4/24/2016

♪ 6GB RAM နှင့် Snapdragon 820 ပါဝင်သော Le Max 2 ကို LeEco ပွဲထုတ်မိတ်ဆက် ♫


အရွယ်ကြီးမားသော screen များ၊ မြင့်မားသော processing စွမ်းဆောင်ရည်နှင့် အဆင့်မြင့်ကင်မရာများ ပါဝင်သော Le ဖုန်း သုံးမျိုးကို LeEco က ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ အဆိုပါဖုန်းများတွင် ၃.၅ မီလီမီတာ နားကြပ်ပေါက်များ မပါဝင်ဘဲ USB Type-C port ကို အသုံးပြုထားသည်။
LeEco Le Max 2
Le Max 2 တွင် ၅.၇ လက်မ QHD screen (1440 x 2560 pixels) နှင့် Snapdragon 820 chipset ကို အသုံးပြုထားသည်။ RAM မှာ 6GB ဖြစ်ပြီး Android 6.0 Marshmallow ကို EUI 5.5 နှင့်အတူ အသုံးပြုထားသည်။ သိုလှောင်မှုပမာဏအနေဖြင့် 32GB နှင့် 64GB ဖြင့် ရရှိနိုင်သည်။ 64GB အမျိုးအစားကို 6GB RAM ဖြင့်ရရှိနိုင်သော်လည်း 32GB အမျိုးအစားကိုမူ 4GB ဖြင့်သာ ရရှိနိုင်သည်။
ကင်မရာမှာ 21MP ဖြစ်ပြီး IMX230 sensor နှင့် optical image stabilization အပြင် f/2.0 aperture နှင့် phase detection AF တို့ဖြင့် ရိုက်ကူးနိုင်သည်။ Selfie ကင်မရာက 8MP ဖြစ်သည်။
LeEco Le Max 2 တွင် Qualcomm ၏ ultrasonic fingerprint sensor နည်းပညာကို အသုံးပြုထားသည်။ 3,100mAh ဘက်ထရီအတွက် Quick Charge 3.0 ကို အသုံးပြုထားသည်။ ဆက်သွယ်မှုအပိုင်းတွင် dual-SIM, 4G LTE, Wi-Fi ac, Bluetooth 4.1 နှင့် USB Type-C တို့ကို ထောက်ပံ့ပေးထားသည်။
Le Max 2 ၏တန်ဖိုးမှာ 3GB/32GB အမျိုးအစားအတွက် ၂,၁၀၀ ယွမ် (၃၂၅ ဒေါ်လာ) ဖြစ်ပြီး 6GB/64GB အတွက် ၂,၅၀၀ ယွမ် (၃၈၅ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။
LeEco Le 2 Pro
Le 2 Pro တွင် ၅.၅ လက်မ 1080p display ကို အသုံးပြုထားပြီး ပရိုဆက်ဆာက MediaTek Helio X25 ဖြစ်သည်။ 4GB RAM, 32GB သိုလှောင်မှုပမာဏဖြင့် ရရှိနိုင်သည်။ Android 6.0 ကို EUI 5.5 နှင့်အတူ အသုံးပြုထားသည်။
ကင်မရာက 21MP IMX230 sensor ဖြစ်ပြီး phase detection AF ဖြင့်ရိုက်ကူးနိုင်သည်။ Selfie ကင်မရာက 8MP ဖြစ်သည်။ ချိတ်ဆက်မှုအပိုင်းမှာ Max 2 နှင့်တူညီပြီး ဘက်ထရီက 3,000mAh ဖြစ်သည်။
အဆိုပါဖုန်းတွင် CDLA – Continual Digital Lossless Audio feature ပါဝင်ပြီး fingerprint reader ကိုလည်း ထောက်ပံ့ပေးထားသည်။
တန်ဖိုးမှာ ၁,၅၀၀ ယွမ် (၂၃၀ ဒေါ်လာ) ဖြစ်သည်။
LeEco Le 2
Le 2 မှာ ဈေးအသက်သာဆုံး အမျိုးအစားဖြစ်သည်။ ၅.၅ လက်မ 1080p screen နှင့် MediaTek Helio X20 chipset ကို အသုံးပြုထားသည်။ RAM က 3GB ဖြစ်ပြီး သိုလှောင်မှုပမာဏက 32GB ဖြစ်သည်။ Android 6.0 ကို EUI 5.5 ဖြင့် အသုံးပြုနိုင်သည်။
ပင်မကင်မရာက 16MP ဖြစ်ပြီး selfie ကင်မရာက 8MP ဖြစ်သည်။ လက်ဗွေဖတ်စနစ်ပါဝင်ပြီး ဘက်ထရီက 3,000mAh ဖြစ်သည်။ လျင်မြန်စွာအားသွင်းခြင်းနှင့် အသံအတွက် USB Type-C ကို ထောက်ပံ့ပေးထားသည်။
တန်ဖိုးက ၁,၁၀၀ ယွမ် (၁၇၀ ဒေါ်လာ) ဖြစ်သည်။
Ref: GSMArena
Credit:::::::::Internet journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com