4/02/2016

♪ ၂၀၁၆ ဗားရှင်းအနေနဲ့ ပြန်ထွက်ပေါ်လာတဲ့ Samsung Galaxy J5 နဲ့ J7 ♫


မြန်မာနိုင်ငံမှာ လူကြိုက်များတဲ့ Samsung Galaxy J စီးရီး ၂၀၁၆ ခုနှစ်ဗားရှင်းအနေနဲ့ ပြန်ထွက်ပေါ်လာပါပြီ။
Samsung Galaxy J5 (2016) နဲ့ Galaxy J7(2016) ဖုန်းမော်ဒယ်နှစ်မျိုးကို အခုအခါ ကုမ္ပဏီရဲ့ တရုတ်ဝက်ဘ်ဆိုဒ်မှာ စတင် ဖော်ပြထားပြီးဖြစ်ကာ၊ ပါဝင်တဲ့အသေးစိတ်အချက်အလက်တွေပါ ဖော်ပြထားပါတယ်။
Galaxy J5 နဲ့ Galaxy J7 စမတ်ဖုန်းနှစ်မျိုးဟာ လွန်ခဲ့တဲ့နှစ် ဂျူလိုင်လမှာ စတင်ထွက်ရှိခဲ့တာဖြစ်ပြီး၊ အခုအခါ ၂၀၁၆ ဗားရှင်းအနေနဲ့ ပြန်လည်ထွက်ရှိလာတာဖြစ်ပါတယ်။
Samsung Galaxy J7 (2016) ဖုန်းမှာ ရွှန်းစိုတောက်ပတဲ့ ၅.၅ လက်မအရွယ် full-HD (1080×1920 pixesl) Super Amoled မျက်နှာပြင်၊ octa-core ပရိုဆက်ဆာ နဲ့ RAM 3GB တို့ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဘာပရိုဆက်ဆာ ပါဝင်လာမလဲဆိုတာတော့ မဖော်ပြထားပါဘူး။ ကျောကင်မရာမှာ 13-megapixel autofocus ကင်မရာပါဝင်ပြီး၊ ရှေ့ကင်မရာကတော့ 5-megapixel ပါ။ J7 (2016) ဖုန်းမှာ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု အနေနဲ့ 16 GB ပါရှိကာ၊ microSD ကတ် 128 GB အထိလည်း ထပ်စိုက်နိုင်ပါတယ်။
ကောင်းတဲ့တစ်ချက်ကတော့ SIM ကတ်ထည့်တဲ့ slot က နှစ်မျိုးစပ်မဟုတ်လို့၊ SIM နှစ်ကတ်ကော၊ microSD ကတ် ပါ တပြိုင်တည်းထည့်သုံးနိုင်ပါတယ်။ 4G မိကာ၊ NFC ၊ Bluetooth ၊ GPS နဲ့ Micro-USB 2.0 တို့ ပါဝင်ပါတယ်။ J7 ဖုန်းကို အဖြူရောင်၊ ရွှေရောင်နဲ့ ပန်းရောင်ဆိုပြီး သုံးမျိုးရရှိမှာပါ။
samsung-galaxy-j710803
J5 (2016) ဖုန်းကလည်း SIM နှစ်ကတ်ထိုးဖုန်းပဲဖြစ်ပြီး၊ မျက်နှာပြင်က အနည်းငယ်သေးသွားပါတယ်။ ၅.၂ လက်မအရွယ် HD (720×1280 pixels) Super Amolde မျက်နှာပြင်ဖြစ်ကာ၊ quad-core ပရိုဆက်ဆာ (ပရိုဆက်ဆာမော်ဒယ်မသိရ) နဲ့ RAM 2GB တို့ ပါဝင်ပါတယ်။ ဒီဖုန်းကတော့ စွမ်းဆောင်ရည်အလယ်အလတ် ဖုန်းဖြစ်ပြီး၊ storage က 16GB ပါပဲ။ ဘက်ထရီက J7 မှာ 3300 mAh ဖြစ်ပေမယ့် J5 မှာတော့ 3100 mAh ဖြစ်သွားတာကလွဲပြီး၊ ကင်မရာနဲ့ ကျန်အပိုင်းတွေမှာ J7 ဖုန်းနဲ့ အတူတူပဲဖြစ်ပါတယ်။
J5 (2016) နဲ့ J7 (2016) ဖုန်းနှစ်မျိုးကို စတင်ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကိုတော့ ထုတ်ပြန်ကြေငြာထားခြင်းမရှိသေးပါဘူး။
51600235.cms
Ref: Gadgets360

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com