HTC က ဒီနှစ်မှာ စမတ်ဖုန်း ထုတ်လုပ်မှုကို လျှော့ချမှာ ဖြစ်တယ်လို့
ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။ HTC ဟာ Vive ဖြင့် Virtual Reality
Headset လောကမှာ နာမည်ရနေတဲ့အတွက် အဲဒီနယ်ပယ်ကို အာရုံစိုက်ထားမှာ
ဖြစ်ပါတယ်။
ခန့်မှန်းသူများက ဒီနှစ်မှာ HTC ဟာ စမတ်ဖုန်း အလုံးရေ ၁၃ သန်းသာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၁၈ သန်း ထုတ်လုပ်ရောင်းချခဲ့ပြီး ဒီနှစ်မှာ ၂၆.၈ ရာခိုင်နှုန်း လျှော့ချမှာ ဖြစ်ပါတယ်။
အခြား ထိုင်ဝမ် အခြေစိုက် ဖုန်းထုတ်လုပ်သူ Asus က ဒီနှစ်မှာ ၃၄.၄ ရာခိုင်နှုန်း တိုးမြှင့် ရောင်းချမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ၂၁.၅ သန်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ HTC ရဲ့ စမတ်ဖုန်း လျှော့ချထုတ်လုပ်မှုဟာ ပြိုင်ဖက် တရုတ် ဖုန်း ထုတ်လုပ်သူများကြောင့်လည်း ဖြစ်ပါတယ်။ Oppo ဟာ ဒီနှစ်မှာ ၅၉.၂ ရာခိုင်နှုန်းအထိ တိုးမြှင့် ရောင်းချမှာပါ။
၂၀၁၅ ခုနှစ်မှာ ၄၉ သန်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Vivo ကလည်း ယခင်နှစ်မှာ ၄၇ သန်း ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ Huawei ကလည်း ဒီနှစ်မှာ ၁၁ သန်း ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။

www.pyaephyo.com