4/02/2016

♪ Selfie ပုံတွေပြင်ဖို့အတွက် အလန်းစား Android Apps ငါးခု ♫


အခုခေတ်ကတော့ Selfie ခေတ်လို့ပြောလို့ရအောင်ကို Selfie တွေက ခေတ်စားလွန်းပါတယ်။ လူတိုင်းလက်ထဲမှာ စမတ်ဖုန်းတစ်လုံးရှိနေသလိုပဲ လူတိုင်းလိုလိုလဲ အချိန်တိုင်း၊ နေရာတိုင်းမှာ Selfie ပုံတွေကို ရိုက်တတ်ကြပါတယ်။ ဒါကြောင့် Selfie ပုံကောင်းကောင်းလေးတွေရလာတဲ့အခါ ထပ်မံပြင်ဆင်ဖို့အတွက် ကိုယ့်ဖုန်းကင်မရာက မထောက်ပံ့နိုင်တော့တဲ့အခါ သင့်အနေနဲ့ Apps တွေ Software တွေသုံးဖို့လိုအပ်လာပါတယ်။ ဒီ Article မှာတော့ သင့်ကို ဘယ် Apps တွေက ဆဲလ်ဖီရိုက်ရာမှာ အကောင်းဆုံးကူညီထောက်ပံ့ ပြင်ဆင်ပေးနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

free apps for selfie1 PicsArt Photo Studio

PicsArt ကတော့ သင့်အတွက်အခြေခံကျတဲ့ ပြုလုပ်ချက်နဲ့ တည်းဖြတ်မှုတွေပြုလုပ်နိုင်မှာပါ။ သင်ဓာတ်ပုံကို Crop လုပ်တာ၊ ရှုထောင့်တွေကို ချိန်ညှိတာနဲ့ လှုပ်ရှားမှုနဲ့ အချိုးအကွေ့တွေအတွက် Tools တွေသုံးတာစတဲ့ ဖန်ရှင်တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ သင့်အနေနဲ့ ပုံတွေကို Template အမျိုးမျိုးနဲ့ ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ PicsArt ဟာ သင့်ကို Border တွေထည့်သွင်းတာ၊ Frame တွေနဲ့ မျက်နှာဖုံးတွေကို ပုံတွေမှာ ထည့်သွင်းတာတွေကိုပါပြုလုပ်နိုင်မှာပါ။ သက်ဝင် GIF တွေဖန်တီးတာနဲ့ ဗီဒီယိုတွေဖန်တီတာတွေလည်း ဒီ Apps မှာ ဖန်တီးလို့ ရနိုင်မှာပါ။ PlayStore Rating ကလည်း 4.4/5 ထိရရှိထားပါတယ်။
photos 1
PicsArt Photo Studio ကို Google Playstore တွင်ဒေါင်းရန်

free apps for selfie2 Retrica

Retrica ကလည်း ပေါ်ပြူလာဖြစ်တဲ့ Apps တစ်ခုပါပဲ။ တကယ်လို့သင့်ပုံတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖန်တီးထားတဲ့ပုံစံမျိုး လှပနေစေချင်ရင်တော့ ဒီApps ကိုသင့်အနေနဲ့ သုံးသင့်ပါတယ်။ ဓာတ်ပုံတွေဟာ Filter ပေါင်း ၁၀၀ နဲ့ စစ်ထုတ်နိုင်မှာဖြစ်ပြီး နောက်ထပ် Layouts ၂၀လည်းထပ်မံခံထားပါသေးတယ်။ ပုံတွေကိုလည်း ကောင်းကောင်းမွန်မွန် Edit လုပ်နိုင်မှာဖြစ်ပါတယ်။ Google Playstore Rating 4.3/5 ရရှိထားပါတယ်။
photos 2
Retrica ကို Google Playstore တွင်ဒေါင်းရန်

free apps for selfie3 YouCam Perfect

YouCam ကတော့ တကယ်ကို အသုံးတည့်စေနိုင်ပါတယ်။ ရိုက်ပြီးသားပုံတွေက အသားအရေကို ချောမွေ့အောင်လုပ်တာ၊ အစက်အပျောက်တွေကို ဖျောက်တာနဲ့ အိုမင်းလို့ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း ဖျောက်ပစ်ပေးနိုင်မှာပါ။ Reshaper ဆိုတဲ့လုပ်ဆောင်ချက်က သင့်ကို သင့်ရဲ့မျက်နှာပုံစံ၊ မျက်လုံးပုံစံ နဲ့ မျက်တောင်ပုံစံကအစပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခုက သင့်အနေနဲ့ သင့်ရဲ့ ခန္ဓာကိုယ်ပုံစံကိုတောင် သွယ်သွယ်လျလျလေးဖြစ်သွားအောင်ပြုပြင်နိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူ ၇သိန်းကျော်ရဲ့ Rating 4.4/5 အထိရရှိထားပါတယ်။
photos 3
YouCam Perfect ကို Google Playstore တွင်ဒေါင်းရန်

