4/24/2016

♪ SPU နှင့် 6GB RAM တပ်ဆင်ထားသော ZUK Z2 Pro မိတ်ဆက်ပြီ ♫


ကမ္ဘာ့အကြီးဆုံး PC ကွန်ပျူတာ ထုတ်လုပ်သူ Lenovo ကပိုင်ဆိုင်ပြီးအမည်သပ်သပ်ရပ်တည် ထုတ်လုပ်စေခဲ့သည့် ZUK အမည်ကိုမြန်မာပြည်စမတ်ဖုန်းသုံးစွဲသူတွေအနေဖြင့် အနည်းငယ်စိမ်းနေသော်လည်း ဥရောပ အမေရိကန် နှင့် အာရှနိုင်ငံတော်တော်များများမှာ ZUK ကလူကြိုက်အလွန်များလှပါတယ်။ ZUK Z1 ကို ၁၁ ရက် သြဂတ်လ ၂၀၁၅ ခုနှစ်ကမိတ်ဆက်ခဲ့ပြီး အခြားနယ်ပယ်များတွင်ရောင်းချခြင်းမပြုမှီ တရုတ်ပြည်မကြီးမှာပဲ ၂ ရက်အတွင်း ၁.၅ သန်းအလုံးအရေအတွက်အမှာစာရရှိတဲ့အထိပေါက်ခဲ့တာပါ။

ကမ္ဘာမိုဘိုင်းဖုန်းများရဲ့ရှေ့ဆောင်ကြီးဖြစ်တဲ့ Motorola ကိုဝယ်ယူပြီးတဲ့နောက်မှာ မိုဘိုင်းဖုန်းလောကကို Lenovo အနေဖြင့်ပိုမိုအလေးထား ထိုးဖောက်ခဲ့သည်။ယခုအခါ မိခင်ကုမ္ပဏီ Lenovo အပြင် Motorola ,ZUK တို့၏ စုပေါင်းအားဖြင့် ဈေးကွက်အတွင်းမှာဝေစုအများဆုံးထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူတွေထဲမှာ Lenovo ကိုပါဝင်လာစေသည်။ထို့အပြင် ZUK ကို Global ကမ္ဘာ့ဈေးကွက်အတွက် Android အခြေပြုပြန်လည်ဆန်းသစ်ထားသော Rom များထဲမှ နာမည်ကျော် လူကြိုက်များပြီး ကမ္ဘာ့ နံပါတ် ၁ Rom ဖြစ်သော Cyanogen ဖြင့်စာချုပ်ချုပ်ပြီး ZUK ထုတ်ကုန်များတွင်သုံးစွဲစေခဲ့သည်။ CyanogenMod Android Rom မှာ မှုရင်း Root ပါဝင်ပြီးသားဖြစ်သည့်အပြင် ၊ မျက်နှာပြင်အပြင်အဆင် Themes များကို Google Play Store တွင်အလွယ်တကူရယူနိုင်ခြင်းတို့ကြောင့်နာမည်ကျော်ကြားသည်။

ZUK Z2 ၏မျက်နှာပြင်အကျယ်မှာ 5.2 inches အကျယ်ရှိပြီး Super AMOLED 2.5 D curved အကွေး မှန်အမျိုးအစားဖြစ်သည်။ Super AMOLED မျက်နှာပြင်ကို Samsung မှထောက်ပံပေးထားပြီး 178° Ultra Wide Display (၁၇၈ ဒီဂရီတိမ်းစောင်း၍လည်းမှန်သားပြင်ကိုကောင်းစွာကြည့်ရှု့နိုင်ခြင်း) ကိုအသုံးပြုထားသည်။ ညအမှောင်စမတ်ဖုန်းအသုံးပြုချိန်တွင်မျက်စိကိုထိခိုက်မှုမရှိစေရန်အလင်းအားကို 1 nit အထိလျော့ချနိုင်ပြီး နေရောင်ခြည်အောက်တွင်ကောင်းစွာမြင်နိုင်စေရန်အလင်းအားကို 500 nit အထိမြှင့်တင်အသုံးပြုနိုင်သည်။ မှန်သားပြင်အပေါ်ယံအလွှာကိုမာကြောပြီးအကြမ်းခံနိုင်သော Corning Gorilla Glass ဖြင့်ဖုံးအုပ်ထားသည်။

