2/23/2016

♪ Huawei က လက်တော့၊ တက်ဘလက် နှစ်မျိုးသုံးMateBookကိုမိတ်ဆက် ♫


Huawei က 2-in-1 Device ဖြစ်သောMateBookကိုမိတ်ဆက်လိုက်ပါသည်။ အနောက်ဘက်နှင့် ဘေးဘက်ဘောင်များကိုသတ္တုများဖြင့် ပြုလုပ်ထားသဖြင့် အဆင့်အတန်းမြင့်သည့် ဒီဇိုင်းဖြစ်ပါသည်။ Huawei MateBookတွင် ၁၂ လက်မ LCD Display ( 2160x1440 Pixels Resolution ) တပ်ဆင်ထားပြီးတစ်လက်မလျှင် Pixels သိပ်သည်းဆမှာ ၂၁၆ ဖြစ်ပါသည်။ မျက်နှာပြင်၏ ဘေးဘက်ရှိဘောင်များကိုသေးသယ်စေရန် ပြုလုပ်ထားသဖြင့် လှပပါသည်။


MateBookသည် ၆.၉ မီလီမီတာအထူရှိပြီး ၆၃၀ ဂရမ် အလေးချိန်ရှိပါသည်။ Intel 6th-Gen Core M Processors မောင်းနှင်မည်ဖြစ်ပြီး Windows 10 ထည့်သွင်းထားပါသည်။ ရေစက် ရေပေါက်များ၏ ဒဏ်ကိုခံနိုင်ပါသည်။ 4430mAh Battery က တစ်ခါအားသွင်းထားလျှင် ၉ နာရီကြာအလုပ်လုပ်ခြင်း၊ ဗီဒီယိုများ ကြည့်ခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

တက်ဘလက်နှင့် ကီးဘုတ်ကိုတွဲဖက် ရောင်းချမည်ဖြစ်ပြီးအခြေခံမော်ဒယ်၏ ဈေးနှုန်းမှာဒေါ်လာ ၆၉၉ ဖြစ်ပါသည်။ 8GB RAM နှင့် 512GB SSD Storageပါရှိပါသည်။ ဈေးအကြီးဆုံးMateBookတွင် Intel Core M7 , 8GB RAM, 512GB SSD ပါရှိပြီးဒေါ်လာ ၁၅၉၉ သတ်မှတ်ထားပါသည်။

ဒစ်ဂျစ်တယ် ကညစ်တံMatePen , MateDock အပါအ၀င် အခြား Accessories များကိုလည်းရောင်းချမည်ဖြစ်သည်။ ကညစ်တံတွင် ခလုတ်များပါသကဲ့သို့ Laser Pointer အဖြစ်လည်းအသုံးပြုနိုင်ပါသည်။ ကညစ်တံကိုဒေါ်လာ ၅၉ နှင့် MateDockကိုဒေါ်လာ ၈၉ ဖြင့် ရောင်းချမည်ဖြစ်ပြီး Dock တွင် USB-A, USB-C, micro USB, Ethernet, Battery Pack တို့ ပါရှိပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com