4/10/2016

♪ “KENBO Dream One (B18)” ♫


KENBO မှ ဖုန်းအသစ်များကိုလည်းမကြာခဏမိတ်ဆက်ပေးပြီး ယခု ဖုန်းကတော့ Aircraft Grade Aluminiumကိုယ်ထည်ကိုအသုံးပြုထားတဲ့ KENBO B18 ဖြစ်ကာပုံစံကသေသပ်လှပတဲ့အပြင် ပေါ့ပါးကာ ကျစ်လျစ်မှု တွေကဆန်းသစ်တဲ့အမြင်ကိုရရှိစေမှာပါ။ ကိုယ်ထည်အထူမှာ5.1mm သာရှိတဲ့ အတွက်အပါးလွှာဆုံးဖုန်းအမျိုးအစားလို့ပင် ပြောလို့ရနိုင်ပါတယ်။

ကျစ်လျစ်မာကျောတဲ့ ကိုယ်ထည်နဲ့ ပြုလုပ်ထားတဲ့အတွက် ကြမ်းတမ်းမှု ဒဏ်ခံနိုင်တဲ့အပြင် ဘက်ထရီက2000mAh သာပါဝင်ပေမယ့် တစ်နေ့လုံး ဓာတ်ပုံရိုက်ကူးမှုကိုကောင်းစွာပြုလုပ်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ကွေးခေါက် နိုင်တဲ့ Gorilla Glass 3 ကိုယ်ထည်နဲ့ AMOLED မျက်နှာပြင်ကိုအချိုးအစားကျ လှပအောင် ပေါင်းစပ်ဖန်တီးပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစားမှာ ၄ ဒဿမ ၈ လက်မအကျယ်ရှိတဲ့အပြင် အလျား141.9mm ၊ အနံ68.1mm ရှိပါတယ်။

ဖုန်းမျက်နှာပြင်အပေါ်ဘက်မှာအရည်အသွေးကောင်းမွန်တဲ့ 5MPကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာတပ်ဆင်ပေးထားပါတယ်။ ကင်မရာရိုက်ကူးမှုပိုင်းနဲ့ပတ်သက်၍ အဆင်ပြေစေရန်အတွက်လည်း Panorama, Night shoot, Wide Selfieနှင့် Beauty Camera စသောစနစ် များကိုထည့်သွင်းပေးထားပါတယ်။ HD AMOLED မျက်နှာပြင် အမျိုးအစား ကိုအသုံးပြုထားတဲ့အပြင် ရုပ်ထွက် HD 1280 x720pixels အထိရရှိမှာဖြစ် ပါတယ်။

ထည့်သွင်းပေးထားတဲ့ ဘက်ထရီရဲ့စွမ်းရည်ကြောင့် 2Gကွန်ရက်မှာ ၁၁နာရီ၊ 3Gကွန်ရက်မှာ ၁၅ နာရီဝန်းကျင် ဖုန်းဆက်တိုက်ပြောဆိုနိုင်ပါလိမ့်မယ်။ RAMပမာဏကို2GB ထည့်သွင်းပေးထား ပါတယ်။ မြန်မာဘာသာအပါအ၀င် ဘာသာစကားအမျိုးအစားပေါင်း (၂၀)ခန့်ကိုKeyboard အဖြစ်အသုံးပြုနိုင် ရန် ဖန်တီးပေးထားပါတယ်။ Kenboစမတ်ဖုန်းများကို ၀ယ်ယူသည့်အခါတွင် လည်းဖုန်းအမျိုးအစားပေါ်မူတည်၍ လက်ဆောင်ပစ္စည်းများရရှိနိုင်ပါတယ်။

<Specification>
Network - 2G, 3G, 4G
Screen - 4.8 inches
Memory - 16GB
Bluetooth - Yes
OS - Android OS, v5.0
Camera - 8 MP
Contact - 09-258451418
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com