7/04/2016

♪ " Meizu Pro 6 " ♫


Meizu ရဲ့ Pro series တွေဟာ flagship တစ်လုံးရဲ့ကောင်းမွန်မှုတွေကို အပြည့်အ၀ပေးစွမ်းနိုင်ပြီး အရည်အသွေးမြင့် Screen ကြီးကြီး ဖုန်းတစ်လုံးမှ အဆင့်မြင့် chipsets တွေနဲ့ ထုတ်ပိုးပေးနိုင်အောင် ကြိုးစားဖန်တီးပေးလျက်ရှိပါတယ်။ Meizu Pro 6 မှာ နောက်ဆုံးပေါ် core ၁၀ လုံးပါဝင်တဲ့ chip ကို အသုံးပြုပေးထားပြီး စွမ်းဆောင်ရည်အကောင်းဆုံးပြုလုပ်ပေးနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဆိုတာ သက်သေပြ ချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Meizu Pro 6 ဟာ Pro series ၃ လုံးထဲမှာ အသေးဆုံး Screen ဖြစ်နေပေမယ့် Pro 5 ရဲ့ ဒီဇိုင်း၊ storage နဲ့ ကင်မရာပိုင်းတွေမှာ အားလုံးတူညီနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ Pro 6 မှာ ထူးခြားတာက အရင် Pro 5 မှာပါဝင်တဲ့ Exynos 7420 octa-core ကို ဆက်လက်မသုံးတော့ဘဲ Helio X25 chip ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ Helio X25 Chipset ထည့်သွင်းထားတဲ့ ပထမဆုံး flagship ဖုန်းတစ်လုံးဖြစ်ပြီး အဆင့်မြင့်တဲ့ deca-core processor နဲ့မြှင့်တင်ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် Meizu Pro 6 ဟာ 3D Touch ကို Support လုပ်ပေးနိုင်တဲ့ ပထမဆုံး Android ဖုန်းဖြစ်သလို Fingerprint sensor လည်း ပါဝင်ပါတယ်။ Android OS 6.0 (Marshmallow) အပေါ်မှာထပ်သုံးထားတဲ့ Flyme OS 5.6 ကို တွေ့မြင်နိုင်ပါတယ်။ NFC ချိတ်ဆက်အသုံးပြုနိုင်ပြီး Pro 6 မှာ အားကောင်းတဲ့ ဘက်ထရီကို မိနစ် ၃၀ အားသွင်းရုံနဲ့ ၆၅% အားပြန်ပြည့်လာနိုင်တာမို့ အသုံးဝင်ပါတယ်။ ရွှေရောင်၊ ငွေရောင်၊ မီးခိုးနဲ့ Rose Gold အရောင် ၄ မျိုး ရရှိနိုင်ပါတယ်။

Design & Build
Meizu Pro 6 မှာ Pro series ဒီဇိုင်းတွေအတိုင်း မပြောင်းလဲထားတာ တွေ့ရပါတယ်။ Meizu Pro 6 ကို သတ္တုနဲ့တည်ဆောက်ထားပြီး AMOLED Screen ကိုတော့ Gorilla Glass 4 နဲ့ ဖုံးအုပ်ပေးထားပါတယ်။ အလွန်ပါးလွှာတဲ့ အလူမီနီယမ်ကိုယ်ထည်နဲ့ ကျဉ်းမြောင်းတဲ့ ဘေးဘောင်တို့ကို ပုံမှန်မြင်တွေ့နေကျအတိုင်း ဖွဲ့စည်းထားပြီး အင်တာနာနှစ်ချောင်းကို အပေါ်ပိုင်းနဲ့အောက်ပိုင်းမှာ ထည့်သွင်းထားပါတယ်။

ဘေးထောင့်တွေကို ကွေးထားတဲ့ဒီဇိုင်းကြောင့် လုံးဝန်းနေပြီး ကျောဘက်က lines တွေကို ကွေးထားတဲ့ Pro 6 ရဲ့ ဒီဇိုင်းဟာ ပိုမိုစတိုင်ကျလှပစေပါတယ်။

