2/24/2016

♪ OPPO F1 စမတ်ဖုန်း Rose Gold Color ပြည်တွင်း ဈေးကွက်သို့ မတ်လတွင် ဝင်ရောက်မည် ♫


OPPO မှ ၂၀၁၆ ခုနှစ်အတွက် ၄င်းတို့၏ ပထမဆုံး ခြေလှမ်းသစ်အဖြစ် အကောင်းဆုံး Selfie ဖုန်းဟုခေါ်ဆိုနိုင်သော F1 စမတ်ဖုန်းကို မိတ်ဆက်ခဲ့သည်။  F1 စမတ်ဖုန်းကို ရွှေရောင်နှင့် Rose Gold ဟူ၍ အရောင်နှစ်မျိုး ထုတ်လုပ်ခဲ့ပြီး ရွှေရောင်ကို ဈေးကွက်တွင် ဖေဖော်ဝါရီ ၁၀ ရက်မှ စတင်ကာ ဝယ်ယူရရှိ နိုင်ခဲ့သော်လည်း Rose Gold ကိုမူ မတ်လ ဒုတိယပတ်ခန့်မှသာ စတင်ရောင်းချ မည်ဖြစ်ကြောင်း OPPO Myanmar ရုံးချူပ်မှ သိရသည်။

Selfie ဖုန်းဟု တင်စားထားသည့် အဆိုပါ စမတ်ဖုန်းတွင် သပ်ရပ်လှပသော selfie ဓာတ်ပုံများကို ဖမ်းယူနိုင်စေရန်အတွက် Wide f/2.0 aperture မှန်ဘီလူးနှင့် 1/4-inch sensor ပါဝင်သော 8 MP အရည်အသွေးမြင့် အရှေ့ဘက် ကင်မရာကို တပ်ဆင်ပေး ထားသည့်အတွက် သာမန် 5 MP အရှေ့ဘက် ကင်မရာများထက် ၃၀ ရာခိုင်နှုန်း ပိုမိုကြည်လင် ပြတ်သားသော ပုံရိပ်များကို ရရှိနိုင်မည် ဖြစ်သည်။ OPPO F1 သည် 4G နှင့် 3G ကွန်ယက် အမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် OPPO စမတ်ဖုန်း ဈေးကွက်ရရှိထားသည့် နိုင်ငံပေါင်း ၂၀ ခန့်တွင် မိတ်ဆက်သွားမည် ဖြစ်ကြောင်းသိရသည်။

F1 တွင် Qualcomm Snapdragon 616 series Octa-core ပရိုဆက်ဆာနှင့် 3GB RAM ကို ထောက်ပံ့ ပေးထားသည်။ သိုလှောင်မှုပမာဏက 16GB ဖြစ်ပြီး Micro SD Card စိုက်၍ 128 GB အထိတိုးမြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ F1 တွင် pixelnoise  လျှော့ချပေးမည့် ISOCELL sensor တစ်ခုနှင့်အတူ 13 MP ကျောဘက် ကင်မရာကို အသုံးပြုထားသည်။ အဆိုပါ ကင်မရာသည် ၀.၁ စက္ကန့်အတွင်း focus ဖမ်းပေးမည့် phase detection autofocus (PDAF) ကို ထောက်ပံ့ ပေးထားသည့် အတွက် SLR ကင်မရာ တစ်လုံး၏ အရည်အသွေးအတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။

 သုံးစွဲသူများအတွက် 50MP ဓာတ်ပုံများ ဖန်တီးပေးနိုင်မည့် Ultra-HD အပြင် Super Macro, HDR, Double Exposure, Slow Shutter, Super GIF စသည့် feature များဖြင့်လည်း ရိုက်ကူးနိုင်မည် ဖြစ်သည်။ F1 တွင် ၅ လက်မ အကျယ် မျက်နှာပြင်ကို အသုံးပြုထားပြီး F1 စမတ်ဖုန်းကို ဝယ်ယူမည်ဆိုပါက ဗူးအတွင်းတွင် Selfie Stick, Phone Stand, OTG Stick တို့ အပါအ၀င် လက်ဆောင်ပစ္စည်း ၈ မျိုးခန့် ပါဝင်လာမည် ဖြစ်ကြောင်း သိရသည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com