2/05/2016

♪ “ ထိုင်းရဲဌာန Sites များကို ဟက်ကာများမှ တိုက်ခိုက် “ ♫


ဟက်ကာများစုစည်းထားသည့် Anonymous သည် ထိုင်းရဲအားတိုက်ခိုက်မည်ဟု ကြော်ငြာပြီးနောက် websites များစွာကို တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ အဓိကမှာ Koh Tao ကျွန်းတွင် လူသတ်မှုဖြင့် အဖမ်းခံ နေရသော မြန်မာလူငယ်နှစ်ဦးအတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းသိရသည်။ ဟက်ကာအဖွဲ့သည် ထိုင်းရဲ website link ၁၅ခုကိုတင်ခဲ့ပြီး ထိုင်းရဲ e-mail များလည်းပါဝင်ခဲ့ကာ ၎င်း၏အဖွဲ့ဝင်များကို hack လုပ်ရန် တောင်းဆိုခဲ့သည်။

ဗုဒ္ဓဟူးနေ့က website ၇ခု လုံးဝရပ်ဆိုင်းသွားခဲ့ပြီး link နှစ်ခုတွင် အမည်းရောင် screen ပေါ်၌ "Failed Law We want Justice" ဟူသည့် အဖြူရောင်စာသားကို တွေ့ကြရသည်။ Anonymous ၏ အမှတ်အသားအပြင် "Blink hacker group" ဟူသည့် စာသားကိုပါတွေ့ ကြရသည်။ Anonymous သည် အ ပြည်ပြည်ဆိုင်ရာ network ဖြစ်ပြီး ဟက်ကာအဖွဲ့များစွာနှင့် အလုပ်လုပ်ကြောင်း သိရသည်။ Facebook page တွင်တင်ခဲ့သော ၃၇ မိနစ်ကြာသည့် ဗီဒီယို၌ Anonymous မှ ထိုင်းရဲသည် ခရီးသွားလုပ်ငန်း မထိခိုက်စေရန် အခြားနိုင်ငံမှ အလုပ်သမားကို အပြစ်ပုံချခဲ့ခြင်းဟုဆိုခဲ့သည်။

လက်ရှိ Koh Tao အမှုအားသဘောမကျသလို ထိုင်းတရားရုံးမှ စစ်မှန်သည့်တရားခံအား အပြစ်ချခဲ့ခြင်းဟု မယုံကြည်ကြောင်း ဗီဒီယိုထဲတွင်ဆိုခဲ့သည်။ ထိုင်းရဲ ဌာနမှ ပြောရေးဆိုခွင့်ရှိသူ Dechnarong ကမူ ဟက်ကာများကို ရဲအဖွဲ့မှ ခြေရာခံလျက်ရှိကြောင်း ပြောဆို ခဲ့သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com