4/10/2016

♪ “Samsung Galaxy A9 Pro 2016 ကို တရုတ်တွင် မိတ်ဆက်” ♫


Samsung က ယခင်နှစ် ဒီဇင်ဘာလမှာ တရုတ်တွင် Galaxy A5 (2016) နဲ့ Galaxy A7 (2016) တို့ကို မိတ်ဆက်ခဲ့ သလို Galaxy A8 ရဲ့ မျိုးဆက် Galaxy A9 (2016) ကိုလည်း ကြေညာခဲ့ပါတယ်။ အခြား Galaxy A 2016 Device များကို မကြာမီက အခြားနိုင်ငံများမှာ မိတ်ဆက်ခဲ့ပေမယ့် Galaxy A9 (2016) ကိုတော့ တရုတ်မှာသာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ယခုအခါ Samsung က Galaxy A9 Pro (2016) ကို တရုတ်မှာ ကြေညာလိုက်ပါ တယ်။ A9 Pro (2016) ဟာ ဒီဇိုင်းအပိုင်း မှာ A9 (2016) နဲ့ တူညီပါတယ်။ A9 Pro (2016) မှာ ၆ လက်မ Full HD Super AMOLED Display တပ်ဆင် ထားပါတယ်။ နောက်ဆုံးထုတ် Android 6.0.1 Marshmallow ကို Samsung TouchWiz UI နဲ့ ပေါင်းစပ်ထားပါတယ်။ 1.8GHz Octa-Core Processor တပ်ဆင်ထားတဲ့ Qualcomm Snapdragon 652 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။

Galaxy A9 မှာ 3GB RAM သာ တပ်ဆင်ထားပြီး A9 Pro မှာ 4GB RAM တပ်ဆင်ထားပါတယ်။ A9 Pro မှာ 32GB Storage ပါရှိပြီး microSD Card ဖြင့် Storage ကို တိုးချဲ့နိုင်ပါတယ်။ အနောက်ဘက်မှာ 16MP Camera နဲ့ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားတာက A9 နဲ့ တူညီပါတယ်။ အရွယ်ကြီးမားတဲ့ 5000mAh Battery တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်း ကောင်းမွန်ပါတယ်။

 Dual-SIM Phone ဖြစ်ပေမယ့် SIM Slot တစ်ခုကို microSD Card နဲ့ မျှဝေ အသုံးပြုရမှာပါ။ Fingerprint Sensor ပါရှိပြီး အဖြူ၊ ပန်း၊ နှင်းဆီရွှေ အရောင်များ ရွေးချယ်နိုင်ပါတယ်။ ဒေါ်လာ ၅၄၀ တန်ကြေးရှိပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com