2/23/2016

♪ ရေစိုဒဏ်ခံနိုင်စွမ်းနဲ့ ကင်မရာပိုင်းမှာပိုမိုအဆင့်မြင့်လာတဲ့ ‪#‎Galaxy‬ S7 နဲ့ ‪#‎S7‬ edge ♫


တောင်ကိုရီးယားအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူ Samsung ဟာသူတို့ရဲ့၂၀၁၆မျိုးဆက်သစ်စမတ်ဖုန်းလို့ သတ်မှတ်နိုင်တဲ့ Galaxy S7နဲ့ S7 edge တို့ကိုဘာစီလိုနာမှာ ကျင်းပနေတဲ့MWC မှာမိတ်ဆက်ပြသခဲ့ပါတယ်။ တက်ရောက်လာသူများကို Gear VR ဝတ်ဆင်စေ၍ ရုပ်ကြွစနစ်ဖြင့် မိတ်ဆက်ပြသခဲ့ခြင်းပွဲအတွက် ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ ဖေဖော်ဝါရီ၂၁ရက် နေ့ က ပြုလုပ်ခဲ့တဲ့ Unpacked ၂၀၁၆နဲ့အတူ မိတ်ဆက်ပွဲကို ခမ်းနားစွာကျင်းပခဲ့ပြီး နောက်ဆုံးထွက် android OS၊ကင်မရာလုပ်ဆောင်ချက်အ ဆင့်မြှင့်တင်လာမှုနဲ့ ရေစိုဒဏ်ခံနိုင်စွမ်းတွေ ပါဝင်လာ ခဲ့ပါတယ်။ 




Samsung Galaxy S7 ဟာ Screen မျက်နှာပြင်အကျယ် ၅.၁ လက်မ ရှိပြီး၊ Samsung Galaxy S7 edge ကတော့ ၅.၅ လက်မ ရှိပါတယ်။ပြီးခဲ့တဲ့နှစ်က ထွက်ရှိထားခဲ့တဲ့စမတ်ဖုန်းတွေထက် မျက်နှာပြင်ပိုင်းမှာလည်း ပိုမိုကြီးမားလာပါတယ်။Samsung Galaxy S7 နဲ့ S7 Edge တို့ရဲ့ Screen ၂ ခုလုံးကို 2560x1440 pixel အရည်အသွေးရှိတဲ့ Super AMOLED screen တွေတပ်ဆင်ပေးထားတာကြောင့်ရုပ်ထွက်ကြည်လင် ပြတ်သားနေမှာပါ။ နောက်ထပ် အရေးပါတဲ့ ပြောင်းလဲမှုတစ်ခုအဖြစ် အသစ်ထွက်ရှိလာမယ့် Galaxy S7 နဲ့ S7 edge တို့ရဲ့ ကင်မရာတွေမှာ အလင်းအားနည်းချိန် အထူးကောင်းမွန်တဲ့ ဓါတ်ပုံများရိုက်ကူးနိုင်ဖို့ F1.7 Lenses ကို အသုံးပြုပေးထားပါတယ်။ အသစ်ထည့်သွင်းပေးလိုက်တဲ့ Motion Panorama ဖြင့် သက်ဝင်နေသော မြင်ကွင်း ကျယ်ပုံရိပ်များကို မှတ်တမ်းတင်ထားနိုင်ပြီး ပိုကြီးတဲ့ Pixel ပမာဏကို သုံးစွဲပေးထားလို့ ပိုကောင်းတဲ့ပုံရိပ်တွေကို ရရှိမှာပါ။ ယခင်က Professional Camera များတွင်သာအသုံးပြုလေ့ရှိတဲ့ လူ့မျက်စိ နှစ်ဖက် အသွင် Dual-Photodiode စနစ်ကြောင့် အထူးလျင်မြန်စွာ Focus ချိန်ညှိပေးနိုင်ပါတယ်။


 ရှေ့ကင်မရာ 5MP နှင့် ကျောဘက်ကင်မရာ 12MP တို့ အသီးသီး ပါဝင်ပါတယ်။ Galaxy S7 နဲ့ S7 edge မှာ ကင်မရာကို ဖုန်းကိုယ်နဲ့ တစ်သားတည်း ဖြစ်အောင်ပြု လုပ်လိုက်တာကြောင့် ကင်မရာမှအစင်း ရာထင်တာတွေ ဖြစ်တော့မှာမဟုတ်ပါဘူး။ Processor ကို ဗားရှင်း နှစ်မျိုးထုတ်ထားပါတယ်။တမျိုးက Qualcomm Snapdragon 820 ကို သုံးထားတာပြီး တစ်မျိုးက Ocat Core 2.3 GHz quad နောက် တစ်မျိုးက 1.6 GHz quad ရှိပါတယ်။ 64 Bit processor ကိုပဲ အသုံးပြုထားခြင်း ဖြစ်ပါတယ်။ CPU ရဲ့စွမ်းဆောင်နိုင်မှုဟာ Samsung Galaxy S6 ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်ပြီး GPU ကတော့ 64 ရာခိုင်နှုန်း ပိုမြန်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Galaxy S7 နဲ့ S7 edge တို့မှာ ဖုန်းပူခြင်း လျှော့ချနိုင်ဖို့ Cooling System အသစ်ကို အသုံးပြုထားပြီး ကြာရှည်အသုံးပြုနိုင်ဖို့ ဘက်ထရီအား ကို Galaxy S7 အတွက် 3000mAh နဲ့ S7 edge အတွက် 3600mAh အသီးသီး အသုံးပြုထားလို့ Gamer များ၊ အင်တာနက် သုံးစွဲသူများနဲ့ ဖုန်းအားခဏခဏမသွင်း လိုသူများအတွက် နှစ်သက်စရာဖြစ်မှာပါ။

 S6 နှင့် S6 edge မှာတုန်းက Micro SD Card ထည့်ဖို့ Slot ထည့်သွင်းမပေးခဲ့ သော်လည်း Galaxy S7 နဲ့ S7 edge တို့မှာ microSD Slot ကိုလည်း ထည့်သွင်းပေးထား တာကိုတွေ့ရပါ တယ်။ အသစ် မိတ်ဆက်လိုက်တဲ့ Galaxy S7 နဲ့ S7 edge တို့ဟာ IP68 ရေစိုနဲ့ဖုန်ဒါဏ်ကို အထူးခံနိုင်ရည်ရှိပြီး၊ အတွင်းသို့ မဝင်ရောက် နိုင်အောင် အထူးပြုလုပ်ထားပါတယ်။

Credit to ==> Mobile Guide Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com