေ့ရမှာပါ။ အရင်ထက် ၂ဝ% ပိုမိုမြန်ဆန်တဲ့ Color OS 3.0 ကို သုံးရမှာဖြစ်ပြီး OS မှာ Contacts Apps နဲ့ င်္ Files တွေကို Hide ထားနိုင်တဲ့ Privacy Mode ဆိုတာလည်း ပါဝင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုအမျိုးအစား 16GB ပါရှိပြီး microSD နဲ့ 256GB အထိ မြှင့်တင်နိုင်ပါတယ်။ Dual-SIM အမျိုးအစားဖြစ်ပြီး OPPO A37 မှာ Distance, Light, G-sensor, E-compass မျိုး သုံးနိုင်ပါတယ်။

* Battery Life *
A37 မှာ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို အခက်အခဲမရှိအောင် ဆောင်ရွက်ထိန်းသိမ်းပေးနိုင်မယ့် ဘက်ထရီအကောင်းစားကိုသာ သုံးစွဲထားပြီး Li-Ion 2630mAh ဘက်ထရီ ပါဝင်ပါတယ်။ ဘက်ထရီသုံးစွဲမှုကို အလွန်ကျွံမဖြစ်အောင် ထိန်းသိမ်းပေးနိုင်ပြီး ဖြုတ်/တပ်လို့ မရပါဘူး။

* Design *
သတ္တုကိုယ်ထည်ဒီဇိုင်းမျိုးဖြစ်ပြီး မဂ္ဂနီဆီယမ်သတ္တုစပ် ဘေးဘောင်နဲ့ပါ တည်ဆောက်ထားပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ အလေးချိန်ဟာ 136 g သာ လေးပြီး ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်ပါတယ်။ လေးထောင့်ပုံသဏ္ဌာန်လိုမျိုး ဒီဇိုင်းကြောင့် လက်တစ်ဖက်တည်းမှာတင် အံဝင်ခွင်ကျဖြစ်နေပြီး အလွန်လှပပါတယ်။

* Processor *
Qualcomm Snapdragon 410 Quad-core 1.2GHz မြန်နှုန်းရှိတဲ့ processor နဲ့ ဖုန်း Performance တွေကို အစွမ်းကုန်ဆောင်ရွက်ပေးမှာဖြစ်ပြီး ပိုမိုကောင်းမွန်စေဖို့ RAM 2GB နဲ့ ထောက်ပံ့ပေးထားပါတယ်။ ဂရပ်ဖစ် Adreno 306 ကို ထည့်ထားပါတယ်။

* Display and Camera *
၅ လက်မအရွယ် Display, 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေးတို့ကို ပေးစွမ်းနိုင်ပါတယ်။ Corning Gorilla Glass 4 နဲ့ မျက်နှာပြင်ကို ဖုံးအုပ်ထားတာမို့ အကြမ်းဒဏ်ခံနိုင်ပါတယ်။ A37 ရဲ့ ပင်မကင်မရာဟာ 8MP ဖြစ်ပြီး LED flash သုံးနိုင်ပါတယ်။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး 5MP ကင်မရာဟာ ရှေ့ကင်မရာဖြစ်ပါတယ်။

* Verdict *
အရည်အသွေးမြင့် OPPO စမတ်ဖုန်းတွေဟာ နာမည်အမျိုးမျိုးနဲ့ ထွက်ရှိလာခဲ့ပေမယ့် ထွက်ရှိလာတဲ့ ဖုန်းအားလုံးမှာ အကောင်းဆုံးဆိုတာတွေနဲ့ပဲ အချိန်ပေးတီထွင်ထုတ်လုပ်လျက်ရှိပါတယ်။ ဒီလိုဖန်တီးမှုတွေဟာ OPPO A37 မှာ စဉ်ဆက်မပြတ် ပါဝင်ခဲ့ပြီး လက်လွတ်မခံသင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။

Specification
» Network : GSM/HSPA/LTE (Dual-SIM)
» Weight : 136 g
» Display : 5.0", IPS LCD capacitive touchscreen
» Dimensions : 5.63 x 2.80 x 0.30 inch
» Memory : 16GB, 2GB RAM, microSD, up to 256GB
» Camera : 8 Megapixel, Front : 5 Megapixel autofocus, LED flash, geo-tagging, 1/3.2" sensor size, 1.4 μm pixel size, touch focus, face detection, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8916 Snapdragon 410 CPU : Quad-core 1.2GHz, GPU : Adreno 306
» OS : Android OS, v5.1 (Lollipop)
» Protection : Corning Gorilla Glass 4 | Color OS 3.0
Contact Phone » 09-453492457 ( OPPO Showroom )

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com