7/02/2016

♪ " Honor 8 အား ယခုလအတွင်း တရားဝင်မြင်ရနိုင် " ♫


တရုတ်မှ ထွက်ပေါ်ခဲ့သော သတင်းတစ်ရပ်အရ Honor 8 စမတ်ဖုန်းအား ယခုလအတွင်း တရားဝင်ကြေညာလိမ့်မည်ဟု သိရပြီး ဇွန် ၂၅ ရက်ခန့် ဖြစ်နိုင်သည်ဟု ဆိုထားသည်။ ထို့နောက် ဇူလိုင်လအတွင်း စတင်ရောင်းချလိမ့်မည်ဟု ဆိုသည်။

Specs အရမူ နောက်ဆုံး သတင်းပေါက်ကြားမှုအရ Kirin 955 chipset ကို သုံးထားသည်ဟု သိရပြီး ၅.၂ လက်မ Full HD (သို့) ထို့ထက်ပို၍ resolution မြင့်မားသော display ပါဝင်လိမ့်မည်ဟု ဆိုသည်။ RAM 4GB ပါဝင်ပြီး 3200mAh ဘက်ထရီကို အားသုံးကာ အားအမြန်သွင်းနိုင်မည့် နည်းပညာတစ်ခုခု ပါဝင်ကြောင်း ဆိုထားသည်။

အဓိကကင်မရာမှာ 12MP ဖြစ်ပြီး ရှေ့ဘက်တွင် 8MP ကင်မရာပါဝင်သည်ဟု ဆိုသည်။ 4GB/ 32GB အမျိုးအစားအား ဒေါ်လာ ၃၀၀ ၀န်းကျင်နှင့် 4GB/ 128GB အမျိုးအစားအား ၄၂၅ ဒေါ်လာဝန်းကျင်ဖြင့် ရောင်းချမည်ဟု သတင်းပေါက်ကြားမှုများအရ သိရှိရသည်။ ထို့အပြင် Huawei သည် ယမန်နှစ်က ဖုန်းအလုံးရေ ၁၀၈ သန်း ရောင်းချခဲ့ရပြီး ၂၀၁၆ အတွက် မူလက သန်း ၁၄၀ ထိ မှန်းဆထားသော်လည်း ယခုအခါ သန်း ၁၂၀ သို့ မျှော်မှန်းမှုကိုလျှော့ချခဲ့ကြောင်း သတင်းကြားသိရသည်။ 

ယခုသတင်းမှာ P9 နှင့် P9 Plus အား ၂.၆ သန်းရောင်းချခဲ့ရကြောင်း သတင်းထွက်ပြီး မကြာမီ ကြားသိခဲ့ရခြင်းဖြစ်သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com