 နောက်ကြောဘက်ကို 3D Curved အကွေးသဏ္ဌန်ပြုလုပ်ထားတာကြောင့် လက်မှာကိုင်တွယ်ရလွယ်ကူ မြဲမြံစေပါတယ်။ resolution မျက်နှာပြင်အရည်အသွေး မှာလည်း 1080×1920 (424 ppi) ဖြစ်တာကြောင့် ကြည်လင်ပြတ်သားသော Full HD အရည်အသွေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ CPU အပိုင်းကိုနာမည်ကျော် Qualcomm Snapdragon 820 သုံးစွဲထားပြီး RAM နှင့် Memory အပိုင်းကိုနှစ်ပိုင်းခွဲခြားထုတ်လုပ်ထားပါတယ်။ RAM 4 GB (64 GB Memory ) နှင့် RAM 6 GB (128 GB Memory) ဗားရှင်းနှစ်မျိုးထုတ်လုပ်ထားပြီး Memory Card Slot မပါဝင်ပေ။ SPU ခေါ် Sensor Processing Unit ပါဝင်လာပြီး အဆိုပါစနစ်ဟာ ကျန်းမာရေးကိုအထူးအထောက်အကူပြုစေဖို့ Sensor ပေါင်း ၁၀ ခုဖြင့်သုံးစွဲသူအပေါ်ခြေရာခံပြီး အထောက်အပံ နှင့် ကျန်းမာရေးဆိုင်ရာလေ့ကျင့်ခန်းတွေနဲ့ နေရောင်ခြည် UV ၊ Oxygen ရရှိမှုအနေအထား၊ နှလုံး အလုပ်လုပ်မှုတိုင်းတာခြင်း Heart Rate တွေကိုတိကျစွာတိုင်းတာနိုင်မယ်လို့ ဆိုထားပါတယ်။

Heart Rate Sensor ကိုကျောဘက်မှာတပ်ဆင်ထားပြီး ၎င်းနှင့်တွဲဘက်အသုံးပြုနိုင်ဖို့ U health Application ကိုလည်း ZUK Z2 Pro မှာထည့်သွင်းပေးထားပါတယ်။ ကင်မရာအပိုင်းမှာတော့ ကျောဘက်ပင်မကင်မရာကို 13 MP တပ်ဆင်ထားပြီး အလင်းပေါက်အကျယ်ကို f 1.8 large aperture သုံးထားတာကြောင့်အလင်းရောင်နည်းတဲ့ညအချိန်တွေမှာတောင်ရုပ်ထွက်ကောင်းတဲ့ဓာတ်ပုံတွေရရှိဦးမှာပါ။ မျက်နှာပြင်ကင်မရာ ကို 8MP တပ်ဆင်ထားတာကြောင့် Selfie ရိုက်သူတွေအကြိုက်အရည်အသွေးမျိုးရရှိမှာမလွဲပါဘူး။ U touch 2.0 FingerPrint scanner ကို Home Key မှာတပ်ဆင်ထားပြီး အဆိုပါစနစ်ဟာ သုံးစွဲသူရဲ့လက်တွေစိုစွတ်နေချိန်မှာတောင်မှတ်မိလွယ်တဲ့ Sensor Scanner အမျိုးအစားဖြစ်သည်။ USB C type အမျိုးအစားအားသွင်းကြိုးစနစ်ဖြစ်ပြီး Quick Charge 3.0 အမြန်အားသွင်းစနစ်ထောက်ပံထားသည်။

ဘက်ထရီကို 3100 mAh တပ်ဆင်ထားပြီး Non-removable အမျိုးအစားဖြစ်သည်။ ပထမဆုံး iCloud ကိုအသုံးပြုနိုင်သော Android စမတ်ဖုန်းဖြစ်လာပြီး သုံးစွဲသူအနေဖြင့် မိမိ၏ iCloud ပေါ်တွင်သိမ်းဆည်းထားသောသီချင်း ဓာတ်ပုံများကို ZUK Z2 Pro ပေါ်တွင် Synchronization ပြုလုပ်ပြီးအသုံးပြုနိုင်သည်။Dual Sim အမျိုးအစားဖြစ်ပြီး titanium black နှင့် Ceramic crystal white ဟုအရောင်နှစ်မျိုးထုတ်လုပ်ထားသည်။ RAM 6GB memory 128 GB ဗားရှင်းကိုစတင်ရောင်းချမည်ဖြစ်ပြီး 2699 yuan ($417) ဖြင့်တရုတ်နိုင်ငံတွင် lenovo official web နှင့် zuk web တို့တွင်ရောင်းချမည်ဖြစ်သည်။တရုတ်နိုင်ငံတွင်ရောင်းချမည့်ဗားရှင်းတွင် Android 6.0 Marshmallow အခြေပြု Z-Ui ဖြင့် လည်ပတ်ထားသည်။

Credit to ==> Phone News Up To Date



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com