7/02/2016

♪ “နိုင်ငံတကာမှာ ရောင်းမယ့် Galaxy A9 Pro လာမည်” ♫


WiFi Alliance ( WFA ) နဲ့ Bluetooth Special Interest Group ( SIG ) တို့က နေ အသိအမှတ်ပြု လက်မှတ်များ ရရှိပြီးနောက်မှာ Samsung SM-A910F စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချတော့မှာဖြစ် ပါတယ်။

အဆိုပါ စမတ်ဖုန်းဟာ နိုင်ငံတကာမှာ ရောင်းမယ့် Galaxy A9 Pro မော်ဒယ်ဖြစ်တယ်လို့ ကျွမ်းကျင် သူများက သုံးသပ်ပါတယ်။ Dual-SIM Model ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ အမေရိကန် ဆက်သွယ်ရေး ကော်မရှင်ကလည်း အဆိုပါ စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချဖို့ မှတ်ပုံတင်ထားတယ်လို့ အတည်ပြုထား ပါတယ်။ ဒါပေမယ့် ရောင်းချမယ့် အချိန်အတိအကျကို မသိရသေးပါဘူး။


အဆိုပါ စမတ်ဖုန်းရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် နိုင်ငံများကိုလည်း မသိရသေး ပါဘူး။ ဥရောပမှာ ရောင်းချ မှာဖြစ်တယ်လို့ ပညာရှင်များက သုံးသပ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com