7/04/2016

♪ " OnePlus 3 VS Xiaomi Mi 5 " ♫


OnePlus 3 ဟာ ပိုမိုအဆင့်မြင့်တဲ့ features တွေနဲ့ ဖွဲ့စည်းထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး OnePlus 2 မှာ လစ်ဟာခဲ့တဲ့ ကင်မရာအားနည်းချက် အချို့နဲ့ NFC တို့ကို OnePlus 3 မှာ မပျက်မကွက် ထည့်သွင်းပေးခဲ့ပါတယ်။ ကျောဘက်မှာ အပြင်ကိုငေါထွက်နေတဲ့ ကင်မရာဒီဇိုင်းကို မြင်တွေ့နိုင်ပါတယ်။ Home ခလုတ်ကနေ Fingerprint လုပ်ဆောင်နိုင်ပြီး Sensor ဟာ OnePlus 3မှာ တိုးတက်ကောင်းမွန်လာပါတယ်။

OnePlus 3 မှာ USB Type-C ကို အသုံးပြုနိုင်ပြီး ဖုန်းတွင်းသိုလှောင်မှုပမာဏ 64GB ကို ရရှိနိုင်ပါတယ်။ OnePlus 3 မှာ SD ကတ်ထည့်သုံးစရာ Slot မပါဝင်ဘဲ Dual-SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပါတယ်။ OnePlus 3 ရဲ့ အဓိကကင်မရာအတွကှ် Sony IMX 298 Sensor သုံးထားပြီး 16MP အရည်အသွေးရှိပါတယ်။ 4K ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ကင်မရာ 8MP ဖြစ်ပါတယ်။ Xiaomi Mi 5 မှာ Android OS 6.0 (Marshmallow) run ထားပြီး MIUI 7.0 နဲ့ တွဲဖက်သုံးနိုင်ပါတယ်။ Xiaomi ဖုန်းတွေဟာ ကင်မရာကောင်းမွန်တာကြောင့် Mi 5 မှာ 16MP ကင်မရာကို ကျောဘက်မှာ တပ်ဆင်ပေးထားပြီး OIS, dual-LED flash တို့ ပါဝင်ပါတယ်။ ရှေ့ကင်မရာဟာ 4MP ဖြစ်ပါတယ်။ 4K ဗီဒီယိုကို ရိုက်ကူးနိုင်ပြီး Mi 5 မှာ Fingerprint sensor ထည့်သွင်းထားပါတယ်။

* Design *
1. OnePlus 3
OnePlus ရဲ့ ပလတ်စတစ်ဖုန်းတွေထဲမှာ အလူမီနီယမ်နဲ့ တည်ဆောက်ထားတဲ့ OnePlus 3 ရဲ့ unibody ဒီဇိုင်းကကြည့်ရတာ ပိုမိုကောင်းမွန်လာပြီး HTC 10 ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်တူညီနေပါတယ်။ အရည်အသွေးကောင်းတဲ့ပစ္စည်းတွေကို အသုံးပြုတည်ဆောက်ထားပါတယ်။

2. Xiaomi Mi5
Mi 5 ရဲ့ ကျောပြင်ဖန်သားဟာခုံးနေပြီး သတ္တုဘောင်နဲ့ အလှဖန်တီးပေးထားပါတယ်။ Home ခလုတ်ပါဝင်ပြီး IR Blaster ကို အပေါ်ပိုင်းမှာ ထည့်သွင်းထားပါတယ်။ တောင့်တင်းခိုင်မာမှုရှိအောင် တည်ဆောက်ထားပြီး Mi 5 မှာ 3D Glass ဒီဇိုင်းကို သုံးထားပါတယ်။

* Processor *
1. OnePlus 3
Qualcomm Snapdragon 820 chip ကို ထည့်သုံးပေးထားတာက ဖုန်းရဲ့အားသာချက်တစ်ခုဖြစ်ပြီး Quad-core processor နဲ့ စွမ်းဆောင်ရည်အတွက် အလုပ်လုပ်ပေးမှာပါ။ RAM ပမာဏဟာ 6GB ထိ ထည့်ထားပေးပြီး Adreno 530 ကတော့ ဂရပ်ဖစ်ဖြစ်ပါတယ်။
 
2. Xiaomi Mi5
Mi 5 ဟာ အဆင့်မြင့်ဖုန်းတစ်လုံးဆိုတာ သတ်မှတ်လို့ရအောင် စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 820 Quad-core processor ကို အသုံးပြုပေးထားတာဖြစ်ပါတယ်။ RAM ဟာ 3GB ဖြစ်ပြီး ဂိမ်းတွေအတွက် Adreno 530 ဂရပ်ဖစ် ပါဝင်ပါတယ်။

* Display *
1. OnePlus 3
Display ဟာ ပြောင်းလဲမသွားဘဲ တူညီတဲ့ display, resolution တို့ကို ရရှိနိုင်ပါတယ်။ 1080 x 1920 pixels full HD ကို ပံ့ပိုးပေးပြီး ရုပ်ထွက်သိပ်သည်းဆ 401ppi ပါဝင်ပါတယ်။ မျက်နှာပြင်ဟာ ၅.၅ လက်မအရွယ် ဖြစ်ပါတယ်။

2. Xiaomi Mi5
မျက်နှာပြင် အနည်းငယ်ကြီးမားလာပြီး ၅.၁၅ လက်မအရွယ် မြင့်လာပါတယ်။ ရုပ်ထွက် ကောင်းမွန်ကြည်လင်ပြီး 1080 x 1920 pixels full HD ကို ရရှိနိုင်ပါတယ်။ Corning Gorilla Glass 4 နဲ့ ဖုန်းမျက်နှာပြင် ထိခိုက်ပျက်စီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။

* Verdict *
1. OnePlus 3
OnePlus ရဲ့ အရင်ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေမှာ တွေ့ကြုံခဲ့ရတဲ့ အပြစ်အနာအဆာတွေနဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ပေးခဲ့ပြီး အကောင်းဆုံးနဲ့ ဈေးနှုန်းအသက်သာဆုံး စမတ်ဖုန်းအဖြစ်ဖြစ်လာတဲ့ OnePlus 3 မှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာအချက်တွေ ပါဝင်နေပါတယ်။

2. Xiaomi Mi5
Mi 5 ဟာ Xiaomi ရဲ့ အကောင်းဆုံးစမတ်ဖုန်းတစ်လုံးဆိုတာ ငြင်းပယ်လို့မရတဲ့ အချက်တစ်ချက်ပါ။ MIUI ကိုလည်း update ပြုလုပ်ပေးထားတဲ့အတွက် ဒါဟာ Mi 5 ကို နှစ်သက်ရတဲ့အကြောင်းရင်း ဖြစ်လာ ပါလိမ့်မယ်။ Hardware, Software တွေ အားလုံးခြုံငုံကြည့်ရင် ဈေးနှုန်းနဲ့ ထိုက်တန်လွန်းပါတယ်။

NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com