4/24/2016

♪ လက်ဗွေရာဆန်ဆာပါဝင်လာတဲ့ တန်ဖိုးနည်း ZTE ဖုန်းအသစ်နှစ်မျိုး ထွက်ရှိ ♫


ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ ZTE ကုမ္ပဏီဟာ Blade စီးရီးရဲ့ ဖုန်းသစ်နှစ်မျိုးကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

ZTE Blade A910 နဲ့ ZTE Blade V7 Max အမည်ရ ဒီစမတ်ဖုန်းနှစ်မျိုးဟာ တန်ဖိုးနည်းစမတ်ဖုန်းတွေဖြစ်ပေမယ့်၊ လက်ဗွေရာဆန်ဆာ ပါဝင်လာတာကို တွေ့ရပါတယ်။

ဈေးနှုန်းအားဖြင့် RAM 2GB နဲ့ ဖုန်းတွင်း storage 16 GB ပါတဲ့ ZTE Blade A910 မော်ဒယ်က မြန်မာငွေ ၂ သိန်း ၃ သောင်းလောက် ကျသင့်မှာဖြစ်ကာ၊ RAM 3GB နဲ့ ဖုန်းတွင်း storage 32 GB မော်ဒယ်ကတော့ မြန်မာငွေ၊ ၂ သိန်း ၆ သောင်းလောက် ရှိမှာပါ။

ZTE Blade V7 Max မှာလည်း RAM မတူတဲ့ မော်ဒယ်ကွဲနှစ်မျိုး ထွက်ရှိမှာဖြစ်ပြီး၊ RAM 3GB မော်ဒယ်က မြန်မာငွေ ၃ သိန်း ၂ သောင်းလောက်နဲ့၊ RAM 4GB အထိ ပါတဲ့မော်ဒယ်က ၃ သိန်းခွဲလောက် ရှိမှာပါ။

SIM နှစ်ကတ်ထိုးသုံးနိုင်တဲ့ ZTE Blade V7 Max ဖုန်းဟာ Android 6.0 Marshmallow နဲ့ ဖြစ်ပြီး၊ 2.5D မှန်ကွေးသုံးထးတဲ့ ၅.၅ လက်မ အရွယ် full-HD မျက်နှာပြင် နဲ့ octa-core ပရိုဆက်ဆာတစ်မျိုး သုံးထားတယ်လို့ ဆိုပါတယ်။ ပရိုဆက်ဆာမော်ဒယ်ကိုတော့ တိတိကျကျပြောထားတာမျိုး မရှိပါဘူး။

Blade V7 Max ဖုန်းမှာ PDAF ဆုံချက်ရှာစနစ်ပါဝင်တဲ့ 16-megapixel ကျောကင်မရာနဲ့၊ 8-megapixel ရှေ့ကင်မရာတို့ ပါဝင်ပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ 4G LTE ကွန်ရက်သုံးစွဲနိုင်ပြီး၊ USB Type-C အပေါက် နဲ့ ဖုန်းကျောဘက်မှာ လက်ဗွေရာဆန်ဆာ ပါဝင်တာတို့ ဖြစ်ပါတယ်။ ဘက်ထရီကလည်း 3000mAh ဆိုတော့ ကြာရှည်အသုံးခံမှာပါ။

Blade V7 Max ထက် နည်းနည်းစွမ်းဆောင်ရည်ပိုနိမ့်တဲ့ SIM နှစ်ကတ်ထိုး Blade A910 မှာ ၅.၅ လက်မအရွယ် HD resolution ရှိတဲ့ Amoled display သုံးထားပြီး၊ ဒီကောင်ကတော့ Android Lollipop နဲ့ပဲ ဖြစ်ပါတယ်။ ပရိုဆက်ဆ်ာမှာတော့ quad-core MediaTek MT6735 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ Mali-T720 ဂရပ်ဖစ်ကတ်ပါ ပါဝင်ပါတယ်။

ဒီဖုန်းနှစ်မျိုးကို တရုတ်နိုင်ငံပြင်ပ ဘယ်တော့ဖြန့်ချိမလဲဆိုတာကိုတော့ ZTE ကုမ္ပဏီက ပြောကြားထားခြင်း မရှိသေးပါဘူး။
Ref: Gadgets 360

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com