ဈေးနှုန်းသင့်တော်ပြီး စွမ်ဆောင်ရည်မြင့် Lenovo Vibe K5 Plus
Smartphone ဟာဆိုရင်ဖြင့် ကျစ်လစ်မာကျောပြီး ဖုန်းရဲ့အရွယ်အစားပမာဏကတော့
142x71x8 mm နှင့် မျက်နှာပြင်အကျယ် 5.0 လက်မ ၊ အလေးချိန်အားဖြင့် 140
grams သာရှိ၍ပေါ့ပါးခိုင်ခန့်သောဒီဇိုင်းဖြင့်တည်ဆောက်ထားတယ်လို့ သိရပါသည်။
K5 Plus Smartphone ဟာ အမြင်အာရုံကို 1080×1920 ဖြင့် ထောက်ပံပေးထားပြီး တစ်လက်မမှာရှိမဲ့  Pixel ပမာဏ သိပ်သည်းဆသည် 441 PPI ဖြစ်သည့် အပြင် Multitouch စနစ်တွင်လည်း လက်ချောင်းပေါ်က ထိတွေမူများအတွက်တိကျသော ရွေ့ လျားမူကိုပေးစွမ်းပါတယ်။ Lenovo Vibe K5 Plus Smartphone တွင် အဓိကကင်မရာ 13 MP စွမ်းရည် ရှိ၍အရှေ့ကင်မရာကို 5 MP တို့ ပါဝင်ပြီး Dual–LED (dual tone) Flash လဲပါရှိတယ်လို့ သိရပါတယ်။
မှတ်ညဏ်အပိုင်းတွင် 2 GB RAM ၏ ပေါင်းစပ်ထားမှု ၊ Internal Storage 16 GB ပါဝင်၍ SIM Card (၂) ကဒ် ထည့်သွင်း အသုံးပြုနိုင်သော Dual SIM Smartphone အမျိုးအစား ဖြစ်ပြီး SIM Slot (၂) ခုလုံးတွင် GSM/WCDMA မည်သည့် SIM Card ကို မဆိုထည့်သွင်း အသုံးပြုနိုင်ပြီး 4G ကွန်ယက် စနစ် အပြည့် အဝရရှိစေနိုင်တယ်လို့ သိရပါသည်။
Dolby Atom နည်းပညာဖြင့် စကားပြောသံများ ၊ သီချင်းသံများ နှင့် သဘာဝ အသံများ ကို တိကျရှင်းလင်း ထင်သာစွာ နားဆင်နိုင်ပြီး မည်သည့် အသံဖိုင်မျိုးကိုမဆို ပြည့်ဝသော စွမ်းရည်များဖြင့် ခံစားနိုင်မည်အပြင် OS အပိုင်းတွင်လဲ 5.1 Android Version အသုံးပြုထားတယ်လို့ သိရပါသည်။ ဘက်ထရီပိုင်းအနေနဲ့ လဲ Li-Ion 2600 mAh အသုံးပြုထားပြီး အာမခံ(၁)နှစ်ပါဝင်သော Lenovo Vibe K5 Plus သည် Grey & Gold အရောင်နှစ်မျိုးအပါအဝင် ဈေးနှုန်း ၁၉၉,၀၀၀/ကျပ် ဖြင့် အမြို့မြို့အနယ်နယ်ရှိ Lenovo အရောင်ဆိုင်ကြီးများတွင်ဝယ်ယူရရှိနိုင်ပြီး Lenovo Vibe K5 Plus Smartphone ဝယ်ယူသူတိုင်းကို အထူးလက်ဆောင်အနေဖြင့် Lenovo VR ကို လက်ဆောင်ပေးသွားမည်ဟုသိရပါသည်။
Lenovo VR အသုံးပြုခြင်း၏ရလဒ်များသတော့ Smartphone ကိုရုပ်ရှင်ရုံကဲ့သို့ကြည့်ရူနိုင်ခြင်း ၊ Smartphone ကိုအသုံးပြုပြီး အပြင်မှခံစားမူ ရသမျိုးပြုလုပ်ပေးနိုင်ခြင်းတို့ ရရှိစေတယ်လို့သိရပါသည်။ အထက်ပါအကြောင်းအရာများနှင့် ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း- 01-381129, 381035, 245180 (Ext: 142) သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။

www.pyaephyo.com