4/23/2016

♪ Android ဖုန်းမှာ ကိုယ်ဂိမ်းကစားနေတာကို ဗီဒီယို record ဘယ်လိုရိုက်ထားမလဲ ♫


အခုဆို Clash of Clans တို့၊ Clash Royale စတဲ့ မိုဘိုင်း strategy ဂိမ်းတွေခေတ်စားလာတာနဲ့အမျှ၊ ကိုယ် ကစားထားတဲ့ပုံစံကို ဖုန်းထဲမှာ ဗီဒီယို record လုပ်ကာ၊ Youtube ပေါ် ပြန်တင်ကြတာကို မြင်ရမှာပါ။ ဒီဗီဒီယိုတွေကို ကြည့်ပြီး၊ တခြားဂိမ်းကစားသူတွေအနေနဲ့ ပညာယူလို့ရသလို၊ ကိုယ် ကျွမ်းကျွမ်းကျင်ကျင်ကစားထားတာကိုလည်း ထုတ်ကြွားလို့ရပါတယ်။ xD
ဒါဆို ကိုယ့် Android ဖုန်းစခရင်ကို ဗီဒီယို record ဘယ်လိုလုပ်ထားမလဲ။
တကယ်တမ်းတော့ ဒါက တော်တော်လွယ်တဲ့ကိစ္စပါ။ ကျနော်တို့ဖုန်းတွေထဲမှာ တပါတည်းပါတဲ့ Google Play Games အက်ပလီကေးရှင်းကနေ ဗီဒီယို record တန်းလုပ်လို့ရပါတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ ဒီ feature ကို ကျနော်တို့ မြန်မာနိုင်ငံမှာ မရရှိသေးတာကြောင့်၊ Play Games ကနေ တန်း ဗီဒီယိုရိုက်မရပါဘူး။
မပူပါနဲ့၊ Google ကပဲ ထုတ်ပေးထားတဲ့ Youtube Gaming ဆိုတဲ့ app ရှိပါသေးတယ်။ ဒီ app ဟာ Android ဖုန်းစခရင်ကို screenshot ရိုက်တာ၊ screencast (ဗီဒီယို) ရိုက်ပေးနိုင်သလို၊ Youtube မှာလည်း တိုက်ရိုက် Live တင်လို့ရအောင် လုပ်ပေးနိုင်ပါတယ်။
(၁) ပထမဆုံး YouTube Gaming app ကို Play Store ကနေ ဒေါင်းလုပ်ဆွဲလိုက်ပါ။ ဒီ app က ကျနော်တို့ မြန်မာနိုင်ငံကနေ ရှာရင်ရမှာမဟုတ်တဲ့အတွက် VPN ကျော်ပြီး ရှာရပါလိမ့်မယ်။ ဒီနည်းကို ကျနော်တို့ ဒီမှာ ဖော်ပြပေးထားပြီးသားပါ။
(၂) ဒေါင်းလုဒ်ဆွဲပြီးသွားပြီဆိုရင် install လုပ်လိုက်ပါ။
(၃) app ကို ဖွင့်လိုက်ရင် ထိပ်နားမှာ ‘Go Live’ ဆိုတဲ့ button လေးတွေ့ပါလိမ့်မယ်။ နှိပ်လိုက်ပါ။ မပူပါနဲ့။ ဒီခလုတ်က live လွှင့်ဖို့ သက်သက်မဟုတ်ဘဲ၊ စခရင်ကို ဗီဒီယို record ပါ ရိုက်ထားနိုင်ပါတယ်။
ximg_5639705125828.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.QE6X9iHn4K
(၄) နောက်ထပ် window တစ်ခုကျလာရင် Next နှိပ်လိုက်ပါ။ ပြီးရင် ‘Record’ ဆိုတာ ရွေးပေးပြီး၊ ကိုယ် screencast ရိုက်ချင်တဲ့ဗီဒီယိုကို resolution ဘယ်လောက်နဲ့ ရိုက်မလဲဆိုတာ ရွေးလိုက်ပါ။ resolution များလေ ရုပ်ထွက်ပိုကောင်းလေဖြစ်ပြီး၊ ဖိုင်ဆိုက်ပိုကြီးသွားပါလိမ့်မယ်။ (တကယ်လို့ ကိုယ့် Youtube ချန်နယ်မှာ တိုက်ရိုက်လွှင့်ချင်တယ်ဆိုရင်လည်း Stream ဆိုတာရွေးပေးလို့ရပါတယ်။)
(၅) Record လုပ်လိုက်တာနဲ့ အခုဆို သင့်ဖုန်း စခရင်မှာ ပေါ်နေသမျှကို ဗီဒီယို record လုပ်ထားမှာပါ။ ဖုန်း မိုက်ခရိုဖုန်းကနေလည်း အသံသွင်းထားမှာဖြစ်တာကြောင့်၊ ကိုယ့်အသံနဲ့ ဘေးနားကအသံတွေပါ ဗီဒီယိုမှာ ပါနေမှာဖြစ်ပါတယ်။
ximg_5639706269c12.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.UvG93NnnW1
(၆) စခရင် recorder က စခရင်အောက်နားမှာပေါ်နေမှာဖြစ်ပြီး၊ ဒီပုံလေးကို ဖုန်းစခရင်ကြိုက်တဲ့နေရာကို ဆွဲပြောင်းထားလို့ရပါတယ်။ ကိုယ် ဗီဒီယို record လုပ်လို့ပြီးရင် Stop ခလုတ်လေးကို နှိပ်လိုက်ပါ။
ximg_563970d61a055.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.OSBEmXZBND
Stop လုပ်လိုက်ပြီးရင် Youtube Gaming app က သင့်ကို Youtube Channel မှာတင်ခိုင်းပါလိမ့်မယ်။ back လုပ်လိုက်ပါ။ ဒါဆို သင် record လုပ်ထားတဲ့ ဗီဒီယိုက ဖုန်း internal storage ထဲက၊ Movies/Screencasts ဆိုတဲ့ ဖိုင်ထဲရောက်သွားပါလိမ့်မယ်။
ximg_5639709dd31bc.png.pagespeed.gp+jp+jw+pj+js+rj+rp+rw+ri+cp+md.ic.RqDMVzLowd

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com