2/05/2016

♪ “ Gionee မှ Marathon M5 Mini အား တရားဝင်ပြသ “ ♫


ယခင်လက Marathon M5 Lite အား ပြသခဲ့ပြီးနောက် ယခုအခါ Gionee သည် Marathon M5 Mini အား ထုတ်ဖော်ပြသသွားခဲ့သည်။ ၅ လက်မအရွယ် 1280 x 720 pixels IPS display ပါဝင်ပြီး MediaTek MT 6580 SoC အား သုံးစွဲပေးထားသည်။

Marathon M5 Mini တွင် RAM 2GB ပါဝင်ပြီး Storage 16GB ပါဝင်ကာ micro SD ဖြင့် ထပ်မံမြှင့်တင်နိုင်မည်ဖြစ်သည်။ ကြီးမားသော 4000mAh ဘက်ထရီအား သုံးစွဲပေးထားသည်။ ကင်မရာအရ M5 Mini တွင် ကျောဘက်၌ 8MP နှင့် ရှေ့ဘက်တွင် 5MP ကင်မရာပါဝင်သည်။ 143.5 x 71 x 9.6 mm အရွယ်အစားရှိပြီး Android 5.1 Lollipop OS အား Gionee ၏ Amigo UI 3.1 ဖြင့် အားဖြည့် ပေးထားသည်။ 

Connectivity အရ 3G, GPS, Bluetooth နှင့် WiFi တို့ပါဝင်သည်။ Gionee M5 Mini သည် မူလ M5 အားချုံ့ထားသော Version အဖြစ်မှတ်ယူနိုင်ပြီး M5 ကဲ့သို့ပင် ထိရောက်မှုရှိကာ ကုန်ကျစရိတ် ပိုမို သက်သာစေမည်ဟုဆိုသည်။ M5 ၏ နောက်ဆက်တွဲဖြစ်ပြီး နိုက်ဂျီးရီးယား၌လည်း ရောင်းချလိမ့်ဦးမည်ဟု သိရသည်။ သို့သော် M5 Mini ၏ ဈေးနှုန်းကိုမူ ကြေညာခဲ့ခြင်း မရှိခဲ့ပေ။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com