တရုတ်စမတ်ဖုန်းကုမ္ပဏီတွေထဲမှာ 
နာမည်အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ ကမ္ဘာ့မိုဘိုင်းဖုန်း 
ဈေးကွက်ထဲကို Mi 5 ဖုန်းနဲ့ ထိုးဖောက်ဝင်ရောက်လာပါပြီ။
Xiaomi ဟာ ကုမ္ပဏီရဲ့ နာမည်ကျော် Mi စီးရီးရဲ့
 နောက်ဆုံးမျိုးဆက် Mi 5 ဖုန်းကို မနေ့ညက ကမ္ဘာ့မိုဘိုင်းကွန်ဂရက်မှာ 
စတင်မိတ်ဆက်ပြသခဲ့ပြီး၊ ဒီဇိုင်းပိုင်းအကြီးအကျယ်ပြောင်းလဲထားတာကို 
တွေ့ရပါတယ်။
Mi 5 ဟာ အရင် Mi ဖုန်းတွေထက် 
ဈေးအတန်ငယ်များသွားပေမယ့်၊ အသုံးပြုထားတဲ့ဟာ့ဒ်ဝဲ၊ဆော့ဖ်ဝဲတွေကို 
ကြည့်မယ်ဆိုရင်တော့ ဒီဈေးဟာ တခြားဖုန်းတွေနဲ့ယှဉ်ရင် 
အဆမတန်,တန်တယ်ဆိုတာကို တွေ့ရမှာပါ။
Mi 5 ဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးပေါ် 
Snapdragon 820 ပရိုဆက်ဆာကိုအသုံးပြုထားပြီး၊ ဒီပရိုဆက်ဆာရဲ့ ထူးခြားချက်က 
Qualcomm ရဲ့ Quick Charge 3.0 နည်းပညာကို အသုံးပြုနိုင်တာကြောင့်၊ ၃၅ 
မိနစ်အတွင်း ဖုန်းဘက်ထရီ ၈၀ ရာခိုင်နှုန်းအထိ မြန်မြန်သွင်းနိုင်ပါတယ်။
Sony က ထုတ်လုပ်ထားတဲ့နောက်ဆုံးပေါ် 
16-megapixel ကင်မရာဆန်ဆာကို Mi 5 ဖုန်းမှာ အသုံးပြုထား တာကြောင့်၊ 
ကင်မရာရဲ့အရည်အသွေးက ထိပ်တန်းအဆင့်ပါပဲ။
Xiaomi Mi 5 ဖုန်းကို ဗားရှင်းသုံးမျိုး 
ရွေးချယ်ဝယ်ယူနိုင်ပြီး၊ သာမန်ဗားရှင်း Xiaomi Mi 5 မှာ LPDD4 RAM 3GB ၊ 
ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု 32 GB တို့ပါရှိပါတယ်။ ဒီဗားရှင်းကတော့ 
သုံးသိန်းရှစ်သောင်းလောက် ရှိမှာဖြစ်ပါတယ်။ အရင် Mi 
ဖုန်းတွေနဲ့ယှဉ်မယ်ဆိုရင်တော့ ဈေးအတန်ငယ်များတာတွေ့ရပါတယ်။ 64 GB 
ဗားရှင်းကတော့ လေးသိန်းသုံးသောင်းလောက် ရှိမှာဖြစ်ပါတယ်။
Xiaomi Mi 5 Pro ဖုန်းကတော့ 
တကယ့်အမိုက်စားဖုန်းဖြစ်ပြီး၊ ဖုန်းတွင်းဒေတာသိမ်းဆည်းနိုင်မှု (inbuilt 
storage) 128 GB အထိ ပါဝင်မှာဖြစ်ပါတယ်။ ဒီဖုန်းကတော့ 
မြန်မာငွေငါးသိန်းလောက် ကျပါလိမ့်မယ်။
Mi 5 ဖုန်းသုံးမျိုးလုံးမှာ microSD ကတ် ထပ်စိုက်နိုင်တာကြောင့်၊ ဒေတာတွေ ဒီထက်ပိုများများ သိမ်းချင်တဲ့လူတွေအတွက် အဆင်ပြေစေမှာပါ။
မျက်နှာပြင်က ၅.၁၅ လက်မ IPS LCD display 
ဖြစ်ပြီး၊ 1080p resolution ရှိပါတယ်။ Mi 5 ဖုန်းရဲ့ နောက်ထပ်ထူးခြားချက်ဟာ
 ဖုန်းမျက်နှာပြင်မှာ ဟုမ်းခလုတ်ပါဝင်လာတာဖြစ်ပြီး၊ ဒီဟုမ်းခလုတ်မှာတင် 
လက်ဗွေရာစနစ်ထည့်သွင်းထားတာကို တွေ့ရပါတယ်။
နာနိုဆင်းမ်ကတ်နှစ်ကတ်ထိုး သုံးစွဲနိုင်တဲ့ 
Mi 5 ဖုန်းဟာ ဘက်ထရီအား 3000mAh ရှိပြီး၊ NFC ၊ Wi-Fi ၊ Bluetooth တို့ 
ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
ဒီဇိုင်းပိုင်းမှာ Pro 
ဖုန်းရဲ့နောက်ကိုယ်ထည်ကို 3D ပိုလီခရစ်စတယ်သုံး ကြွေထည်ဖန်သားပြင် (3D 
ceramic glass နဲ့ ပြုလုပ်ထားပြီး)၊ ကျန်တဲ့ဖုန်းနှစ်လုံးကတော့ 
အထူးပြုလုပ်ထားတဲ့ ဖန်သားပြင်ကိုယ်ထည် ပါရှိမှာဖြစ်ပါတယ်။
Android 6.0 Marshmallow စနစ်အခြေခံ၊ MIUI 7 
OS အသုံးပြုထားတဲ့ Xiaomi Mi 5 ဖုန်းကို တရုတ်နိုင်ငံမှာ မတ်လ ၁ ရက်နေ့က 
စတင်ကာ ရောင်းချသွားမှာဖြစ်ပြီး၊ ကျန်တဲ့နိုင်ငံတွေကို 
ဘယ်အချိန်ရောက်မလဲဆိုတာကို တော့မသိရပါဘူး။ အဖြူရောင်၊ အနက်ရောင်၊ 
ရွှေရောင်နဲ့ နှင်းဆီရောင်ဆိုပြီး အရောင်လေးမျိုး ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။
Ref: Gadgets 360, GSM Arena
Credit to ==> Digital Times