7/04/2016

♪ Android ဖုန်း၏ GPS စနစ်ကို အသုံးပြုခြင်း♫


Android စနစ်သုံး စမတ်ဖုန်းတွေမှာ Global Positioning Technology လို့ခေါ်တဲ့ GPS စနစ်ကို Google Maps ဒါမှမဟုတ် တခြားသော third-party GPS tool တွေကို အသုံးပြုပြီး သုံးရတာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဖုန်းကနေ တည်နေရာကို လမ်းညွှန်မြေပုံပေါ်မှာ ထောက်လှမ်းရှာဖွေပြီး ကိုယ်သွားချင် တဲ့နေရာကို မြေပုံပေါ်မှာ လမ်းညွှန်ဖို့အတွက် ဒီစနစ်ကို အသုံးပြုတာ ဖြစ်ပါတယ်။ အခု Google Maps ကိုသုံးပြီး GPS စနစ်ကို အသုံးပြုပုံကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဖုန်းထဲက PlayStore ဆိုတဲ့ App ကို ဖွင့်ဖို့အတွက် နှိပ်လိုက်ပါ။ (PlayStore ကို ဖွင့်ဖို့အတွက် ဖုန်းမှာ အင်တာနက်ချိတ် ဆက်ထားရပါမယ်။


PlayStore ပွင့်လာရင်တော့ ညာဘက်အပေါ်ထောင့်နားက မှန်ဘီလူးပုံလေးကို နှိပ်ပါ။


ပြီးရင်တော့ အပေါ်ဘက်နားက Search bar မှာ "Google Maps" ဆိုပြီး ရိုက်ထည့်လိုက်ပါ။


INSTALL ကိုနှိပ်လိုက်ရင် တော့ ကိုယ့်ဖုန်းထဲကို Google Maps App ရောက်ရှိလာမှာဖြစ်ပြီး App icon ကို နှိပ်ပြီး ဖွင့်လိုက်ပါ။ (ကိုယ့်ဖုန်းထဲမှာ Maps ဆိုတဲ့ icon လေးနဂို ဝယ်ကတည်းက ပါတယ်ဆိုရင်တော့ အခုဆက် လက်ဖော်ပြတဲ့ အဆင့်ကနေပဲ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။)

"Google Maps" ကို ရိုက်ရှာလိုက်လို့ အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင်တော့ အစိမ်းရောင် INSTALL ဆိုတာကို နှိပ်ပါ။

 

Maps icon ကို နှိပ်လိုက်ရင်တော့ အောက်ကပုံအတိုင်းပေါ် လာမှာဖြစ်ပြီး မြှားပြထားတဲ့ GPS icon ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။
ဒီအဆင့်မှာ ကိုယ့်က ဖုန်းရဲ့ GPS စနစ်ကို ပိတ်ထားမိတယ် ဆိုရင်တော့ ဖွင့်ပေးဖို့စာသား တက်လာမှာဖြစ်ပြီး ဖုန်းရဲ့ systems ထဲက Locations ဆိုတာကို ဖွင့် ပေးရမှာဖြစ်ပါတယ်။
GPS icon ကို နှိပ်လိုက်လို့ မြေပုံပေါ်မှာ ကိုယ်ရဲ့တည်နေရာကို ပြပြီဆိုရင်တော့ နောက်တစ်ဆင့် အနေနဲ့ ကိုယ်သွားမယ့်နေရာကို လမ်းညွှန်ပေးဖို့အတွက် ပုံထဲက Route icon ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့် အနေနဲ့ ကိုယ့်သွားချင်တဲ့နေရာကို အဆင့်ဆင့်လမ်း ညွှန်ဖို့အတွက် Search ဆိုတဲ့ အကွက်ထဲမှာ ရိုက်ပေးလိုက်မယ် ဆိုရင်တော့ ကိုယ့်သွားရမယ့် လမ်းကြောင်းကို မြေပုံပေါ်မှာ ပေါ်လာမှာ ဖြစ်ပါတယ်။

 

 
 

Credit to ==> Internet Journal

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com