free apps for selfie4 FotoRus

FotoRus ကတော့ သင့်ကို သင့်ရဲ့ စမတ်ဖုန်းနဲ့ အံ့အားသင့်ဖွယ် Selfie ပုံတွေစုစည်းနိုင်အောင်ပြုလုပ်ပေးမှာပါ။ သင့်အနေနဲ့ ပုံတွေကို စတုရန်းပုံ၊ ဒေါင်လိုက်ပုံ၊ အလျားလိုက်ပုံ နဲ့ အရှည်လိုက်ပုံစံတွေဖြစ်အောင် Format တွေပေးလို့ရမှာဖြစ်ပါတယ်။ နောက်ထပ်ပါဝင်တဲ့ တန်ဖိုးရှိတဲ့ လုပ်ဆောင်ချက်တစ်ခုကတော့ “Secret Album” ပဲဖြစ်ပါတယ်။ အဲ့ဒါက သင့်ကို ရွေးချယ်ထားတဲ့ပုံတွေကို ဘယ်သူမှမမြင်နိုင်အောင်ဖွက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။ Post-click ဆိုတဲ့ တည်းဖြတ်တဲ့လုပ်ဆောင်ချက်ကလည်း အနာအဆာတွေ၊ ဖြူဆုတ်ဆုတ်ဖြစ်နေတဲ့ အသားအရေတွေနဲ့ မျက်အိတ်တွဲတာ စတာတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ နောက်ထပ် “PIP Camera” ဆိုတဲ့ Tool ကလည်း သင့်ကို အထင်ကြီးချင်စရာ Profile ပုံတွေကို ရိုက်ကူးပေးစေနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူ ကိုးသိန်းကျော်ရှိပြီး Rating 4.4/5 အထိရထားပါတယ်။
photos 4
FotoRus ကို Google Playstore တွင်ဒေါင်းရန်

free apps for selfie5 YouCam Makeup

YouCam Makeup ကတော့ သင့်ရဲ့ ရိုက်ကူးမှုတွေကို မိတ်ကပ်ပြင်ဆင်ပေးမယ့် Apps တစ်မျိုးပါပဲ။ သင့်အနေနဲ့ ဒါနဲ့ရိုက်ရင်တော့ မိတ်ကပ်အတွက် သီးသန့်ပြင်စရာ မလိုတော့ဘူးလို့တောင် ပြောလို့ရပါတယ်။ “Try On” ဆိုတဲ့ လုပ်ဆောင်ချက်က သင့်ကို မတူညီတဲ့အမြင်နဲ့ မိတ်ကပ်ပြင်တာ၊ သင့်ရဲ့ဆံပင်အရောင်ပြောင်းတာနဲ့ သင့်မိတ်ကပ်ပြင်ပြီးတဲ့ ပုံကိုအထူးပြုလုပ်ချက်တွေထည့်သွင်းတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ပုံတွေကို သင့်အနေနဲ့ သင့်ရဲ့ လူမှုကွန်ယက်မီဒီယာတွေပေါ်ကိုလဲ တင်နိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူပေါင်း ၁၄သိန်းကျော်ရှိပြီး Google Playstore Rating ကတော့ 4.5/5 ရရှိထားတာကိုတွေ့ရပါတယ်။
photos 5

YouCam Makeup ကို Google Playstore တွင်ဒေါင်းရန်
သင့်အနေနဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး Selfie ရိုက်ရမှာ ပုံကောင်းကောင်းလှလှလေးတွေဖြစ်အောင် ပြင်ဆင်နိုင်လိမ့်မယ်လို့ထင်ပါတယ်။ သင်နဲ့ အလိုက်ဖက်ဆုံးဖြစ်နိုင်တဲ့ Apps တစ်ခုကိုရွေးဒေါင်းပြီး သူငယ်ချင်းတွေနဲ့အတူ၊ ချစ်သူနဲ့အတူ၊ မိသားစုတွေနဲ့အတူ selfie လေးတွေဖန်တီးရင်း အမှတ်ရစရာအခိုက်အတန့်လေးတွေဖြစ်အောင် ပုံကောင်းကောင်းလှလှလေးတွေနဲ့ ဖန်တီးနိုင်ပါပြီ။
Ref: Hongkiat

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com