Xiaomi Mi Max ကို မေလ ၁၀ ရက်တွင် ပွဲထုတ်မိတ်ဆက်ရန် စီစဉ်ထားကြောင်း တရုတ်ကုမ္ပဏီ၏ Weibo တွင် ဖော်ပြချက်အရ သိရသည်။

ထို့အပြင် Mi Max နှင့်ပတ်သက်၍ အချက်အလက်များမှာလည်း bench-marking ဝက်ဘ်ဆိုက် GFXBench ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ အချက်အလက်ဖော်ပြချက်အရ Mi Max တွင် ၆.၄ လက်မ 1920 x 1080 display နှင့် hexa-core 1.8GHz CPU (Snapdragon 650) ပါဝင်မည်ဟု သိရသည်။ ကျောဘက်ကင်မရာက 16MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်သည်။ အချက်အလက် အတိအကျကို မေလ ၁၀ ရက်တွင် သိရှိရမည် ဖြစ်သည်။
Ref: GSMArena

Credit to ==> Internet Journal