4/23/2016

♪ အရည်ဖိတ်ကျမှုခံနိုင်ရည်ရှိတဲ့ လုပ်ငန်းခွင်သုံး Chromebook အသစ်တစ်မျိုးကို Acer ထုတ်လုပ် ♫


ထိုင်ဝမ်ကုမ္ပဏီ Acer ဟာ ယနေ့မှာပဲ လုပ်ငန်းခွင်သုံးဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ Chromebook 14 for Work လက်ပ်တော့ကို စတင်မိတ်ဆက်ခဲ့ပါတယ်။
ဒီလက်ပ်တော့ဟာ လွန်ခဲ့တဲ့လက ထွက်ထားတဲ့ Chromebook 14 လက်ပ်တော့ကို လုပ်ငန်းခွင်သုံးနဲ့ ပိုမိုအကြမ်းခံအောင် မွမ်းမံထုတ်လုပ်ထားတာဖြစ်ပြီး၊ စွမ်းဆောင်ရည်ကောင်းသလို၊ ဈေးလည်း တော်တော်သက်သာတဲ့ လက်ပ်တော့ပါ။
Acer Chrombook 14 for Work လက်ပ်တော့မှာ Intel ရဲ့ 6th gen Core ပရိုဆက်ဆာကို အသုံးပြုပြီး၊ RAM ကို 2,4, 8GB ဆိုပြီး ၀ယ်သူစိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ Chromebook တွေရဲ့ ထုံးစံအတိုင်း storage ကတော့ များများစားစားပါမှာမဟုတ်ဘဲ 16 GB နဲ့ 32 GB ဆိုပြီး နှစ်မျိုးပဲရှိပါတယ်။ ကိုယ့်ဖိုင်တွေကို Google cloud မှာပဲ အဓိကထား သိမ်းထားရမှာပါ။ ဒါမှမဟုတ်လဲ external storage တစ်ခုခု ၀ယ်သုံးနိုင်ပါတယ်။ မျက်နှာပြင်မှာတော့ 1920×1080 full HD ၁၄ လက်မ LCD display နဲ့ ဖြစ်ပြီး၊ ဘက်ထရီသက်တမ်းက ၁၂ နာရီလောက် အသုံးခံတယ်လို့ Acer က ဂုဏ်ယူပြောဆိုထားပါတယ်။
ဒီ Chromebook 14 for Work ရဲ့ ထူးခြားချက်ကတော့ လက်ပ်တော့ပေါ် အရည်ဖိတ်စဉ်ကျမှုကို ခံနိုင်ရည်စွမ်း (anti-spill feature) ပါဝင်တာဖြစ်ပြီး၊ လုပ်ငန်းခွင်မှာ ကော်ဖီခွက်၊ အချိုရည်ခွက် ခဏခဏမှောက်ကျတတ်သူ တွေအတွက်တော့ တကယ်အဆင်ပြေစေမယ့်လက်ပ်တော့ပါ။ အရည် ၁၁ အောင်စ (သို့) ၃၃၀ မီလီလီတာ အထိ ဖိတ်ကျရင်တောင် ဘာမှမဖြစ်ဘူးလို့ ဆိုပါတယ်။
နောက်ထပ်ထူးခြားချက်ကတော့၊ လက်ပ်တော့နောက်ဘက်ကို Corning ရဲ့ Vibrant Gorilla Glass နည်းပညာသုံး၊ Gorilla Glass ဖန်သားပြင်နဲ့ အုပ်ထားပြီး၊ သုံးစွဲသူစိတ်ကြိုက် လိုဂိုတွေ၊ ပုံတွေ အလှဆင်နိုင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း ရုံးကလက်ပ်တော့တွေအကုန်လုံးမှာ ကုမ္ပဏီလိုဂိုတွေ ပေါ်နေအောင် လုပ်နိုင်မယ့်အခွင့်အရေးဖြစ်ပါတယ်။
Chromebook 14 for Work ရဲ့ တခြား feature တွေကတော့ ဒေတာအကူးအပြောင်းကော၊ အားသွင်းတာပါ လုပ်နိုင်တဲ့ USB Type-C အပေါက်၊ လက်ပ်တော့ပေါ် အလေးချိန် ၆၀ ကီလိုဂရမ်ထိ တင်နိုင်မှု၊ ညဘက်သုံးဖို့အတွက် အလင်းရောင်ပါကီးဘုတ်နဲ့၊ Wi-Fi ၊ Bluetooth တို့ ပါရှိပြီး၊ မေလထဲ မြန်မာငွေ ၄ သိန်းလောက်နဲ့ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။


Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com