7/02/2016

♪ Oculus CEO ရဲ့ Twitter အကောင့် ဟက်ခံရပြန်၊ လေးနှစ်ကြာ password မပြောင်းထားကြောင်း ဟက်ကာထုတ်ဖော် ♫


ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီးတွေမှာ CEO တာဝန်ယူထားသူတွေရဲ့ အကောင့်တွေကတော့ အခုတလောမှာ တစ်ခုပြီးတစ်ခု ဟက်ခံနေရပါတယ်။

သိပ်မကြာခင်ကပဲ၊ Google CEO ဖြစ်သူ Sundar Pichai ရဲ့ ဆိုရှယ်အကောင့်၊ ဒီထက်အရင်မှာ Mark Zuckerberg ရဲ့ ဆိုရှယ်အကောင့်နဲ့ Spotify ရဲ့ CEO ဖြစ်သူ Daniel Ek တို့ရဲ့ အကောင့်တွေ ဆက်တိုက် အဟက်ခံရပြီးနောက်မှာ၊ အခုဆို Oculus VR ကုမ္ပဏီရဲ့ CEO ဖြစ်သူ Brendan Iribe ရဲ့ Twitter အကောင့်လည်း ဟက်ခံလိုက်ရပြန်ပြီ ဖြစ်ပါတယ်။

အဆိုပါ ဟက်ကာဟာ Brendan Iribe ရဲ့ တွစ်တာအကောင့်ကို ဗုဒ္ဓဟူးနေ့က ဟက်သွားခဲ့တာဖြစ်ပြီး၊ Oculus ကုမ္ပဏီရဲ့ CEO အသစ်ကိုတောင် ရုပ်တည်ကြီးနဲ့ ကြေငြာသွားခဲ့ပါသေးတယ်။

screen-shot-2016-06-30-at-1-03-23-am

ယခု Brendan Iribe အကောင့်ဟက်ခံရမှုကတော့ Mark Zuckerberg တို့ကို ဟက်သွားတဲ့ ‘OurMine’ အဖွဲ့က မဟုတ်ဘဲ၊ သာမန်ဟက်ကာတစ်ယောက်ဖြစ်ပုံရပါတယ်။
လွန်ခဲ့တဲ့ဗုဒ္ဓဟူးနေ့ညပိုင်းက၊ Iribe ရဲ့ Twiiter အကောင့်မှာ “ ဟေး..ငါက @Lid ပါ။ မင်းအကောင့်ဘယ်လောက်လုံခြုံလဲဆိုတာ စမ်းကြည့်တာမဟုတ်ဘူး။ ပော်ျချင်လို့နော်” လို့ တင်ခဲ့ပါတယ်။

screen-shot-2016-06-30-at-1-03-01-am

ထို့နောက်မှာတော့ ရယ်စရာ tweet တွေ တခုပြီးတခုတက်လာခဲ့တာ တွေ့ရပါတယ်။ Tweet တစ်ခုမှာတော့  CEO Iribe ဟာ gaming နဲ့ နည်းပညာလောကထဲကို အလန်းစားပစ္စည်းတစ်ခု တီထွင်နိုင်ခဲ့ပေမယ့်၊ password ကျတော့ မပြောင်းပဲသုံးနေတာ ၄ နှစ်လောက်ရှိပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အကယ်၍ Brendan အနေနဲ့ သူ့ Twitter အကောင့်ပြန်လိုချင်ရင် သူ အပြာဗီဒီယိုတွေကို အမိုက်စားမြင်ကွင်းနဲ့ ကြည့်နိုင်ဖို့အတွက် Oculus Rift တခု အလကားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
ယခု တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သူရဲ့အဆိုအရ၊ သူဟာ လွန်ခဲ့တဲ့လတုန်းက MySpace အကောင့်နဲ့ password တွေ ပေါက်ကြားခဲ့ချိန်က ရခဲ့တာဖြစ်ပြီး၊ အဆိုပါ password ဟောင်းကိုပဲအသုံးချကာ Twitter အကောင့်ကို ရယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Twitter အကောင့်အပြင်၊ Iribe ရဲ့ အီးမေးလ်အကောင့်ကိုပါ ရရှိခဲ့ပြီး၊ အဆိုပါ email မှာလည်း two-factor authentication ခံထားတာမတွေ့ရဘူးလို့ ဖွင့်ဟခဲ့ပါတယ်။ (ဟက်ကာရန်စိုးရိမ်ရပါက Gmail ကိုTwo-factor authenfication ခံနည်းကို ဒီမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။)

လက်ရှိမှာတော့ Twitter ဟာ Iribe ရဲ့ အကောင့်ကို ပြန်ယူပေးခဲ့ပြီဖြစ်ပါတယ်။ Iribe တယောက်အနေနဲ့လည်း password လေးဘာလေးပြောင်းပြီး၊ security မြှင့်ပြီးလောက်ပြီဖြစ်ပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com