4/24/2016

♪ ဆန်ဘာနာဒီနိုအကြမ်းဖက်မှု တရားခံရဲ့ဖုန်းကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဒေါ်လာတစ်သန်းကျော် FBI ကုန်ကျခဲ့ ♫


နောက်ဆုံးတော့ iPhone တစ်လုံးကို ချိုးဖောက်ဝင်ရောက်ဖို့အတွက် ဒေါ်လာတစ်သန်းကျော်ကုန်ကျနိုင်တယ်ဆိုတာ FBI ကထုတ်ဖော်လိုက်ပါပြီ။ ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ဟာ အမေရိကန်ပြည်ထောင်စု၊ ဆန်ဘာနာဒီနိုမြို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတရားခံရဲ့ iPhone ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့အတွက် ဒေါ်လာတစ်သန်းကျော်ကုန်ကျခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ FBI ရဲ့ ဒါရိုက်တာဖြစ်သူ James Comey ရဲ့ပြောကြားချက်ကနေတစ်ဆင့်သိရတာပါ။
Comey က သူတို့အနေနဲ့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ချိုးဖောက်ဝင်ရောက်မှုလုပ်ငန်းကို လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ Comey ကဒီဖုန်းကိုချိုးဖောက်နိုင်ဖို့အတွက် သူ့လစာခုနှစ်နှစ်စာလောက်ရင်းခဲ့ရတယ်လို့ ဆိုခဲ့တာဖြစ်လို့ သူ့ရဲ့တစ်နှစ်လစာ ဒေါ်လာ ၁၈၃၃၀၀ ကို ၇နဲ့မြှောက်ပြီး မီဒီယာတွေက iPhone ကိုချိုးဖောက်ဝင်ရောက်တဲ့ စရိတ်အဖြစ်နဲ့ ရေးသားဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ တရားခံရဲ့ iPhone 5c ဟာ iOS 9 OS ဗားရှင်းပေါ်အခြေခံထားတာဖြစ်တယ်လို့ သိရပါတယ်။

iPhone 5c 1
iPhone 5c
လေ့လာသုတေသနတွေအရ အမေရိကန်ပြည်ထောင်စုက iPhone အားလုံးရဲ့ ၈၀ရာခိုင်နှုန်းကျော်ဖြစ်တဲ့ အလုံးရေပေါင်း ၁၆သန်းနီးပါးဟာ iOS 9 Software ကိုအခြေခံပြီး အလုပ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုချိုးဖောက်ဝင်ရောက်မှုကို အမေရိကန်ပြည်သူတွေကဆန့်ကျင်ခဲ့ကြပြီး သူတို့ရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ လုံခြုံရေးအတွက် ထိခိုက်စေတယ်လို့ ဆိုခဲ့ကြပါတယ်။

 Apple ကလည်း ဒီဖုန်းရဲ့ Lock ကိုဖြည်ပေးဖို့ တရားရုံးက ဆုံးဖြတ်ရာမှာ ငြင်းဆန်ခဲ့လို့ FBI နဲ့ Apple အကြားတင်းမာမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ FBI က ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုရဲ့ အကူအညီကိုရယူပြီး ချိုးဖောက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သတင်းထူးထူးခြားခြားထပ်မံထွက်ပေါ်ခဲ့ခြင်းမရှိပဲ ယခုအခါမှ FBI က iPhone ကိုချိုးဖောက်ဖို့ ကုန်ကျခဲ့တဲ့စရိတ်သတင်းတွေထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စု၊ ဆန်ဘာနာဒီနိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူ၁၄ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
Ref: BBC

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com