4/26/2016

♪ Leica ကင်မရာနှစ်လုံးတွဲမပါဘဲ၊ ဈေးပိုသက်သာသွားတဲ့ Huawei P9 Lite ဖုန်း ထွက်ရှိ ♫


Huawei ရဲ့ နောက်ဆုံးထွက်ထားတဲ့ P9 ဖုန်းရဲ့ နောက်မော်ဒယ်ဖြစ်တဲ့ P9 Lite ဖုန်း တရားဝင်ထွက်ရှိလာပါပြီ။
ပြီးခဲ့တဲ့သောကြာနေ့က ဂျာမနီနိုင်ငံမှာ တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး၊ မေလ ထဲ စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Huawei P9 ဖုန်းထက် ဈေးအများကြီးနည်းသွားပေမယ့်၊ တန်ဖိုးကြီး P9 ဖုန်းနဲ့ specs တော်တော်များများ တူတာကိုလည်း တွေ့ရပါတယ်။
P9 Lite ဖုန်းဟာ ၅.၂ လက်မအရွယ် full-HD (1080×1920 pixels) မျက်နှာပြင်၊ Android 6.0 Marshmallow စနစ်နဲ့ ဖြစ်ပြီး၊ Huawei ရဲ့ Emotion 4.1 UI အသုံးပြုထားပါတယ်။ ပရိုဆက်ဆာပိုင်းမှာလည်း octa-core Kirin 650 ပရိုဆက်ဆာကို သုံးထားပြီး၊ RAM က 3GB ပါရှိပါတယ်။ ဖုန်းတွင်း storage အနေနဲ့ 16 GB အထိ ပါရှိသလို၊ microSD ကတ် 128GB အထိလည်း ထပ်စိုက်နိုင်ပါသေးတယ်။
P9 ရယ် P9 Plus ဖုန်းရယ်နဲ့ အဓိကမတူညီတာကတော့၊ နာမည်ကျော် Leica ကင်မရာနှစ်လုံးတွဲ မပါဝင်လာဘဲ၊ 13-megapixel ကျောကင်မရာတစ်လုံးနဲ့ 8-megapixel ရှေ့ကင်မရာပဲ ပါဝင်ပါတယ်။
Lite ဖုန်းဆိုပေမယ့်၊ ဈေးက ၄ သိန်းလောက်ရှိတာကြောင့်၊ လက်ဗွေရာဆန်ဆာကိုလည်း ဖုန်းကျောဘက်မှာ ထည့်သွင်းထားပါတယ်။ ဘက်ထရီကတော့ P9 လိုပဲ 3000mAh ဘက်ထရီနဲ့ပါ။
Huawei P9 Lite ဖုန်းကို ဥရောပဈေးကွက်အပြင်၊ တခြားကမ္ဘာ့ဈေးကွက်ဆီပါ တင်ပို့ရောင်းချသွားမလား ဆိုတာကိုတော့ ကုမ္ပဏီက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။
huawei_p9_lite_front

Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com