မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
MPT သည် ၎င်း၏ အသုံးပြုသူများအတွက် နေ့စဉ် မိုဘိုင်းဖုန်း အသုံးပြုရာတွင်
လွယ်ကူစေရန် USSD Menu ကို စတင်မိတ်ဆက်လိုက်သည်ဟု သိရသည်။
လက်ကျန်ငွေစစ်ဆေးခြင်း၊ လွှဲပြောင်းခြင်း၊ ငွေချေးယူခြင်း၊ ပြန်လည်ခေါ်ဆိုခိုင်းခြင်း၊ ငွေဖြည့်သွင်းခြင်း၊ အင်တာနက် Package များဝယ်ယူခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများ ၀ယ်ယူခြင်း စသည်တို့ကို USSD Code တစ်ခုမှတ်သားထားရုံဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။
*106# ကို ခေါ်ဆိုလိုက်သည်နှင့် နေ့စဉ် မိုဘိုင်းဖုန်း အသုံးပြုမှုအတွက် လိုအပ်နေသည့် လုပ်ဆောင်ချက်များကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ လုပ်ဆောင်ချက် တစ်ခုစီအတွက် ကုဒ်နံပါတ်တစ်ခုကို လိုက်လံမှတ်သားထားရန် လိုအပ်တော့မည် မဟုတ်ကြောင်း MPT က ကြေညာခဲ့သည်။
MPT ၏ USSD Menu ကို GSM, WCDMA နှင့် CDMA ဖုန်းလိုင်းများအားလုံး အသုံးပြုနိုင်မည်ဖြစ်ပြီး Menu မှတစ်ဆင့် MPT ၏ Call Center, Website နှင့် Facebook စာမျက်နှာများဆီသို့လည်း တိုက်ရိုက် သွားရောက် ဆက်သွယ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
ရိုးရှင်းလွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် USSD Menu ကို စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု MPT က ထုတ်ပြန်ပြောဆိုထားပြီး အသုံးပြုသူများ ရွေးချယ်ခဲ့သည့် ဝန်ဆောင်မှုများ အတွက် ပြန်လည်အကြောင်းကြားမှုများကို SMS မှ ပေးပို့သွားမည်ဟု သိရသည်။

Credit to ==> Internet Journal