Laptop လိုမျိုး အမြင့်စားလုပ်ဆောင်ချက်တွေကို လုပ်ပေးနိုင်မယ့် HP ရဲ့
Elite X3 Windows ဖုန်းကတော့ လာမယ့်လအတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်တယ်လို့
သိရပါတယ်။ ရက်အတိအကျဆိုရင်တော့ သြဂုတ်လ ၂၉ ရက်နေ့လို့
သတင်းတွေထွက်နေပါတယ်။ ဒီဖုန်းထွက်လာမယ်လို့ သတင်းတွေထွက်တည်းက
ဝယ်ချင်နေတဲ့သူတွေ များပြားလျက်ရှိနေပါတယ်။
HP က ဖုန်းလို့သာ နာမည်ပေးထားပေမယ့်လည်း ဖုန်းထက်ပိုတဲ့ လုပ်ဆောင်ချက်တွေ ကို ဒီဖုန်းမှာတွေ့ရမှာ ဖြစ်ပါတယ်။ Laptop နဲ့ desktop တွေမှာ လုပ်ဆောင်နိုင်မယ့် အရာတွေကို ဒီဖုန်းမှာ ပြုလုပ်နိုင်အောင်လို့ HP က စီစဉ်ထားတာပါ။ HP အတွက် ၂ နှစ်အတွင်းမှာ ပထမဆုံးထုတ်လုပ်တဲ့ဖုန်းဖြစ်လာတဲ့ Elite X3 ကတော့ ကုမ္ပဏီရဲ့ အောင်မြင်မှုရယူနိုင်မယ့် ဖုန်းအဖြစ် မျှော်မှန်းခံထားရတာပါ။
Microsoft ရဲ့ Window OS နယ်ပယ်က ဖုန်းရောင်းအားဟာ ကျဆင်းလျက်ရှိနေပေမယ့်လည်း HP ကတော့ ဒီဖုန်းရဲ့ တန်ဖိုးကို ၆၉၉ ဒေါ်လာ အထိ သတ်မှတ်ထားပါတယ်။ ဒီဖုန်းကတော့ မော်နီတာကို Desk Dock နဲ့တွဲဖက်လိုက်တဲ့အချိန်မှာ ကွန်ပျူတာတစ်လုံးလို အလုပ်လုပ်နိုင်တယ်လို့ သိရပြီး headset , နဲ့ Desk Dock အပါအဝင်ဆိုရင်တော့ ၇၉၉ ဒေါ်လာကျသင့်မှာဖြစ်တယ်လို့ သိရပါတယ်။

www.pyaephyo.com