ဘေးဘောင်တစ်လျှောက်ခုံးထားပြီး လေးထောင့်ကျကျထောင့်စွန်းတို့ကို 2.5D glass နဲ့ ဖွဲ့စည်းထားပါတယ်။ ပလပ်စတစ်အင်တာနာတို့ကို သတ္တုအိမ်မှာ ထည့်သွင်းတည်ဆောက်ထားတဲ့ ဒီဇိုင်းကြောင့်လည်း ချီးကျူးစရာကောင်းပါတယ်။ Pro 6 ရဲ့ ဘယ်ဘက်ခြမ်းမှာ SIM tray တစ်ခုတပ်ဆင်ထားပြီး Dual-SIM သုံးဖို့အတွက် Nano ကတ်နှစ်ကတ်ကို ထည့်သွင်းရမှာပါ။ ညာဘက်ခြမ်းမှာ အသံအတိုးအလျှော့ခလုတ်နဲ့ ပါဝါခလုတ်တို့မြင်တွေ့နိုင်ပြီး ခလုတ်နှစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပါတယ်။ ဖုန်းရဲ့ အပေါ်ခြမ်းမှာ ဘာခလုတ်မှမတွေ့ရဘဲ အောက်ခြေမှာ စပီကာ၊ USB Type-C အပေါက်၊ မိုက်နဲ့ audio jack တို့ကို ထည့်ထားပါတယ်။

Display
Super AMOLED အမျိုးအစား Display ကြောင့် ရုပ်ထွက်ကောင်းမွန်မှုကို အထိရောက်ဆုံး သိရှိခံစားနိုင်ပြီး ၅.၂ လက်မအရွယ် မျက်နှာပြင်ကို ပိုင်ဆိုင်ထားပါတယ်။ ရုပ်ထွက်အရည်အသွေးဟာ Full HD ကို ပေးစွမ်းနိုင်ပြီး 1080×1920 pixels ပမာဏရှိပါတယ်။ Pixel သိပ်သည်းဆ 423ppi ထိ ပါရှိပြီး 3D Touch display ပါဝင်ပါတယ်။ Corning Gorilla Glass 4 နဲ့ မျက်နှာပြင်အကြမ်းဒဏ်ကို ကာကွယ်ပေးနိုင်ဖို့ ဖုံးအုပ်ထားပါတယ်။

Operating System and Camera
Meizu Pro 6 အတွက် Flyme 5.6 နဲ့အတူသုံးနိုင်တဲ့ Android OS 6.0 (Marshmallow) ကို အသုံးပြုထားပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 21MP ရှိတာမို့ ကင်မရာပိုင်းအဆင့်မြင့်ပြီး Phase detection, Laser Autofocus, ten-LED flash မီးတို့ပါဝင်ပါသေးတယ်။ ဗီဒီယိုရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာကိုတွေ့ရပါတယ်။ ရှေ့ဘက်ကင်မရာမှာ f/2.0 aperture lens ကိုသုံးထားပြီး 1080p full HD ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။

Performance
Mediatek MT6797T Helio X25 chip ကို အသုံးပြုထားပြီး စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်ပေးပါတယ်။ Deca-core processor နဲ့ စွမ်းဆောင်ရည် ပိုမိုလျင်မြန်အောင် အလုပ်လုပ်ပေးမှာဖြစ်ပြီး ဂရပ်ဖစ် Mali-T880 MP4 ကို ထည့်သုံးထားပါတယ်။ 4GB RAM ဟာ လုံလောက်တဲ့ပမာဏဖြစ်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 32/64GB နှစ်မျိုးရှိပြီး ကတ်ထပ်စိုက်သုံးစရာ slot မပါဝင်ပါဘူး။ အားသွင်းချိန် အလွန်မြန်ဆန်ပြီး Li-ion 2560mAh ဘက်ထရီသုံးစွဲထားပါတယ်။

Specification
Display : 5.2 inches, Super AMOLED capacitive touchscreen Memory : 32 / 64 GB, 4 GB RAM
Camera : 21 Megapixel, Phase detection & Laser autofocus
ten-LED (dual tone) flash
OS : Android OS, v6.0 (Marshmallow)
Phone : 01-398436 (UNiQUE)
Price : 459,000 Ks
NetGuide Journal (Every Wednesday)
https://web.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com