2/05/2016

♪ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာပြသာနာများ ♫


မေး - ကျွန်တော်ကိုင်တဲ့ဖုန်းက Huawei G730-U00 ပါ။ မေးချင် တာကဗျာ ညဘက်တွေမှာ ကိုယ့်ဖုန်းကို အချိန်အတိုင်းအတာ တစ်ခုထိ ကိုယ်ခေါ်စေချင်တဲ့ဖုန်းတွေကိုပဲ ခေါ်လို့ရအောင် လုပ် ထားလို့ရပါသလား။
ဖြေ - ဟုတ်ကဲ့။ အခုလိုမျိုး အချိန်အတိုင်းအတာတစ်ခုထိ ကိုယ် ခေါ်စေချင်တဲ့ဖုန်းတွေကိုပဲ ခေါ်လို့ရအောင် လုပ်ထားလို့ရပါတယ်။ လုပ်ပုံလုပ်နည်းကတော့ Setting ထဲက Do Not Disturb ကို On လိုက်ပါ။ ပြီးရင် Scheduled ကိုလည်း On လိုက်ပါ။ ပြီးရင် အချိန်သတ်မှတ်ပေး လိုက်ပါ။ ပြီးရင် Allowed Contacts ကိုနှိပ်လိုက်ပါ။ ADD ကိုနှိပ်ပြီး မိမိကို ခေါ်စေချင်တဲ့ Contancts တွေကို Select ပေးပြီး မှတ်သားနိုင်ပါတယ်။ ဒါဆိုရင်တော့ မိမိဖုန်းမှာ မိမိသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ မိမိ မှတ်သားထားတဲ့ Contactsတွေကပဲ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

မေး - Huawei ဖုန်းတွေရဲ့ Setting ထဲက Add Account ထဲမှာ Google Service မပါလို့ပါ။ Google Service ထည့်လို့ရပါသလား။
ဖြေ - ဟုတ်ကဲ့ပါ။ Google Service ကိုအသုံးပြုမယ်ဆိုရင် ပထမဦး ဆုံး မိမိဖုန်းမှာ Root ရှိရပါမယ်။ ပြီးရင် Google Service.apk ဆိုတဲ့ Software ကိုSD Card ထဲ Copy ကူးထည့်ပါ။ ပြီးရင် ဖုန်းက Recovery Mode ခ်ါပြီး Apply Update From SD Card ကိုနှိပ်ပြီး Install လုပ်ပေးလိုက် ရင် Setting ထဲက Add Account ထဲမှာ Google Service ပေါ်နေတာကို တွေ့ရပါလိမ့်မယ်။

မေး - ကျွန်တော်ကိုင်တဲ့ဖုန်းက Huawei G730-T00 ပါ။ အင်တာ နက်ကနေ Weed Firm ဆိုတဲ့ Game ကီု Download ချပြီး Install လုပ် လိုက်ပါတယ်။ Install လုပ်ပြီးတော့ ကစားမယ်ဆိုတော့ ကစား လို့မရပါဘူး။ အထဲကိုဝင်လိုက်ရင် Auto ပြန်ထွက်သွားပါတယ်။ ဘာဖြစ်လို့မရတာပါလဲ။
ဖြေ - ဟုတ်ကဲ့ပါ။ ဒါက Download ဆွဲလိုက်တဲ့ Weed Firm ရဲ့ Version နဲ့ လက်ရှိဖုန်းမှာ Run နေတဲ့ CPU နဲ့မကိုက်ညီလို့ပါ။ Weed Firm ရဲ့ Version က CPU ရဲ့အလုပ်လုပ်နိုင်စွမ်းထက်ကျော်လွန်နေတာကြောင့် ကစားလို့မရခြင်းဖြစ်ပါတယ်။ Weed Firm ရဲ့ Version အနိမ့်ပြန်အသုံး ပြုရုံနဲ့ အဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိအသုံးပြုတဲ့ဖုန်းကို ပြောင်းလဲအသုံးပြုဖို့ အကြံပေးချင်ပါတယ်။

 မေး - ကျွန်တော့် G6 Huawei ဖုန်းလေးပါဗျ။ အားသွင်းတော့ လည်း အားဝင်တာအရမ်းကြာတယ်။ ဒါတောင်မှ ၂% လောက် ပဲတက်တယ်။ အားသွင်းကြိုးဖြုတ်လိုက်တော့လည်း အားသွင်း တဲ့ပုံပြနေတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အစ်ကိုရေ Charger IC နဲ့ အဲ့ဒီအနီးနားက Component လေး တွေစစ်ပါ။ USB ခေါင်းနားတစ်ဝိုက်လည်းစစ်ပါဦးဗျ။ ဘာရှော့မှလည်း မတွေ့ရဘူးဆိုရင် Power IC ကိုအပူပေးပြီးလှုပ်ကြည့်ပါလား။ မရဘူး ဆိုမှ Power IC ဖြုတ်လဲပေးပါဗျ။ ကျွန်တော်ကတော့ Power IC လဲ လိုက်မှ အဆင်ပြေသွားတာဗျ။

 မေး - ကျွန်တော့်ဖုန်းက Y535 Huawei ဖုန်းပါ။ ကျွန်တော်ရေထဲ ပြုတ်ကျပြီး ပြန်သုံးနေတာပါ။ အားသွင်းကြိုးထိုးထားပြီးမှ သုံးလို့ရတယ်။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အစ်ကိုရေ Battery လဲကြည့်ပါ။ အဆင်မပြေဘူးဆိုရင် USB ခါင်းကိုသန့်ရှင်းအောင် သေချာဆေးကြည့်ပါ။ မကောင်းပါက အ သစ်လဲပါ။ Charger IC မကောင်းရင်လည်း ဖြစ်တတ်ပါတယ်။ ကျွန် တော် အဲ့ဒါတွေအကုန်လဲဖူးပါတယ်။ အဆင်ပြေတာတွေရှိပါတယ်။ နောက်ဆုံး Power IC PMU 8110 လဲပေးရတဲ့အထိမှ အဲ့ဒီ Error ရှင်း ပေးဖူးပါတယ်။

 မေး - ကျွန်တော့်ဖုန်းက 7232 ဆိုတဲ့ Coolpad ဖုန်းလေးပါ။ ပါဝါသေနေတာပါ။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - ဖုန်းတစ်လုံးမှာ ပါဝါသေနေတယ်ဆို ဘယ်ကောင်လေးလဲ လိုက်ဆိုပြီး ကျွန်တော်ကတော့တန်းမပြောတတ်ပါဘူးဗျ။ Power သေ ဖို့က Component လေးတွေကြောင့်လည်းဖြစ်တယ်။ IC တွေကြောင့် လည်းဖြစ်တယ်။ Crystal Power Crystal ကြောင့်လည်းဖြစ်တတ်ဗျ။ ဒါ ကြောင့် စစ်ဆေးပြီးမှ ဘယ်ကောင်လေးကြောင့် Power သေတယ် ဆိုတာ ပြောလို့ရမှာပါ။ 7232 Coolpad ဖုန်းတစ်လုံးဆိုရင် Amper လက် တံ 0.3A လာက်မှာ ပြနေတယ်။ ငြိမ်နေတယ်။ Power Crystal လေး လဲလိုက်တာ အဆင်ပြေသွားတယ်ဗျ။

ဤကဏ္ဍအတွက် Today Mobile (ဖုန်း-၀၉-၇၃၀၃၃၉၆၆၊ ၀၉-၄၂၁၇၄၄၁၁၁ ) မှ ကူညီပံ့ပိုးပါသည်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com