4/22/2016

♪ နောက်ဆုံးပေါ် Android N သုံး Google Nexus ဖုန်းအသစ် မေလမှာ ထွက်ရှိဖွယ်ရှိ ♫


Huawei နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ Nexus 6P ဖုန်း အောင်မြင်ပြီးနောက်မှာ၊ Google ဟာ ၂၀၁၆ ခုနှစ်အတွက် Nexus ဖုန်းအသစ်ကိုလည်း Huawei နဲ့အတူ ပူးပေါင်းထုတ်လုပ်သွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖုန်းကို လာမယ့် မေလမှာကျင်းပမယ့် Google ရဲ့ နှစ်စဉ် I/O developer ညီလာခံမှာ မိတ်ဆက်သွားဖွယ်ရှိပြီး၊ Google နဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်တဲ့ Nexus စီးရီးရဲ့ တတိယမြောက်ဖုန်း ဖြစ်မှာပါ။

ဒီဖုန်းမှာ ဘာတွေသုံးထားလဲဆိုတာကို တိတိကျကျမသိရသေးပေမယ့်၊ လတ်တလောထွက်ပေါ်လာတဲ့ သတင်းတွေအရ developer preview အနေနဲ့သာ ထွက်ရှိထားတဲ့ Android N စနစ် တရားဝင် ပါလာမယ်လို့ သိရပါတယ်။

Android N စနစ်ဟာ Android စနစ်တွေထဲမှာ အကောင်းမွန်ဆုံး OS ဖြစ်တယ်လို့ ဆော့ဖ်ဝဲ developer တွေက ချီးကျူးထားကြတာကြောင့် ဒီဖုန်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဖုန်းတစ်လုံး ဖြစ်လာမှာပါ။

Ref: Mornings News USA

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com