4/27/2016

♪ ဒီဇိုင်းအသစ်နဲ့ MIUI 8 ကို မေလ ၁၀ ရက်နေ့မှာ မိတ်ဆက်မည် ♫


Xiaomi ကုမ္ပဏီဟာ နောက်လ ၁၀ ရက်နေ့၊ ဘေဂျင်းမြို့မှာပြုလုပ်မယ့် ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ MIUI 8 ၊ Mi Max phablet နဲ့ Mi Band 2 တို့ကို စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်း တရားဝင်ကြေငြာလိုက်ပါတယ်။

ဒီဇိုင်းအသစ်နဲ့ MIUI 8 မှာ notification bar ပုံစံကပြောင်းလဲသွားပြီး၊ Notification Shade ဆိုတဲ့ ဒီဇိုင်းအသစ်နဲ့ ဖြစ်ပါတယ်။

Mi Max ဖုန်းအကြောင်းကိုတော့ အသေးစိတ်ပြောကြားခြင်းမျိုးမရှိခဲ့ဘဲ၊ Mi Max ဆိုတဲ့ နာမည်၊ ထွက်ထားတဲ့သတင်းတွေအရ ဒီဖုန်းဟာ စခရင်ကြီးကြီးနဲ့ ဖုန်းနဲ့တက်ဘလက်ကြား၊ ဖက်ဘလက်မျိုးဖြစ်မယ်လို့ သိထားပါတယ်။

Xiaomi က ကြော်ငြာမိတ်ဆက်လုပ်ထားတဲ့ပုံအရ Mi Max ဖုန်းဟာ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ထည့်ယူသွားနိုင်လောက်တဲ့ ဒီဇိုင်းလည်းရှိတာကြောင့်၊ အရမ်းအကြီးကြီးမဟုတ်ဘဲ၊ ၆.၄ လက်မအရွယ် display လောက်နဲ့ ဖြစ်နိုင်ပါတယ်။

1-xiaomi-mi-max-250416

Mi Max ထက် စိတ်ဝင်စားစရာကောင်းတဲ့သတင်းကတော့ MIUI 8 ထွက်မယ့်သတင်းပါ။ Xiaomi ဟာ ကုမ္ပဏီရဲ့ Android အခြေခံ ကိုယ်ပိုင် OS ဖြစ်တဲ့ MIUI နောက်မျိုးဆက်အသစ်ကို မေလ ၁၀ ရက်နေ့မှာပဲ စတင်မိတ်ဆက်သွားမှာဖြစ်ပြီး၊ MIUI ရဲ့ notification bar ပုံစံအသစ်ကို ဗီဒီယိုနဲ့တကွ အနည်းငယ်မိတ်ဆက် ပြသထားပါတယ်။


ယခု MIUI 8 ဟာ ဆန်းသစ်တဲ့ဒီဇိုင်း၊ အတွေ့အကြုံအသစ်တို့ကို ပေးစွမ်းမှာ ဖြစ်ပြီး၊ ပရိတ်သတ်တွေ အမြဲလိုချင်နေတဲ့ feature တွေကိုလည်း ထည့်သွင်းပေးထားကြောင်း၊ MIUI ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။

အခုဆိုရင် MIUI OS ကို တစ်ကမ္ဘာလုံးမှာအသုံးပြုသူပေါင်း သန်း ၁၅၀ ကျော်ရှိနေပြီလို့လည်း Xiaomi က ဂုဏ်ယူစွာ ရေးသားထားတာကို တွေ့ရပါတယ်။

Ref: MIUI, News18
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com